မိုးရေစက်တို့နဲ့အတူ

103 10 2
                                    


             "Seok Matthew ၏ Solo Debut Album ထွက်ရှိခြင်း .... "

စသည့်ခေါင်းစီးတို့က သတင်းတွေရဲ့ထိပ်ဆုံးမှာ နေရာယူလို့ထားသည်။ အသံချိုချိုလေးအပြင်၊ အပြုံးချိုချိုလေးနဲ့ မက်သရူး၊ sexy ကျတဲ့ မက်သရူး၊ Oppa မက်သရူးစသည့်ဖြင့် Debut မလုပ်ခင်ကတည်းက နာမည်ကြီးလို့နေသည်။ အခုလည်း Debut showcase live အတွက် ပြင်ဆင်ထားသမျှ အစွမ်းကုန်ချပြလို့နေသည့် မက်သရူးအားကြည့်ပြီး မျက်ရည်ဝဲရသူက ထယ်ရယ်ပင်။ သူအဖြစ်ချင်ဆုံး ဆန္ဒတစ်ခုကို မက်သရူးအတွက်အကောင်အထည် ဖော်ပေးလိုက်နိုင်ပြီဖြစ်သည်။ သူ ရေးစပ်ထားတဲ့သီချင်းတွေကို stage ပေါ်မှာသီဆိုနေတဲ့ မက်သရူးက အလွန်ကြည့်ကောင်းလှသည်။

              "CEO လာပြီ ...... "

နောက်က Staff တစ်ယောက်ရဲ့ အသံကြောင့် ထယ်ရယ် မက်သရူးကိုကြည့်လို့ အတွေးတို့လွန်နေရာကနေ နောက်လှည့်ကြည့်လိုက်သည်။

အနက်ရောင်ရှပ်ကို အနက်ရောင် Style pants နဲ့ တွဲဝတ်ထားပြီး အပေါ်က အနက်ရောင် Long Coat  အရှည်နဲ့ တစ်ကိုယ်လုံးနက်ဆွေးနေသည့် ထယ်ရယ့်ရဲ့ နှစ်ယောက်မရှိပါသော 'ရှန်' ပါပင်။ စတိုင်လ်ကျကျ လျှောက်လာသည့် ခြေလှမ်းတိုင်းက သူ့ကိုသူ RunWay လျှောက်နေသလိုပင်။ တော်ရုံ ရိုက်ကူးရေးတွေကိုလာမကြည့်တတ်တဲ့ CEO ရောက်လာတာမို့ ဝန်ထမ်းအားလုံး လှုပ်လှုပ်ရှားရှားဖြစ်သွားကြသည်။ ရိုက်ကွင်းတာဝန်ရှိသူတွေက CEO နားအပြေးသွားလို့ တင်ပြစရာရှိတာတင်ပြနေတဲ့ကြား သူ့ဆီတစ်ချက်လှမ်းလို့ ကြည့်လာသည့် ရှန်။

ထယ်ရယ် မျက်စောင်းတစ်ချက်ပိတ်ထိုးလို့ တစ်ခြားဘက်ကိုလှည့်လိုက်တော့သည်။ ဟုတ်တယ် ...သူ နဲ့ ရှန် ရန်ဖြစ်ထားတာ .....။


            "Congratulations မက်ချူးရားးး "

ဒီနေ့အတွက် Schedule တွေပြီးလို့ ပြန်ထွက်လာတဲ့ မက်သရူးအား ထယ်ရယ် အပေါက်ဝကာစောင့်ကာ ဆီးကြိုလို့ ပန်းစည်းပေးပြီး ပြေးဖက်လိုက်သည်။

           "ငါ့ သူငယ်ချင်းလေးရဲ့ ရည်မှန်းချက်တွေပြည့်သွားသလို ငါ့ဆန္ဒလည်း ပြည့်သွားပြီ အရမ်း အရမ်းပျော်တာပဲ ..."

You've reached the end of published parts.

⏰ Last updated: May 25 ⏰

Add this story to your Library to get notified about new parts!

Still With You [ COMPLETED ]Where stories live. Discover now