Part 16

1.7K 282 54
                                    

ပြေးထွက်လာခဲ့တာ။ မိုးရေထဲကို။ ခြေထောက်လည်း နာကျင်နေပြီး ဘယ်နေရာရောက်နေမှန်းလည်း မခန့်မှန်းတတ်တော့ဘဲ လူပြတ်လျက်လည်းရှိသေးသည်။ ညနေစောင်းတွင် မိုးအုံ့မှိုင်းကာ ရွာသွန်းနေခြင်းကြောင့် အမှောင်ရိပ်သန်းနေလေပြီး ကျွန်တော်တစ်ယောက်တည်း ကူရာမဲ့နေတာ။

"Taehyung...အသေးလေး။"

နောက်လှည့်ကြည့်လိုက်တော့ ထီးတစ်ချောင်းဖြင့် ကိုင်ကာ ကျွန်တော့်ကို ကြည့်နေသည့် Aarik။ ဝမ်းနည်းလွန်းသည့် စိတ်ကြောင့် ပိုငိုမိတော့တာဘဲ။ 

"အိမ်ပြန်ရအောင်။"

"အိမ်...ဘယ်အိမ်ကိုပြောနေတာလဲ။ ကျွန်တော့်အပေါ်ကို လုပ်ချင်ရာတွေလုပ်ပြီးမှ အိမ်လား...ဘာလို့လဲ။ခင်ဗျားစိတ်နဲ့ လာခေါ်တာလား...သူကတော့ ခေါ်မှာမဟုတ်ဘူးလေ။ကျွန်တော်က ဒီလိုဖြစ်ဖို့လား...ကျွန်တော်က အစစ်အမှန်တွေပေးခဲ့ပြီး ပြန်ရခဲ့တော့ အတုအယောင်တွေ။ ဘာကြောင့်လဲ..."

Aarik ကိုယ်တိုင်လည်း ပြောစရာစကားများမရှိတော့သလို ဘယ်လိုတောင်နှစ်သိမ့်ပေးရမလဲဆိုတာ တွေးရခက် နာရခက် မောရခက်ဖြင့်။

"ကျွန်တော်ကရော အချစ်ခံရဖို့ မထိုက်တန်လို့လား။ ကျွန်တော်လိုချင်တဲ့ အစစ်အမှန်တွေ ဂရုစိုက်ခြင်းတွေကို သူ့စီကနေ ရခဲ့တယ်ထင်ခဲ့တာ...မဟုတ်ခဲ့ဘူး...ကျွန်တော်ရူးမိုက်ခဲ့တာ..မှားခဲ့တာလို့...တစ်ခါလောက် အကုန်လုံး ကျွန်တော့်နေရာကို ဝင်ကြည့်ပေးကြပါလား!!! ကျွန်တော့်နေရာကနေလည်း ခံစားပေးကြည့်ကြလေ...ဘာလို့လဲဗျာ...ဟင့်...ကျွန်တော်လည်း လူပါဘဲ...ဘာလို့လဲ။..ကျွန်တော်ဘာတွေများလုပ်ခဲ့မိလို့လဲ...အင့်...ခင်ဗျားတို့အပေါ်ကို...ဒီလောက်အထိ မလုပ်ရက်ပါနဲ့...ကျွန်တော်နာကျင်လို့ပါ.."

ခြေလှမ်းတွေကိုရှေ့သို့ နှစ်သိမ့်ပေးချင်ပင်မဲ့အရာအားလုံးက ကိုယ့်တွေဘက်က မှားနေခဲ့တာမလား။ ဒီကလေးက ဘာမှမဆိုင် ဘာမှမသိဘဲ ကြားထဲကနေ ခံလိုက်ရတာ။

"မလာပါနဲ့...မလာပါနဲ့တော့ဗျာ...ဒီနေရာမှာ ကျွန်တော့်ကိုတွေ့ခဲ့တယ်ဆိုတာလည်း မေ့ပစ်လိုက်ပါ...Aarik ရာ...ကျွန်တော် ပြန်မသွားချင်ဘူး။"

The Criminal & Habibi (Rewrite) Where stories live. Discover now