အပိုင်း (၁)

34.6K 63 2
                                    

ဒီနေ့ပဲ ဆရာမငြိမ်း တယောက် တာဝန်ပြောင်းရွေ့ရာ နယ်ကျောင်းတခုကို စပြောင်းလာခဲ့ရတယ်။ကို့မြို့ ကို့ဒေသ မဟုတ်တော့ ပြောင်းရတာ အရာရာ စိတ်ထဲ အားငယ်မိသလိုပါပဲ။

ငြိမ်းအသက်က ၂၉ပါ မူပြဆရာမတဦးပါ။ငြိမ်က အိမ်ထောင်သည်တယောက်ပါ ငြိမ်းရဲ့ယောက်ကျား နာမည် ကတော့ ကိုနိုင် သူကလည်းဝန်ထမ်းတဦးပါပဲ ငြိမ်းတို့က လက်ထပ်ပြီး သိတ်မကြာခင်မှာပဲ
တာဝန်ကျရာ တနယ်စီ အလုပ်မှာ ခွဲနေခဲ့ကြရတယ် အခုလဲ နယ်ပြောင်း ရွေ့နဲ့ ထပ်ပီး နှစ်ယောက်စလုံး ဝေးနေခဲ့ကြပြန်တယ် ။

သူလဲ တာဝန်ကျရာ တခြားမြို့တခုမှာပေါ့ အတူတနေရာထဲ နေရဖို့ဆိုတာ
ဝန်ထမ်းလင်မယား တွေဆိုတော့ လဲ ဒီလိုပါပဲ။
ရောက်ရောက်ချင်းပါပဲ ငြိမ်းနေရမယ့် ကျောင်းဝန်းထဲက တခုတည်းသော ပင်မဆောင်ကို ကျောင်းက ဦးလေးကြီး တယောက်က ပစ္စည်းတွေ ဝိုင်းကူသယ်ပေးရင်း ငြိမ်းကို သူမ နေရမယ့် အခန်းနေရာကို လိုက်ပြပေးတယ်။

ဆရာမလေး ဒါဆရာမနေရမယ့် အခန်းပါ ကျောင်းဆောင် နဲ့က တွဲရက်ပါပဲ

ဦးလေး နာမည်က ဦးတင့်ပါ ဒီကျောင်းက ကျောင်းစောင့်ကြီးပေါ့

ဟုတ်ကဲ့ရှင့် ဦးလေး

ဆရာမလေး လိုအပ်တာရှိရင် အချိန်မရွေး ဦးတင့်ခေါ်ခိုင်းနိုင်ပါတယ် ဦးက ကျောင်းနောက်ဘက်က အဖီ အ အဆောင်မှာနေပါတယ်

ဟုတ်ကဲ့ရှင့်

လိုတာရှိ အချိန်မရွေး ပြောဖို့ ဦးလေးကြီး က မှာပြီး သူ့နေရာသူ ပြန်သွားခဲ့တယ်။

ငြိမ်း နေမယ့် အခန်းကို တချက်ကြည့်လိုက်တယ် တကျောင်းဆောင်လုံးမှာမှ သူမ တယောက်ထဲပဲ ရှိတယ်။ အခန်းကတော့ သက်သက်ရက်ရက်ပါပဲ။
နယ်ကျောင်းတွေဆိုတာတော့ ကျောင်းနဲ့အဆောင်ဆိုတာက အတူတူပါပဲ။ကျောင်းက အသစ်ဆိုတော့ စုစုပေါင်းမှ ငြိမ်းအပါ ဆရာမ ၂ဦးတည်းရှိတယ် တယောက်က ရွှာက ဆရာမတယောက်နဲ့လေ။အဲဒီ ဆရာမ က ရွှာခံဆိုတော့ သူ့အိမ် မှာ ပဲ သူနေတယ်။
ကိုယ့်တာဝန်ကျရာ ကျောင်းမှာပဲ စာသင်ရင်း ကိုနိုင်ရှိရာ မြို့ကို ပြန်ပြောင်းခွင့်ရဖို့ အချိန်တွေ စောင့်ရဦးမှာပါလား။

ဆရာမလေး ငြိမ်းWhere stories live. Discover now