(𝖴𝖭𝖨𝖢𝖮𝖣𝖤)

400 38 2
                                    

Song recommend: Lana Del Rey- Young and Beautiful

Mr.Binက Londanမြို့ရဲ့ သူဠေးတဦး။
သူက စံအိမ်ထဲမှာ သူသဘောကျတဲ့ပန်းပွင့်တွေကိုဝေဆာနေအောင် စိုက်ထားပြီး ထိုပန်းဥယျာဉ်ထဲမှာဘဲ တနေ့တာအချိန်ကုန်တတ်တယ်။ဂုတ်ကျော်နေတဲ့ဆံပင်ရှည်ရှည်တွေနဲ့ Mr.Binကိုတွေ့ဖူးသူတိုင်းက နတ်ဘုရားတပါးလို့ပြောကြတယ်။

တကယ်တော့Mr.Binကပကတိနူးညံ့တဲ့လူတယောက်၊ဒါပေမယ့် ဒီနူးညံ့မှူတွေကိုကွယ်ဝှက်ထားပြီးအေးစက်စက်ပုံစံကိုသာချပြထားသည်။မာယာများတဲ့ဒီLondonမြို့ထဲမှာတချက်မှားတာနဲ့ ဘဝတခုလုံးစုတ်ပြတ်သွားမှာမလွဲ။

ဒီနေ့ကတနင်္ဂ‌နွေနေ့။
Mr.Binကတနင်္ဂနွေနေ့ဆိုလျှင် ပန်းပင်တွေကြားထဲမှာအချိန်ကုန်လေ့ရှိတယ်။

"Mr သူရောက်နေပါတယ်"
"လွှတ်လိုက်"

အိမ်အကူအမျိုးသမီးကိုပြန်လွှတ်ရင်း
Mr.Binပန်းပင်တွေကိုကြည့်နေတဲ့အချိန်မှာဘဲနောက်ကနေရင်းနှီးခဲ့ဖူးတဲ့အသံကိုကြားလိုက်ရတယ်။

"ဘင်း"
"ကိုယ်တောင်းပန်ပါတယ်"
"ဒီတပတ်နဲ့ဆို9ပတ်မြှောက်ရှိပြီ ကိုယ့်ကိုယ်ခွင့်လွှတ်ပေးလို့မရဘူးလား"

တ‌နင်္ဂနွေနေ့တိုင်း Mr.Binဆီကိုလူတယောက်အမြဲရောက်လာတယ်။လွန်ခဲ့တဲ့2လထဲကပင်။
ထိုလူက Mr.Binရဲ့ ရည်းစားဟောင်း Mr.Anton။

Mr.Binထိုလူ့အသံကိုကြားတိုင်း အဲ့နေ့ကအဖြစ်အပျက်ကိုမျက်လုံးထဲကမထွက်။
မြို့လယ်ခေါင်က Clubတခုထဲမှာ သူ့ရဲ့ချစ်သူကတခြားကောင်လေးတယောက်ကိုပေါင်ပေါ်တင်ထားသည့်ပုံစံ။
ထိုနေ့မှစ၍ Mr.Binနဲ့သူ့ရဲ့ဆက်ဆံရေးကို Mr.Binဘက်မှစပြီးဖြတ်တောက်ခဲ့သည်

Mr.Antonကတော့ သူရဲ့နားရက်ဖြစ်တဲ့တနင်္ဂနွေနေ့တိုင်းအိမ်အထိလာပြီး တောင်းပန်တယ်။
အဲ့နေ့ကသူအသိစိတ်လွတ်သွားတာဖြစ်ကြောင်းနဲ့ အဲ့ကောင်လေးနှင့်မပတ်သတ်ကြောင်း။

"ကိုယ့်ကိုခွင့်လွှတ်ပေးပါဘင်းရယ်"
"ခွင့်လွှတ်ရမှာလား"
"May Be"
"အင်း ခွင့်လွှတ်တယ်"

Antonမမျှော်လင့်ထားတဲ့စကားကြောင့် အလွန်ပင်အံ့ဩစွံ့အသွားသည်။2လတိတိတောင်းပန်တာကိုလှည့်တောင်မကြည့်တဲ့အတွက် ဒီတသက်တော့ခွင့်မလွှတ်တော့ဘူးထင်ထားတာ။
အကယ်၍Binကခွင့်မလွှတ်ဘူးဆိုလျှင်လဲ တသက်လုံးBinကိုတောင်းပန်နေမှာ။

𝖬𝗋.𝖡𝖨𝖭 | ᴀɴʙɪɴWhere stories live. Discover now