1

663 57 23
                                    

"ကောကော‌ရေ! ကောကော!!...''

"ဘာလို့ အော်ကြီးဟစ်ကျယ်လုပ်နေတာလဲ အငယ်မ ''

ခြံထဲမှာ နှင်းဆီပန်းတွေရေလောင်းနေတုန်း အပြေးအလွှားလာရင်း ပါးစပ်ကလည်းအော်ဟစ်လာတဲ့ အငယ်မကြောင့် သူဟန့်တားမိသည်။ဟုတ်တယ်လေ မိန်းခလေးဖြစ်ပြီး အိန္ဒြေကိုမရဘူး.....

"ဟီး ကောကလည်း ညီမလေးကပျော်လို့ဟာကို ''

လက်မောင်းတစ်ဖက်ကိုလာချိတ်ကာ ခန္ဓာကိုယ်ကိုလည်းအငြိမ်မနေဘဲ လှုပ်ရွနေပြန်တာကြောင့် သူခပ်တည်တည်ပြန်ကြည့်လိုက်ပြီး.....

"ဘာလို့လဲ ''

"ညီမလေး Idol fan meeting တက်ခွင့်ရတယ် ''

အပျော်ကြီးပျော်နေတဲ့ ညီမဖြစ်သူကြောင့် သူမေးခွန်းပြန်ထုတ်မိသည်။

"ဘာထူးဆန်းလို့လဲ ''

"ကောနော် fangirlဆိုတဲ့ ခံစားချက်ကို နားမလည်ဘဲမပြောပါနဲ့ ဟွန့် ''

နှာရှုံ့ပြပြီး ကျောပေးသွားတဲ့ ညီမဖြစ်သူကြောင့် လက်ထဲကရေပိုက်ကို အောက်ချပြီး သူနဲ့မျက်နှာချင်းဆိုင်သွားရပ်ရပြန်သည်.....

"ဟော‌ဗျာ ဟုတ်ပါပြီ ကောမသိလို့နော် ကောမှားတာ ဟုတ်ပြီလား ''

"ညီမလေးကတော့ ကြီးလာရင် ယောကျာ်းမယူဘူး သိလား ''

"ပြောသမျှပေါ့ ''

သူ​ပြောလိုက်တဲ့စကားကြောင့် လက်မောင်းကိုတဖြတ်ဖြတ်လာရိုက်နေပြန်ပြီ... နင်ယောကျာ်းမယူတာဘဲကောင်းပါတယ် မဟုတ်ရင်လည်း နင့်လက်ထဲမှာ လုံးပါးပါးသွားမှာ.....

"ဟာ တကယ်ပြောတာပါဆို အချစ်ကပူလောင်တယ် အဲ့တာကြောင့်မို့ ညီမလေးချစ်တဲ့ idol ကိုဘဲ အစွမ်းကုန် ချစ်ပေးမယ် supportပေးမယ် ''

Idolကိုချစ်တော့ မပူလောင်ရလို့လား....ကိုယ်မြင်သလောက်တော့ idol dating သတင်းတွေကြားတိုင်း မစားနိူင်မသောက်နိူင် ပူလောင်နေတာသူမဟုတ်ဘူးလား.....

"အဲ့ကျတော့ ညီမလေးidol က ညီမလေးကိုသိရောလား ပြောပါအုံး ''

သူမေးလိုက်တော့ သူမျက်နှာကို တစ်ချက်မော့ကြည့်ပြီး သက်ပြင်းလေးချကာ နှင်းဆီရုံကြီးကိုကြည့်တို့ပို့ထားသည်။

Between Us Where stories live. Discover now