Falling in Love (အပိုင်း ၁)

1.9K 111 0
                                    

'နောက်လ ၂၅ရက်နေ့က ရက်ကောင်းတော့ မင်္ဂလာဆောင်ဖို့အတွက် အသင့်တော်ဆုံးနေ့ပဲ ဒေါ်လေးရဲ့' တူဖြစ်သူ သတို့သားလောင်း Suhoက မိန်းမရတော့မှာမို့လို့ မျက်နှာကြီးဖြီးပြီး အားရပါးရ ပြောနေသော်လည်း အဒေါ်ဖြစ်သူ Luhanမှာတော့ ပဲကြီးရေနွေးဖျော်ထားသော မျက်နှာဖြစ်နေလေ၏ Luhanစိတ်မကြည်လည်း မကြည်လောက်စရာပင် မင်္ဂလာကိစ္စဆိုတာ တကယ်တော့ စီနီယာအလိုက် သွားရမှာလေ။ ခုတော့သူ့ကို တူဖြစ်သူက ကျော်တက်သွားပြီ။ Suhoက စိတ်ညစ်နေတဲ့ ဒေါ်လေးအရှေ့မှာ အလိုက်မသိပါဘူး။ ကြောင်ကြီး ငါးကြော်ရတဲ့ မျက်နှာပေးနဲ့ 'ဒေါ်လေး လာမယ့်တနင်္ဂနွေကျရင် Sooကို ၀တ်စုံသွားရွေးပေးပါလားဟင် Sooက တနင်္ဂနွေတရက်ပဲပိတ်ရက် ဒေါ်လေးက အမြဲအားနေတာပဲဟာ' 'ဘာ ငါကသူ့နဲ့ ဘာလို့သွားရွေးပေးရမှာလဲ နင်နဲ့ယူမယ့်သူပဲဟာ နင့်ဘာသာလိုက်သွားပေါ့' 'ဟာ ဒေါ်လေးကလည်း ကျွန်တော့မှာက အလုပ်ကိစ္စနဲ့ ဇာတ်ကားအသစ်အတွက် ချိန်းထားတာရှိတယ်လေ ဒေါ်လေးရယ် လိုက်သွားပါ' 'မသွားချင်ပါဘူး သူ့ဟာသူ ရွေးပေ့စေ' နှုတ်ခမ်းထော်ပြနေသော Luhanမျက်နှာကြောင့် Suhoသဘောပေါက်သွားသည်။ 'အိုကေ သိပြီ ဟောဒီမှာ ဒီCardနဲ့ဆို လိုက်သွားပေးမယ်မလား' Luhan ထို Credit Cardကို မျက်လုံးလေးနဲ့ အနည်းငယ် ကဲပြီးကြည့်သည် 'အင်းလေ မအားပေမယ့် ကိုယ့်တူလေး မင်္ဂလာဆောင်အတွက်ပဲ လိုက်သွားပေးရမှာပေါ့ ဒါပေမယ့် နေ့တ၀က်ပဲ ရမှာနော်' Credit Cardကိုယူပြီး ကော့လန်ကော့လန်နဲ့ အပေါ်ထပ်တက်သွားသော ဒေါ်လေးဖြစ်သူကိုကြည့်ပြီး Suhoရင်မောမိ၏ Luhanသည် သူ့အဒေါ်ဖြစ်သော်လည်း အသက်အားဖြင့် ၂နှစ်သာ ကြီးသော မိခင်၏ညီမငယ်လေးဖြစ်၏ ငယ်ငယ်ကတည်းက အရမ်းဆိုးသဖြင့် Suho၏ မိခင်က သေခါနီးပင် သူ့ညီမကို စောင့်ရှောက်ရန် အတန်တန်မှာသွားရှာသည်။ Luhanသည် ရုပ်ကလေးက လှပသလောက် ဖလန်း ဖလန်းထပြီး ပြဿနာ အမြဲရှာတတ်သူဖြစ်၏ ကျောင်းသူအရွယ်ကတည်းက ရည်းစားအယောက်၂၀ တပြိုင်နက်ထားမိသဖြင့် အမောဆို့ကာ ဆေးရုံတောင်တက်ခဲ့ရသူ (တမျိုးမတွေးပါနှင့် အယောက်၂၀လုံးကို မေ့ပြီးတနေ့တည်း ချိန်းမိလို့ ဟိုသွား ဒီသွားနဲ့ အမောဆို့သွားရှာတာ) ထို့နောက်တွင်တော့ ရည်းစားများသည့် ကိစ္စပေါ်သွားကာ အယောက်၂၀လုံးနှင့် ပြတ်သွားတော့၏ Luhanဘယ်လိုပဲ အထာပေးပေး ပဲများပြပြ ရည်းစားတယောက်မှပင် မရတော့၊ အဘယ့်ကြောင့်ဆိုသော် သူ့ရည်းစားဟောင်းထဲမှ ခပ်ဆိုးဆိုးလူက Luhan မျက်နှာများတတ်ကြောင်းကို မောင်းခတ်ထားသဖြင့် သူ့ခမျာနာမည်ကြီး ထမင်းငတ် ဖြစ်သွားရှာ၏ ထိုနေ့မှ စကာ Luhanလည်း စိတ်တွေလေပြီး အရင်ကထက် ၂ဆဆိုးသွားသည် နေ့စဉ်ကလပ်တက်ကာ ဖလန်း ဖလန်း ထ၏ Suhoလည်း နိုင်သလောက်တော့ လိုက်ထိန်းရှာပါသည် သို့သော် Suhoက မကြာခင် ကိုယ့်အိမ်ထောင်နှင့် ကိုယ်ဖြစ်တောမည်ဆိုတော့ Luhanကို လိုက်လံထိန်းသိမ်းရန် စိတ်ချရမည့် မန်နေဂျာလို လူတစ်ယောက် လိုသည်။ ထိုရာထူးနှင့်ကိုက်ညီသူအားလည်း Suhoရှာတွေ့ပြီး ဖြစ်လေ၏ ထိုသူက...................................................................'ငါအလုပ်ရပြီ Chenရေ' ၀မ်းသာအားရနှင့် အမောတကြီး လာပြောသော MinSeok၏ အပျော်ဓါတ်များသည် တဖက်သတ်ချစ်ရသူ ရပ်ကွက်ထမင်းဆိုင်ပိုင်ရှင်လေး Chenကိုပါ ကူးစက်သွားစေပါသည်။ 'ဟယ် တကယ် ငါဝမ်းသာပါတယ်ဟယ်' 'ဒါပေါ့ ငါအလုပ်ရရင် နင့်ဆီက၁၀ရက်စာ ထမင်းဖိုးအကြွေး ဆပ်နိုင်ပြီလေ' 'ဟွန်း နင်ကတော့လေ အချင်းချင်းအဲဒီလို ပြောစရာလားဟဲ့ ထမင်းဖိုးက ဘယ်လောက်ရှိလို့လဲ' 'စိတ်မဆိုးပါနဲ့ မယ် Chenရယ် ငါကစတာပါ' 'ထားပါတော့လေ ဒါနဲ့ နင်ကဘယ်ကုမ္မဏီမှာ အလုပ်ရသွားတာလဲ' 'XoXo Entertainment မှာပါ သူဌေးSuhoကပြောတာတော့ သူ့အဒေါ်ရဲ့လက်အောက်မှာ မန်နေဂျာလုပ်ရမယ်တဲ့' Chenမျက်နှာတချက်ညှိးသွားသည် (ဘာ သူဌေးရဲ့အဒေါ် ငါ့ပေါက်စီလေး ဘွားတော်စာမိတော့မှာပဲ ဒါပေမယ့် အဘွားကြီးဆိုတော့ သိပ်ဝါးနိုင်မှာ မဟုတ်လောက်ပါဘူးလေ) ထိုသို့ အတွေးများ ချာချာလည်နေသောကြောင့် MinSeokခေါ်သည်ကို တော်တော်နဲ့မကြား 'ဟဲ့ Chenမ ဟဲ့' 'အမ် အမ် ဘာလဲ' 'အမလေး အတော့်ကို ခေါ်လိုက်ရတယ် လိပ်ပြာလွင့်နေတာလား ထမင်းဘူးပေးပါအုံးလို့' 'အော် အေးပါ'....................................................................................ဧည့်ခန်းထဲတွင် ဆောင်းဘောက်ကို မိုင်ကုန်ကျယ်ထားလျှက် AOAသီချင်းနှင့် ကနေသောကြောင့် MinSeok ၀င်လာသည်ကို Luhanသတိမထားပါ။ အနားရောက်မှ 'Ms.Lu..' 'ဟဲ့ ပလုတ်တုတ် KYMနဲ့LSMနဲ့ညား အဲ ဟုတ်ပေါင် ရှင် ဘယ်သူတုန်း ဘယ်လိုလုပ် အိမ်ထဲဝင်လာတာတုန်း' 'ဟို တံခါးကပွင့်နေတာနဲ့' 'အော် တံခါးပွင့်နေတာနဲ့ ရှင်က အသံမပေးဘာမပေးနဲ့ ၀င်လာရောလား' 'အဲဒီလို မဟုတ်ပါဘူးခင်ဗျ ကျွန်တော် အသံပေးပါသေးတယ် Ms.Luက ဘာမှမတုံ့ပြန်လို့' 'ကဲလေ ထားပါတော့ ဒါနဲ့ ရှင်ကဘာကိစ္စ ကျွန်မတို့အိမ်ကို လာရတာလဲ' 'အော် ကျွန်တော်က Ms.Luရဲ့ ၀န်ထမ်းလုပ်ရမယ်လို့ သူဌေးSuhoက ပြောထားလို့ပါ' '၀န်ထမ်း အော် သိပြီ ရှင်က အသစ်ရောက်လာတဲ့ ဒါရိုက်ဘာကို...' 'ဗျာ အဲ အဲဒါ' 'အိုကေ အိုကေ မင်း နာမည်က ဘယ်လိုခေါ်လဲ' 'KimMinSeokပါ' 'အင်း ဒါဆို ဒါရိုက်ဘာKimပေါ့' 'ဗျာ' 'မ ဗျာ နဲ့ ရှင်ရောက်လာတာနဲ့ အတော်ပဲ Clubသွားမလို့စဉ်းစားနေတာ လိုင်စင်ကလည်း ဟိုနေ့ကမောင်းပြီးမူးမိလို့ အသိမ်းခံထားရတယ်' 'မူးပြီးမောင်းတာ မဟုတ်ဘူးလား' 'မဟုတ်ဘူး ကားမောင်းနေရင်း အရက်ပုလင်းတွေ့တာနဲ့ သောက်မိတာ အဲတော့ မော်တော်ပီကယ်ရဲ့ ရပ်ထားတဲ့ဆိုင်ကယ်ကို တိုက်မိတာပေါ့ အဲဒါနဲ့လိုင်စင်သိမ်းသွားရော' 'အော် ဖြစ်မှဖြစ်ရလေ' 'ကဲပါ စကားများမနေနဲ့တော့ သွားမယ် သွားမယ် ခုလိုက်ခဲ့' Luhanက လက်အတင်းဆွဲခေါ် သွားသောကြောင့် MinSeokတစ်ယောက် ယက်ကန်ယက်ကန်နှင့် ပါသွားလေတော့သည်။.........................................................................................စာရေးဆရာအသစ်ကလေး WuYiFanသည် သူ့ကျောပိုးအိတ်ကလေးသူပိုက်လျှက် သူ၏ထုတ်လုပ်သူSuho၏ စားပွဲရှေ့တွင် မျှော်လင့်တကြီး မျက်လုံးများနှင့် စောင့်စားနေပါ၏ Suhoကတော့ မျက်ခုံးပင့်ချီတလှည့် ပြူးချီတခါ ဆိုသလိုပင် YiFan၏ဇာတ်လမ်းထဲတွင် မျောကာဖတ်နေလေသည်။ အချိန်အနည်းငယ်ကြာပြီးမှ ဖတ်ရှု၍ ပြီးသွားလေ၏ 'မင်းရေးထားတဲ့ ဇာတ်လမ်းကတော့ ကောင်းပါတယ် ဒါပေမယ့်....' Suhoရဲ့ ဒါပေမယ့်၏ အဆက်ကို Yifanစိတ်လှုပ်ရှားစွာ စောင့်ဆိုင်းနေပါသည် 'ဒါပေမယ့် ဟုတ် ဆက်ပြောပါ သူဌေး' 'အင်း ကျွန်တော်တို့ကုမ္မဏီ လိုချင်တဲ့ဇာတ်လမ်းမျိုးက တကယ်လက်တွေ့ဆန်ပြီး ဖြစ်လေ့ဖြစ်ထရှိတဲ့ ပတ်ဝန်းကျင် အကြောင်းကိုပဲ သမရိုးကျကနေ ခွဲထွက်တဲ့ ပုံစံမျိုးလေး ဖြစ်ချင်တာဗျ ဇာတ်လမ်းတွဲပြန်ရိုက်ဖို့ ဆိုတော့လည်း' သူ့ကို ထုတ်လုပ်သူက ယဉ်ကျေးစွာ ငြင်းလိုက်ပြန်ပြီ။ YiFanအဖို့ ထိုကဲ့သို့ အငြင်းခံရခြင်းမှာ အကြိမ်၂၀မကပင် ရှိနေပြီ။ မိခင်ဖြစ်သူ၏ ဟိုတယ်လုပ်ငန်းကို စိတ်ပါဝင်စားမှုမရှိသဖြင့် ကိုယ်ဝါသနာပါရာ စာရေးဆရာအလုပ်ကို အောင်မြင်အောင်လုပ်မည်ဟု ဆုံးဖြတ်လျှက် မွေးရပ်မြေကွမ်ကျိုးကိုစွန့်၍ ဆိုးလ်မြို့သို့ ထွက်လာခဲ့သည်မှာ ၃နှစ်မျှပင် ပြည့်တော့မည်။ အိမ်မှပါလာသည့် (ပွင့်ပွင့်လင်းလင်းပြောရလျှင် ဘတ်လာသည့်) ပစ္စည်းများပင် ရောင်းချပေါင်နှံလို့ ကုန်ချေပြီ။ ယခုဆိုအိမ်ငှားခပင် မပေးနိုင်သဖြင့် အိမ်ရှင်ကနှင်ချနေပြီ။ ထိုအချိန်တွင် ကံကောင်းထောက်မစွာ ကျောင်းတုန်းက အားကစားဆရာZhouMiနှင့် တိုက်တိုက်ဆိုင်ဆိုင်တွေ့သဖြင့် 'China Townဘက်မှာတော့ တိုက်ခန်းတစ်ခန်းရှိတယ် အဲဒီမှာ ငါ့ညီမ၀မ်းကွဲTaoနေတယ် သူနဲ့ညှိပြီး အခန်းတခန်း တော့ရအောင် ပြောပေးမယ်လေ' တကယ်တမ်း ရောက်သွားသည့်အခါ Taoမှာ YiFanနေမှာကို လုံးဝ မလိုလားပါ။ 'အစ်ကိုZhouMiကတော့လေ သိပ်မျှော်မြင်တတ်တယ်နော် ကိုယ့်ညီမနုနုထွတ်ထွတ် (မဆီမဆိုင် ကြော်ငြာဝင်တာလဲ ဖြစ်နိုင်) ရည်းစားတောင် မရှိသေးတဲ့ အပျိုလေးနေမယ့်အခန်းမှာ ဒီဘဲရှည်တောက်ကြီးကို အတူနေခိုင်းရတယ်လို့' Taoသည် လူကသာ ဟန်လုပ်ငြင်းနေရတာ တကယ်တော့ YiFanကို နေစေချင်၏ (အူတိအူကြောင် နိုင်ပေမယ့် YiFanက တော်တော်လန်းသော ဘဲထဲတွင် ပါတာကိုး စော်ကြည်တာပေါ့) သို့သော် အလိုက်ကမ်းဆိုးမသိ အင်မတန်ဒူသော YiFanသည် ပြာပြာသလဲ ၀င်ရှင်းပါ၏ 'ဟာဗျာ ကျွန်တော်က ရှက်တတ်တယ်ဗျ ခင်ဗျားနဲ့ အတူမနေရဲပါဘူး ကိုယ့်ဘာသာကိုယ် အခန်းတခန်းနဲ့ သီးသန့်နေမှာပါ။' YiFan မထော်မနန်းဝင်ပြောသောကြောင့် ကြားကZhouMiပင် ဘယ်လိုဝင်ရှင်းရမှန်းကိုမသိ 'အော် သူပြောတာက ယောက်ျားလေးနဲ့ မိန်းကလေး တအိမ်ထဲ အတူနေလို့ မသင့်တော်တာကို ပြောတာပါကွ မင်းကလည်း တကတည်း ငါကသူ့အစ်ကိုပဲ အဲလိုနေခိုင်းမလား' Taoကတော့ နဂိုကမှ ပဲပိသူပီပီ အပီအပြင် စိတ်တိုပြလျှက် YiFanက သူ့ကိုအဲဒီလို ပြောရမလားဆိုပြီး လုံးဝအိမ်ငှားမတင်နိုင်ဟု အပြတ်ငြင်းလွှတ်တော့သည်။ သို့နှင့် ZhouMiမှာ YiFanကို သနားလည်း သနားသဖြင့် လောလောဆယ်နေရန် သူအလုပ်လုပ်နေသည့် ကျောင်း၏ ဂိုဒေါင်တွင်သာ နေရာပေးထားရသည်။ ထိုအခန်းသည် သိပ်အဆင်ပြေကြီးမဟုတ် တံခါးဖွင့်လိုက်သည်နှင့် တပြိုင်နက် YiFan မျက်လုံးပြူးလောက်အောင်ပင် ပင့်ကူအိမ်များ ကြွက်သိုက်များ အကျီဟိုတပုံ ဒီတပုံ စားလက်စမုန့်များ ဘီယာဗူးခွံ ဂိမ်းစက် ဂစ်တာ စကိတ် အစရှိသည်တို့ ပွစာကျဲလျှက် ခြေနင်းစရာ နေရာပင်မရှိ 'ဒီနေရာက ကျောင်းကဂီတဆရာ Chanyeolနေတာလေ' 'ဗျာ ဒီမှာ လူနေတယ်' 'အေး ဂီတဆရာ နေပါတယ်ဆို သူလည်းမင်းလိုပဲ အိမ်ကဆင်းလာပြီး နေစရာမရှိလို့ ဒီအခန်းမှာနေတာ သူကခပ်ပျော်ပျော် နေတတ်တော့ ဒီအခန်းက နည်းနည်းလေးပွနေတယ် ထင်ရတာပေါ့ကွာ' (ပြောတတ်ပါ့ပေ့ ထင်ရတာ မဟုတ်ဘူး ပွကိုပွနေတာ မသိရင် လူမရောက် သူမပေါက် နှစ်၄၀လောက် ပစ်ထားတဲ့ အခန်းကြီး ကျနေတာပဲ) ZhouMiက ဆက်ပြောပါတယ် 'အနွေးပေးစက် မရှိပေမယ့် ဒီအခန်းမှာ ပစ္စည်းတွေပြည့်နေတော့ မင်းချမ်းမှာ မဟုတ်ပါဘူး အဆင်ပြေမှာပါ' (အဖြစ်ဆိုးထှာ နေစရာမရှိတော့ အမှိုက်ပုံထဲ နေရတဲ့ဘ၀) 'ဟုတ်ပါပြီ နေတာကတော့ ဖြစ်ပါတယ် ဒါပေမယ့် ဒီမှာတခြားတယောက် ရှိတယ်ဆိုတော့ ကျွန်တော်က ဘယ်အခြမ်း နေရမှာလဲဟင် လောလောဆယ် သူကတော့ တခန်းလုံးဖွ အဲ ပစ္စည်းတွေထားတော့လေ' 'အော် မကြာပါဘူး သူရောက်လာရင် ညှိကြပေါ့ကွာ' ထို့ကြောင့် YiFanအခန်းအပြင်ကနေ ငုတ်တုတ်လေးထိုင်ပြီး မကြာခင် အခန်းဖော်ဖြစ်လာမည့် တခါမှမမြင်ဖူးသော Chanyeolဆိုသူကို ထိုင်စောင့်နေရသည်။ စောင့်နေရင်း ဘယ်လောက်ကြာမှန်းတောင်မသိ သူအိပ်ပျော်သွားသည်ထင်သည် သူ့နှာခေါင်းနားတွင် ယားကျိယားကျိ ချောကရက်နံ့ရသည်ဟု ခံစားရတော့မှ လေးလံသောမျက်ခွံကို နည်းနည်းလေး ဖွင့်ကြည့်မိသော် ချောကရက် ရေခဲချောင်း ထို့ကြောင့် အားရပါးရ ကိုက်ပစ်လိုက်သည့်အချိန် 'ဂတ်' ရေခဲချောင်းနေရာရွေ့သွားသဖြင့် သူ့သွားအချင်းချင်းသာ ကိုက်မိသည်။ 'ဟား ဟား ဟား ဟား' ရယ်သံကြားလို့ မော့ကြည့်ချိန်မှာတော့ အသားဖြူဖြူ အရပ်မြင့်မြင့် အမျိုးသားတစ်ယောက် သူနဲ့ရွယ်တူလောက် ရှိမည်ထင်ရသည်။ ထိုသူက ခုနက ဖြစ်ရပ်ကြောင့် အားရပါးရ ရယ်မောနေသည်။ 'ခင်ဗျားက ဘယ်သူလဲ ကျွန်တော့ကို ရန်စတာလား ဘာလဲ' YiFanတယောက် ရေခဲချောင်းမစားရသဖြင့် အန်းဂရီးဘတ်ပုံစံနဲ့ ရန်တွေ့နေလေ၏ ထိုပုံကိုကြည့်ပြီး Chanyeol ထပ်ရယ်ပြန်သည် 'မဟုတ်ပါဘူးဗျာ မိတ်ဖြစ်ဆွေဖြစ်နောက်တာပါ ကျွန်တော့်နာမည်က Chanyeolပါ ဒီက အစ်ကိုနာမည်က YiFanမလား အစ်ကိုZhouMiပြောပြထားပြီးပါပြီ ဒီအခန်းမှာ ကျွန်တော်နဲ့ လာနေမယ်ဆိုတာ' အဲဒီတော့လည်း YiFanမှာ စိတ်ဆိုးရခက် Chanyeolပုံစံက YiFanအပေါ် တကယ့်ကို ခင်မင်ချင်သည့်ပုံဆိုတော့ 'အော် ဟုတ်ကဲ့ ဒါဆို ကျွန်တော် ဘယ်အခြမ်းမှာ နေရမလဲဟင်' YiFan ပြောတော့မှ Chanyeolသူ့အခန်းကို သူတတ်သလို မှတ်သလို ညာဖက်ကပစ္စည်းတွေအကုန် ဘယ်ဘက်ကို ကန်ထည့်လိုက်သည်။ 'ကဲ ရှင်းသွားပြီ ညာဘက်က့ အစ်ကိုနေလေ' 'ဟုတ်ကဲ့' YiFan လည်း ထိုအချိန်ကျမှ ကိုယ့်အထုတ်လေးတွေ ကိုယ်ထုတ်ချ စာအုပ်တွေကို သေသေချာချာ သပ်သပ်ရပ်ရပ်စီသည်။ ပြီးနောက် မရောင်းစားရက်သည့် အရမ်းကြိုက်သည့် အရုပ်လေးတွေ အသုံးအဆောင်လေးတွေကို သူ့နေရာနဲ့သူထားသည်။ YiFan ပစ္စည်းတွေထားသိုပုံကြည့်ပြီး Chanyeol သဘောတွေကျပြီး ဟားနေသည် 'အစ်ကိုက စာအုပ်ကြီးနဲ့ တူတယ်နော်' 'ဟင် ဘာဖြစ်လို့လဲ' 'အော် မိန်းကလေးကျနေတာပဲ ထားပုံသိုပုံတွေက ဟီး ဟီး' 'အော် အဲဒါက ကျွန်တော်ငယ်ငယ်ကတည်းက အမေနဲ့ပဲ အတူနေခဲ့ရတော့...' YiFanပစ္စည်းစီရင်း Chanyeolကို စကားပြန်ပြောနေသည့် ပုံစံက မသိရင် စကားနားထောင်ပြီး လိမ်မာတဲ့ မူလတန်းကလေးလိုလို၊ မည်သို့ပင်ဆိုစေကာမူ Chanyeolသူ့ကိုခင်သည်ဖြစ်စေ မခင်သည်ဖြစ်စေ YiFanအတွက် ရွေးချယ်စရာမရှိ ဤအခန်းတွင်သာ သူမဖြစ်ဖြစ်သည့်နည်းနဲ့ နေရတော့မည်။................................................................................ညနေစောင်းထိ Byung အလှပြင်ဆိုင်တွင် ဖောက်သည်မရှိလို့ စိတ်ညစ်ရသည့်အထဲ သူငယ်ချင်းမ Taoက အသည်းတွေကွဲသည်ဟုဆိုကာ လာငိုနေသဖြင့် Baekခမျာ လူထက်စိတ်က ပိုပိန်နေရသည်။ 'ဟင့် ဟင့် ဟင့် ငါကမိန်းကလေးဆိုတော့ ဒီအတိုင်း မူယာမာယာ များမိတာကို သူကတကယ်ထွက်သွားတယ်' Taoကိုကြည့်ပြီး Baekစိတ်အချဉ်ပေါက်ပေါက်နှင့် 'အမလေးဟယ် သွားပစေ့လေပေါ့ ဒီလိုအိမ်မရှိယာမရှိ အခြေနေမဲ့ကောင်များ ဆွေးမနေနဲ့ အချိန်ကုန်တယ် နင့်ကိုငါ သူဌေးသားတစ်ယောက်ယောက်နဲ့ မိတ်ဆက်ပေးပါ့မယ်ဟယ်' Baek ပြောသောစကားကြောင့် Taoအငိုတိတ်သွားသည်။ 'ဟဲ့ YiFanက အခြေအနေမဲ့ မဟုတ်ပါဘူး ချမ်းသာပါတယ် သူ့အမေက ကနေဒါမှာ အခြေခိုင်နေတာ အိမ်ကြီးမှအကြီးကြီး ကွမ်ကျိုးမှာလည်း တအိမ်ရှိတယ် သူ့အမေက စီးပွားရေးကို ဖြန့်ပြီးလုပ်ထားတာ အခုအဆင်မပြေရတာက YiFanအနုပညာအလုပ်လုပ်မှာမို့လို့ ဆိုးလ်ကို လာနေတုန်းမို့ပါ အမေဆီကလဲ ပိုက်ဆံမတောင်းချင်ဘူးလေ မာနထိခိုက်မှာစိုးလို့' Taoကသာ ပြောနေသည် Baekကတော့ သိပ်မယုံချင် 'ဟုတ်ရဲ့လားဟယ်' 'ဟုတ်ပါတယ်ဆိုBaekရဲ့ ငါ့အစ်ကိုZhouMi ကိုယ်တိုင်က ပြောပြတာ' Taoကဒီလိုပြောတော့လည်း Baekတောင် စိတ်လှုပ်ရှားသွားသည် Baekက အစကတည်းက သူငယ်ချင်းများကြားထဲတွင် စီးပွားရေးအမြင်ရှိပြီး တွက်တတ်ချက်တတ် အရာရာကို မျှော်မြင်တတ်သူ၊ သူ့ညီမ D.Oနဲ့ Kaiတွဲနေမှန်း သိရတော့ Kaiအကြောင်းကို စုံစမ်းသည် Kaiကကျောင်းတက်နေစဲ အပျော်တမ်း Dancer တယောက် အိမ်ကလည်းဆင်းရဲပြီး စာမတော်သူ အူနနလေးမှန်း သိသောအခါ ချက်ချင်းဖြတ်ခိုင်းပြီး XoXo Entertainment ပိုင်ရှင်Suhoနဲ့ အတင်းအောင်သွယ်ကာ ပေးစားတော့၏ ညီမD.Oကောင်းမှုအကြောင်းပြုကာ Baekလည်း သူများဆိုင်တွင် အလှပြင်ဆရာ လုပ်နေရာမှ ကိုယ်ပိုင်ဆိုင်လေးကို နေရာကောင်းကောင်းတွင် ဖွင့်နိုင်တော့၏ ညီမD.Oကိုလည်း Suhoက သည်းသည်းလှုပ်ချစ်နေတာဆိုတော့ သူ့စီမံကိန်းအောင်မြင်သည်ဟု ပြော၍ရသည်။ အခုလည်း Taoပြောပြချက်အရ WuYiFanဆိုသူသည် လောလောဆယ် မွဲတေနေသော်လည်း ပိုင်ဆိုင်မှုအပြည့်နှင့် တကယ့်သူဌေးသားဖြစ်၏ ထိုသူသည် ငါးကြီးကြီး ဖြစ်ရိုးသာမှန်လျှင် Baekသည် သူများကို ပေးမျှားမနေချင်တော့ ကိုယ်စားဖို့အတွက် ထွက်လှုပ်ရှားသင့်လှုပ်ရှားရမည်ဟု ဆုံးဖြတ်လိုက်လေသည်။

Falling in LoveTahanan ng mga kuwento. Tumuklas ngayon