𝖔𝖓𝖊

804 79 37
                                    


[ ည မဖတ်ရ - ဖတ်ချင်လည်း ဖတ်ပါ]

[ ည မဖတ်ရ - ဖတ်ချင်လည်း ဖတ်ပါ]

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.



ရစ်ခီက သူ့အပေါ် ဖောက်ပြန်ခဲ့တယ်။ သူတို့ အတူတူနေတဲ့ ကွန်ဒိုက မကျဥ်းပေမယ့် အိပ်ခန်းထဲက King Sizeမွေ့ရာက ကြီးလွန်းနေတာကြောင့် အိပ်ရတာက ဇိမ်ရှိပေမယ့်လည်း ကြီးမားတဲ့ဧရိယာကိုယူထားတဲ့ ထိုကုတင်ကြီးကြောင့်ပဲ အိပ်ခန်းက အလိုလိုကျဥ်းမြောင်းသွားတတ်တယ်။

ရစ်ခီ အဲ့မိန်းမနဲ့ အိပ်ခဲ့တာက ပြီးခဲ့တဲ့အပတ် မေလ တစ်ရက်နေ့က။ သူတို့က အမြဲတမ်းလိုလို လစာထုတ်ရက်ဖြစ်တဲ့ လကုန်ရက်ပြီးတဲ့နောက် လအစတိုင်းလိုလို 1ရက်နေ့တိုင်းမှာ စကားများကြပေမယ့် ရစ်ခီ လူပါးဝတာကတော့ ဒီတစ်ခါ အဆိုးဆုံး။ သူ သေချာပြင်ဆင်ထားတဲ့ King sizeအိပ်ရာကြီးပေါ်အထိ အဲ့မိန်းမကိုခေါ်လာပြီး... တစ်ညလုံး မရပ်မနား အဲ့မိန်းမနဲ့ နှီးနှောနေခဲ့တာ။

သူက သဘောထားကြီးတဲ့သူ တစ်ယောက်လည်း ဟုတ်မနေတာမို့ အဲ့နေ့မှာပဲ ရစ်ခီတို့နှစ်ယောက် မြင်ကွင်းကို အလုပ်ကပြန်အလာမှာ ချက်ချင်း မြင်တွေ့ခဲ့ရပြီး၊ ပြဿနာရဲ့အစဟာလည်း တရိပ်ရိပ်ပျိုးလာခဲ့တော့တယ်။

အဲ့မိန်းမကို သူ သတ်ပစ်မိသွားတယ်။ ရစ်ခီကတော့ လန့်ပြီးထွက်ပြေးသွားတယ်။ အမျိုးသမီး အစိမ်းသေအလောင်းကြီးက အခုဆိုရင် သူတို့ကွန်ဒိုမှာ သောင်တင်နေတာ တစ်ပတ်လောက်နီးနီးရှိပြီ။

ညှိပုပ်ပုပ်အနံ့တွေ မထွက်ဖို့ရာ ရေခဲသေတ္တာထဲ ထည့်ထားတဲ့ ထိုအမျိုးသမီးအလောင်းကို ဒီနေ့မှာတော့ ဂယူဗင်းက လွှင့်ပစ်ဖို့ဆုံးဖြတ်လိုက်ရတော့တယ်။ အာရုံတက်ခါနီး 3နာရီလောက်အရောက်မှာ ခရီးဆောင်လက်ဂေ့အိတ်အကြီးကြီးထဲ ပြာနှမ်းပြီး သွေးတွေခြောက်ကပ်နေတဲ့ အမျိုးသမီးအလောင်းကြီးကို အတင်းတွန်းထိုးပြီး ထည့်ပစ်လိုက်ရတယ်။

အခန်းထဲကို လာခဲ့လေ || 𝐠𝐲𝐮𝐫𝐢𝐜𝐤𝐲Where stories live. Discover now