♧Episode ~1♧

1.7K 126 8
                                    

''''' ဖျတ် ချက် ချက် ချက် '''''

jaejoong တစ်ယောက် Dyo လေးရဲ့ လှုပ်ရှားမှု မှန်သမျှကို ဓာတ်ပုံလိုက်ရိုက်နေတယ်။ ဒါပေမဲ့ ဓာတ်ပုံ ရိုက်တိုင်း မပြောင်းလဲတဲ့ Dyo လေးရဲ့ အမူအရာ ကတော့ သူရဲ့ ပန်းနုရောင် heart-shaped နှုတ်ခမ်းလေးကို ချွန်နေအောင် စူထားတာဘဲ။ ကျွန်တော့် နည်းတူ ကလေးမိဘ တော်တော် များများကလည်း သူတို့ ကလေးတွေရဲ့ လှုပ်ရှားမှု မှန်သမျှ ကို အမှတ်သရ အဖြစ် အမိအရ ရိုက်ကူးနေတယ်။ အဲ ထူးဆန်းတာ တစ်ခုက ကလေးမိဘတွေ အကုန်လုံးလိုက်လာတာက အမေတွေကြီးဘဲ။ ချွင်းချက် ကတော့ ကျွန်တော် တစ်ယောက်တည်း ယောက်ျားလေး ပေါ့ဗျာ။ ကလေးအမေ တွေကလည်း သူတို့ ကလေးပုံ ရိုက်တာက နည်းနည်း ကျွန်တော့်ကို ငမ်းပြီး ခိုးရိုက်တာက များများ။ သေချာပါတယ် ထွက်လာမဲ့ ဓာတ်ပုံ ၅၀ လောက်မှာ ကျွန်တော့် ပုံက ၄၈ ပုံလောက်က ပါနိုင်ကိန်းရှိတယ်။
awww မေ့နေလိုက်တာ ကျွန်တော့် ကလေးလေး Dyo လေးစိတ်ကောက်နေတာဘဲ သေချာတာပေါ့ သူ့ Daddy မလာနိုင်ဘူး လို့ ပြောလိုက်တော့ အဲဒီမှာ သူ့နှုတ်ခမ်းလေးက ချွန်ထွက်လာတော့တာဘဲ ခုချိန်ထိ အဲဒီနှုတ်ခမ်းလေး ပြန်မဝင်သေးဘူး။ ကဲ ခုကြည့် Dyo လေး ကျွန်တော် ဘက်လှည့်လာကာ ph ဆက်ဖို့ အမူအရာနဲ့ ပြောနေပြီ။

ထိုအချိန်တွင်~~~

'''' ဒုန်း ''''

အခန်းတံခါး ကိုတမူးရှုးထိုး ဖွင့်ကာ ဝင်လာသောလူတစ်ယောက်။
×××× DaDDy ××××

Dyo ရဲ့ နှုတ်ခမ်းလေး ပြန်ဝင်သွားရုံသာမက အထဲဝင်လာသူကို လှမ်းခေါ်လိုက်ကာ အပြုံးလေးပါ အဆစ်ပါလိုက်သေး။ ကလေးအမေတွေရဲ့ ကင်မရာက ကျွန်တော်ကို ကျော်ကာ တံခါးပေါက်မှ ဝင်လာသော လူဆီမှာ တစ်ဖျက်ဖျက်။ တံခါးပေါက်မှ ဝင်လာသောသူက ကလေးအမေ တွေကို ကျော်ကာ ကျွန့်တော့်ဘေးနားမှာလာရပ်တယ်။

^ဘာလို့ လာတာလဲ။ဒီမှာ ငါအဆင်ပြေပါတယ်ဆိုမှ။^

^သားလေးရဲ့ ကျောင်းဆင်းပွဲဘဲ။ လာရမှာပေါ့ ခုကြည့် သားလေးပျော်သွားပြီ။^

^သားလေးပျော်တာတော့ ဟုတ်တာပေါ့။ခု ကလေးမိဘတွေက ငါတို့ကို.....................^

You've reached the end of published parts.

⏰ Last updated: Aug 12, 2015 ⏰

Add this story to your Library to get notified about new parts!

I have no Mama.But I have Papa and Daddy.Where stories live. Discover now