One Shot ep 1

41 2 0
                                    

Never Stop Heart Beat , Just Stay In My Once M.I.D
One Shot

Author Note
အနော့်ရဲ့ ဒုတိယမြောက် One Shot လေးပါ ပထမတစ်ခုထက် ပိုကောင်းအောင်တော့ ရေးထားပါတယ် မကောင်းခဲ့ရင်လဲ နားလည်ပေးပါနော် One Shot ပေမယ့် ဟိုတစ်ခေါက်ကလို တစ်ခါတည်းတင်လို့ မဆန့်မှာစိုးလို့ နှစ်ဖြတ်ခွဲ တင်ပါမယ်
Part 1 နဲ့ Final Part ဆိုပြီးပါ tag ခိုင်းထားတဲ့သူတွေကိုပဲ tag ပေးထားပါတယ် M.I.D song ကို အခြေခံပြီး နည်းနည်းဆန်းမယ် ထင်တဲ့ပုံစံလေးနဲ့ ရေးထားပါတယ် ပြီးတော့ ဇာတ်ပို့လိုလို့ author ကိုယ်တိုင် ၀င်ပြီး ရေးထားပါတယ် ( ဖြည်းဖြည်းဆဲကြပါနော် ဟီး xP ) နည်းနည်းရှည်လို့ စိတ်ရှည်ရှည်လေးနဲ့ ဖတ်ပေးကြပါနော် feedback လေးများလဲ မစဖို့ မမေ့ကြပါနဲ့နော်
reader တွေအားလုံး ကိုယ်စီ bias တွေနဲ့အတူ ပျော်နိုင်ကြပါစေ Xie Xie ^_^

Never Stop Heart Beat , Just Stay In My Once M.I.D
One Shot ( Part 1 )

ချမ်းအေးပြီး သာယာလှတဲ့ ဆောင်းရာသီ ရက်လေးတစ်ရက် မှာပေါ့
# ၀ုန်း ................ # ရုတ်တရက်ဆိုသလို ကောင်းကင်မှာ အရောင်တောက်သွားတယ် ခဏအကြာ မှာတော့ အရှိန်ပြင်းစွာ တောက်လောင်ကာစူးရှ ရဲတက်နေတဲ့ မီးတောက်ကြီးနဲ့ အတူ မီးခိုးလုံးကြီးများ ထပ်ဆင့် လိုက်ပါလာတယ်
အထက်တန်းကျောင်းသား ကျွန်တော် ကျောင်းမှ ပြန်လာချိန်ပေါ့ နည်းနည်းတော့ မှောင်နေတဲ့ ညအချိန်လေး
အသံကြောင့် ကျွန်တော်စိတ်ထဲ တုန်လှုပ်သွားလို့ ကျွန်တော့်မိသားစုရှိရာ အိမ်လေးဆီကို ခြေလှမ်းသွက်သွက်လေးများဖြင့်သာ ပြန်လာခဲ့တယ်

ကျွန်တော်အိမ်ရှေ့ရောက်တော့ ကျွန်တော့်မျက်လုံးတောင် ကျွန်တော် မယုံနိုင်လောက်စရာပါပဲ
တစ်အိမ်လုံးရစရာမရှိလောက်အောင်ကို မီးတောက်တွေနဲ့ အိမ်ရှေ့တံခါးမကြီး အပါအ၀င်ပြူ တင်းပေါက်တိုင်း လိုလို မှန်တွေကွဲ တိုင်တွေလဲ မီးစွဲ တဖြည်းဖြည်းယိုင်လာပြီး ပြိုကျ အိုး မြင်ရက်စရာကို မရှိဘူး အသည်းတွေတောင် တစိမ့်စိမ့်တုန်လာတယ် ကျွန်တော့် ဖေဖေ နဲ့ မေမေ ဘယ်မှာပါလိမ့် ??? နှလုံးကျန်းမာရေး သိပ်မကောင်းတဲ့ ကျွန်တော့်အဖို့ ဘာဆိုဘာမှ ဆုံးဖြတ်စရာမရှိလောက်အောင် အတွေးတွေ အကုန်လစ်ဟာသွားခဲ့တယ် စိတ်တွေ အရမ်းခြောက်ခြားပြီး မျက်ရည်ကျဖို့တောင် သတိမရခဲ့ပါ

Never Stop Heartbeat ... Just Stay In My Once M.I.DDonde viven las historias. Descúbrelo ahora