🌙Part One🌙

3.3K 172 3
                                    


# ပေးဆပ်ခြင်းနဲ့ ချစ်ခဲ့တာငါ ... ရယူခြင်းက အချစ်မှ မဟုတ်ပဲကွာ #

အချစ် ဟူသည့် စကားလုံး တစ်လုံး၏ အဓိပ္ပာယ်ကို ကမ္ဘာပေါ်ရှိ လူအများက ကွဲပြားခြားနားသော အနက်များဖြင့် ဖွင့်ဆိုကြသည် ။

ကျွန်တော် သိသလောက်ကတော့ အချစ်မှာ နှစ်မျိုး နှစ်စား ရှိသည် ။

°• ရယူခြင်း နှင့် ပေးဆပ်ခြင်း •°

တော်တော်များများက အချစ် နှင့် ကြုံတွေ့လာပြီးသောအခါ မိမိချစ်ရသူကို ပိုင်ဆိုင်လိုကြသည် ။ ထိုသို့ ပိုင်ဆိုင်ရဖို့ ဆိုလျှင် ပေးဆပ်သင့်သည်ကို ပေးဆပ်ကြ၏ ။ သည်လိုအချစ်မျိုးကိုအတ္တကြီးသောအချစ်ဟု ကျွန်တော်က သတ်မှတ်သည် ။

ကျွန်တော့်အတွက်ကတော့ အချစ် ဆိုတဲ့ စကားလုံးရဲ့ အနက်ဟာ ပေးဆပ်ခြင်းတစ်ခုထဲပါပဲ ။ သူ့အပြုံးများနှင့်ကမ္ဘာတည်ခဲ့တဲ့ ကျွန်တော် ... သူ့ပျော်ရွှင်မှုကိုသာ လိုလားတဲ့ ကျွန်တော် ... တခြားဘာကိုမှ မမျှော်လင့်ခဲ့ဘဲ ကျွန်တော်ချစ်ရတဲ့သူ ပျော်ရွှင်ဖို့ ဆိုသည့် ရည်မှန်းချက် တစ်ခုကိုသာ နှလုံးသွင်းပြီး ကျွန်တော့်မှာ ရှိသမျှ ၊ ကျွန်တော် လုပ်နိုင်သမျှ အကုန် ပေးဆပ်ခဲ့တယ် ။

အချစ် ဆိုတာကို သူ့ဆီက ပြန်ရဖို့ ကျွန်တော် မမျှော်လင့်ပါဘူး ။ ကျွန်တော်ကပဲ သူ့ကို ချစ်နေမှာပါ ။

ကျွန်တော်က သူ့အတွက် မွေးဖွားလာခဲ့တာ မို့လို့လေ ။ အရင်ဘဝက ဝဋ်ကြွေးလို့ မသတ်မှတ်ချင်ပါဘူး ။ သူ့ကို ချစ်ရတာ ဝဋ်ကြွေးတစ်ခု မဟုတ်လို့ပါ ။

•~•~•~•~•~•~•~•~•

ChanYeol's pov :

~ အသက် ငါးနှစ် ~

အသက် ငါးနှစ်မှာ ကျွန်တော် အနည်းငယ် ဝပြီး မျက်မှန်လေး တပ်ထားခဲ့ပါသည် ။ သူများတွေနှင့်မတူသည့် ထူးခြားချက်မှာ ကျွန်တော့် နားရွက် နှစ်ဖက်ဟာ ပုံမှန်ထက် ဘေးကို ကားထွက်နေခြင်းပါပဲ ။

တစ်နေ့မှာပေါ့ ~ ~ နယ်မြို့လေးက ကျွန်တော် နေထိုင်သည့် မိဘမဲ့ ကျောင်းကလေးဆီ ကောင်လေးတစ်ယောက် ရောက်လာခဲ့တယ် ။

°• The Sky that Embraces the Moon •°Where stories live. Discover now