Part 1

2.8K 181 6
                                    


ဒီနေ့တော့ Sehunတယောက်ထူးထူးခြားခြားအစောကြီးနိုးနေ
သည်....ဝီရိယရှိလွန်းလို့တော့မဟုတ်... ဒီနေရာ ဒီအိမ် ဒီကုတင်တို့
နဲ့နေသားမကျသေးသောကြောင့်ဖြစ်သည်.......

Sehunတို့မိသားစုကမနေ့ကမှဒီရပ်ကွက်ထဲကိုပြောင်းလာတာလေ..... အဲ့တော့ကာ သူနဲ့ကအရာရာအသားမကျသေးဘူးပေါ့

Sehun pov: နိုးနေတဲ့တူတူတော့မနက်စောစောလမ်းထလျှောက်ကြည့်ရမယ်
ပတ်ဝန်းကျင်ကိုလေ့လာရတာပေါ့

Sehunတွေးရင်း လမ်းလျှောက်ဖို့အတွက်ပြင်ဆင်လိုက်သည်
အားကစားဝတ်စုံအမဲရောင်ဝမ်းဆက်လေးကိုဝတ်....Walking
Shoeအနက်ရောင်လေးကိုစီးရင်း အိမ်ရှေ့ကိုထွက်လာခဲ့လိုက်
သည်
(တကိုယ်လုံးအနက်ရောင်နဲ့ဟုတ်တော့နေပီ ငဟွန်းရေ)

Sehunခြံထဲကနေထွက်ပြီး ခြေဦးတည့်ရာလျှောက်နေမိသည်...
(စိတ်မပူကြပါနဲ့ အိမ်ကထွက်ပြေးတာမဟုတ်ပါဘူး :p)

လမ်းရဲ့အဆုံးတနေရာကိုရောက်တော့ ရှေးကျကျအိမ်ဟောင်းကြီး
တစ်လုံးကိုတွေ့လိုက်ရသည်...ခြောက်ခြားစရာတော့ကောင်းသား...
အိမ်ကြီးကဟောင်းနေပါတယ်ဆိုမှ သစ်ပင်တို့ကလည်းအိမ်ကြီး
အပေါ်အုပ်ဆိုင်းနေကြသည်..... ပတ်ဝန်းကျင်ကလည်းမှောင်နေ
သေးသည်.....

Sehunစိတ်ထဲတမျိုးကြီးခံစားလိုက်ရပေမဲ့....စိတ်ဝင်စားလာတာ
ကြောင့်...အိမ်ကြီး၏ရှေ့နားကိုတဖြည်းဖြည်းတိုးကပ်သွားလိုက်သည်......

*

*

*

*

Sehun: O_o !!! ချောလိုက်တာ

ဟုတ်ပါတယ်...အိမ်ကြီးရဲ့ကျယ်ပြန့်လှတဲ့ခြံကြီးထဲမှာ ဒန်းထိုင်စီးနေ
တဲ့ကောင်လေးတယောက်ဖြစ်ပါတယ်......

Sehunလည်းအသက်ရှူဖို့တောင်မေ့ကာ ထိုကောင်လေးကိုငေး
မောကြည့်နေမိလေရဲ့....ခနကြာတော့ ထိုကောင်လေးကသူ့ကိုမြင်
သွားပုံရပါတယ်.....Sehunဆီကိုတလှမ်းချင်းလျှောက်လှမ်းလာနေ
တယ်.....

ရုတ်တရက်မို့Sehunလည်းလန့်သွားပီးအိမ်ကြီးနားကနေထွက်ပြေး
သွားလိုက်မိပါတယ်....

ထိုအိမ်ကြီးနဲ့ခပ်လှမ်းလှမ်းကိုရောက်တော့မှအိမ်ကြီးဆီကိုပြန်လှည့်
ကြည့်လိုက်မိတယ်....ခုနကတိုင်းပါပဲ.....အိမ်ကြီးရဲ့ပတ်ဝန်းကျင်က
ထူးထူးခြားခြားအုံ့ဆိုင်းနေပီး သူ့ဘေးနားကသစ်ပင်အိုကြီးတွေ
ကြောင့်..ပိုမိုခြောက်ခြားစေပါတယ်.....

Never Dying LoveWhere stories live. Discover now