"Fan Fan.."
လုပ်လက်စအလုပ်တွေကို ချပီး ကိုယ်ကို
တဖြည်းဖြည်းလှည့်ကာ ကြည့်လာသည်....#
အဲ့ဒါကြောင့် ချစ်တာ သူဘာပဲလုပ်နေလုပ်နေ
ဘယ်လောက်ပဲ အရေးကြီးကြီး Park Chanyeol သာခေါ်လိုက်ရင်
အဲ့ဒီအရာတွေအားလုံး
ပစ်ချထားခဲ့ပီးသားလေ
#လှည့်ကြည့်လာသော မျက်ဝန်းထဲမှာ
အမြဲမြင်နေကျ နွေးထွေးကြင်နာသော
မျက်ဝန်းတစ်စုံ....စူးရှတယ်ဆိုပေမယ့် နွေးထွေးမှုတွေအမြဲရှိတဲ့ အဲ့ဒီမျက်ဝန်းတွေကို ကျနော်ချစ်တယ်...
ဟော ပြုံးပြန်ပီိ....
နှင်းဆီရောင် တောက်ပနေသော နှုတ်ခမ်းဆူဆူတို့ ကွေးညွှတ်ပီး ပြုံးလိုက်တာက ကောင်မလေးတွေ အသက်ရှုမှားစေမယ့် အပြုံးမျိုး......
အင်း..........
ကောင်မလေးတွေမှ မဟုတ်ပါဘူးလေ......Chanyeol လို ကောင်လေးတယောက်ရဲ့ နှလုံးသားကိုလဲ သိမ်းပိုက်ထားနိုင်ခဲ့တာပဲ....
တခြားသူတွေနဲ့သဝန်တိုတဲ့အတွေးက
နှုတ်ခမ်းကို ဆူမိစေသည်....Yi Fan က ခေါ်လိုက်ပီး ဘာမှမပြောပဲ
ကြည့်နေရာကနေ နှတ်ခမ်းဆူသွားသော
ခလေးလေးကြောင့် သူဘာအမှားလုပ်မိပြန်ပီလဲ
အပြေးအလွှားတွေးပေမယ့်.
အဖြေက ပေါ်မလာခဲ့........"ဘာဖြစ်လို့လဲ Chanရဲ့"
ဆူနေရာကနေ ခပ်မဲ့မဲ့လေး လုပ်ပြပီး....
"ဗိုက်ဆာလို့"
"ဟမ်.!!
အပြင်ကပြန်လာတာ မဟုတ်ဘူးလား
ဘာမှမစားလာဘူးလား
အိမ်ကလူတွေရော""မသိဘူး မစားဘူး Fan Fan.ခွံ့ကျွေး မှစားမယ်"
ကြည့် ဘာမဟုတ်တဲ့ ကိစ္စကို ဂျစ်တိုက်ပြန်ပီ...
ဒါပေမယ့်လဲ ထုံးစမ်အတိုင်း သူကပဲ
အလိုလိုက်အလျှော့ပေးရတာပဲ........ဘာလို့လဲ ဆိုတော့ ......
သိပ်ချစ်လို့ပေါ့........