One shot part1

633 22 0
                                    

ကျွန်တော့်နာမည်ကPark Chanyeolလို့ခေါ်ပါတယ်
ကျွန်တော် သူ့ကိုအမြဲတမ်းသတိထားခဲ့
မိတယ် ကျွန်တော့်ကိုကြည့်ကြည့်နေ
တဲ့ကောင်လေးတစ်ယောက် ကျွန်တော်
ကျောင်းဆင်းတိုင်း ကျောင်းရှေ့မှာ လာရပ်ပြီးကျွန်တော့်အကြောင်းမေးမေးတတ်တဲ့ကောင်လေး ကျွန်တော့်ကိုတွေ့
ရင်ထွက်ပြေးသောသူ ကျွန်တော်လှမ်း
ခေါ်ဖို့ကြိုးစားရင်ထွက်ပြေးသောသူ တစ်
ချို့ကျောင်းသားတွေက ကျွန်တော့်ကို
မကြည်ဘူး ဘယ်ကြည်မလဲ ကျွန်တော်
က Gangsterတစ်ယောက်လေ
လူဆိုးတွေနဲ့ပေါင်းနေရတော့ဘယ်သူ
ကကျွန်တော်နဲ့ခင်ချင်မှာလဲ ဒါပေမဲ့
သူကပထမဆုံးကျွန်တော့်အကြောင်းမေး
သောကောင်လေး ကျွန်တော့်သူငယ်ချင်း
Sehunကိုလည်းမေးဖူးတယ် ဘာမေး
လဲဆိုတော့ နာမည်ဘာလဲ ဘယ်မှာနေလဲ ဘယ်တွေသွားတတ်လဲ
ဝါသနာတွေကိုပါမေးသွားတယ်တဲ့
ပြီးတော့ ကျွန်တော်ကGangsterဆို
တာသူသိနေတယ်တဲ့ ဒါပေမဲ့သူကတော့
မမူပါဘူး ကျွန်တော်ကဘာပဲဖြစ်နေပစေ
သူကတော့ကျွန်တော့်အကြောင်းစုံစမ်းဦး
မှာပဲတဲ့ သူတစ်ယောက်ပဲကျွန်တော့်
အကြောင်းတွေမေးတာ တစ်နေ့
ကျွန်တော့်ကိုမြင်တော့ အလောတကြီး
ထွက်ပြေးရင်း သူ့နာမည်ကတ်လေးကျ
ကျန်ခဲ့တာမသိဘူးထင်ပါရဲ့ နာမည်လေး
ကြည့်လိုက်တော့ Byun baekhyun ဆိုပဲ ကျောင်းကတော့
Kirin High Schoolက
kirinကျောင်းကဂီတနဲ့အနုပညာ
ကျောင်း ကျွန်တော်တွေးမိပါတယ်
ဒီကောင်လေးမှာအဆိုဝါသနာမဟုတ်ရင်
အကဝါသနာမဟုတ်ရင် သရုပ်ဆောင်
ဝါသနာရှိကိုရှိတယ်လို့
(ကိုကိုChanyeolရယ် ဒါပဲရှိတာကို
ပြောနေသေးတယ်)
နောက်တစ်နေ့ကျွန်တော်သူ့ကျောင်းရှေ့
မှာစောင့်နေမိတယ် နာမည်ကတ်ပြန်ပေး
ဖို့ထက် သူနဲ့လည်းသိချင်တာလဲပါတာ
ပေါ့ သိပ်မကြာပါဘူး သူထွက်လာတယ်
ဦးထုပ်အနီရောင်ကိုနောက်ပြန်စောင်း
ထားပြီး လွယ်အိတ်ကိုယူပြီး ခပ်သုတ်
သုတ်ထွက်လာတယ် ကြည့်ရတာ
ဒီနေ့လည်းကျွန်တော့်အကြောင်းမေးဦး
မယ်ထင်ပါတယ် ကျွန်တော့်ကိုမြင်တော့
သူမျက်လုံးပြူးသွားတယ် ဒါပေမဲ့
သူကျွန်တော့်ကိုမမြင်ချင်ယောင်ဆောင်
ပြီးထွက်သွားတယ်
'Byun Baekhyun shi'
ကျွန်တော်သူ့ကိုလှမ်းခေါ်မိလိုက်သည်
သူ့ပုံစံကြည့်ရတာလန့်သွားတဲ့ပုံပဲ ဖြည်း
ဖြည်းချင်းကျွန်တော့်ဘက်ကိုလှည့်လာ
သည်
'Ba....Baekကိုခေါ်လိုက်တာလား'
သူ့အသံကထစ်နေသည်
'ဟုတ်ပါတယ် ကျွန်တော်ပြန်ပေးစရာရှိ
လို့ခေါ်လိုက်တာပါဒီဟာလေးပေးချင်လို့'
ခပ်မြန်မြန်ပြောလိုက်တယ် မဟုတ်ရင်
ဟိုကလေးနှလုံးခုန်ရပ်ပြီးသေတော့မယ့်
ဒီဇိုင်းပေါက်နေသည်
' ဒါBaekရဲ့နာမည်ကတ်လေး ဘယ်
လိုလုပ်ရောက်နေတာလဲ'
' ကိုယ်တို့ကျောင်းရှေ့မှာကျနေတာလေ'
ကျွန်တော်ကိုယ့်ကိုကိုယ် 'ကိုယ်'လို့သုံး
လိုက်မိတယ် ဟိုကလေးကိုကြည့်လိုက်
တော့ မျက်နှာကနီပြီးပေါက်ကွဲမဲ့ပုံစံ
ပေါက်နေပြီ
'ကျေး...ကျေးဇူးတင်ပါတယ် Baek
သွားလိုက်ပါဦးမယ်'
'Baekhyun shi'
ကျွန်တော်လှမ်းခေါ်တော့ သူဖြည်းဖြည်း
ချင်းလှည့်ကြည့်လာတယ်
'ကိုယ်Baekနဲ့နောက်နေ့တွေလည်း
တွေ့ချင်သေးတယ် ရနိုင်မလား'
ကျွန်တော်ပြောသာပြောလိုက်ရတယ်
သူလက်မခံမှာတော့စိုးရိမ်သား အခု
ကျွန်တော် သူလက်မခံမှာကိုစိုးရိမ်နေ
တာလား အခုမှတွေ့တဲ့ကောင်လေး တစ်
ယောက်က သူ့ကိုမတွေ့တော့မှာကိုစိုးရိမ်
နေတယ်တဲ့ ကျွန်တော်ရှုးနေပြီလားမသိ
တော့ဘူး Park Chanyeolဆို
တာဒီလိုလူမျိုးမှမဟုတ်တာ ကျွန်တော်
အတွေးထဲလွင့်နေတုန်း အသံသေးသေး
လေးတစ်ခုကိုကြားလိုက်ရတယ် အဲ့ဒါက
ဟိုကောင်လေးအသံဖြစ်နေတယ် သူ
ပြောလိုက်တာက
'ရပါတယ်'တဲ့ သူနှစ်နှစ်ခြိုက်ခြိုက်ကို
ပြုံးပြတာ ကျွန်တော့်ကိုအဲ့လိုမျိုးဘယ်
သူမှမပြုံးပြဖူးဘူး ကျွန်တော်မိဘတွေ
ကလည်း ကျွန်တော့်ကိုဂရုမစိုက်ခဲ့ပါဘူး
ငယ်ငယ်တည်းကအလုပ်ကိုအကြောင်း
ပြပြီးU.S.Aမှာဘော်ဒါထားခဲ့တယ် တစ်
ခါမှလာမကြည့်ဘူး ကျွန်တော်ဘော်ဒါက
ထွက်လာတော့ တစ်ခြားကလေးတွေကို
မိဘတွေလာကြိုတယ် ကျွန်တော့်ကို
တော့ အိမ်ကdriverလွှတ်လိုက်တယ်
ပြီးတော့ ကျွန်တော့်မိဘတွေမအားရင်
ကျွန်တော်နဲ့အတူတူအဖော်လုပ်ပေးတဲ့
Nannyရယ်ပဲပါလာတယ် ဒါပေမဲ့
nannyပါလာတော့ကျွန်တော်စိတ်သက်သာရာရခဲ့ပါတယ် အချိန်တွေကြာ
လွန်လာတော့ Nannyကိုသူတို့
အလုပ်ဖြုတ်ပစ်တယ် ကျွန်တော်ကိုယ့်
အားကိုယ်ကိုးရတော့မယ်ဆိုပြီး
အဲ့ဒီ့အချိန်ထဲကကျွန်တော်gangster
တစ်ယောက်ဖြစ်ခဲ့တာ ဘယ်သူတွေ
ဘာပြောပြောဂရုမစိုက် Appaကတော့
အဲ့အလုပ်မလုပ်ဖို့ပြောပါတယ် ဂရုစိုက်
လို့မဟုတ်ပါဘူး နောက်ပြီးတော့ပြော
သေးတယ် သူ့Imageပျက်မှာစိုးလို့
တဲ့ ကျွန်တော်လည်းသူနဲ့ရန်ဖြစ်ပြီး အိမ်
ပေါ်ကဆင်းလာတယ် ပြီးတော့
Gangsterဂိုဏ်းတွေထဲမှာအကြီးဆုံး
ဖြစ်တဲ့ Fire Pheonixထဲကိုဝင်
လိုက်တယ် အချိန်ကြာတာနဲ့အမျှ ခေါင်း
ဆောင်မဟုတ်ပေမဲ့ ကိုယ်ကြိုက်သလို
နေလိုရတဲ့လူတစ်ယောက်ဖြစ်လာတယ်
အဲ့ဒီ့မှာSehunနဲ့သူငယ်ချင်းဖြစ်လာ
တာပေါ့ သူလည်းကျွန်တော့်ကိုနားလည်
ပါတယ် သူလည်းကျွန်တော့်လိုပဲအိမ်က
ဆင်းလာတာတဲ့ မလွတ်လပ်လို့ အတွေး
ထဲမျောနေပြီးသူတို့သူငယ်ချင်းတွေနေတဲ့အဆောင်ကိုပြန်ရောက်လာတယ်

You've reached the end of published parts.

⏰ Last updated: Apr 16, 2017 ⏰

Add this story to your Library to get notified about new parts!

Gangster's heartWhere stories live. Discover now