ချာတိတ်

10.6K 640 37
                                    

✔Unicode✔

"ကိုကို"

"ဗျာ"

"ကျွန်တော့် ကိုနမ်း"

ချာတိတ် စကားကြောင့်
ကျွန်တော်မျက်လုံးပြူးသွားတယ်။
လူတွေအများကြီးရှေ့မှာနမ်းခိုင်းနေသည်လေ။

"ချာတိတ် ရယ်လူတွေအများကြီးနဲ့ကို"

"ကိုကို ကျွန်တော့် ကိုတကယ်မချစ်ဘူးမလား"

အယ်....
ဘာမှလဲမဆိုင်ဘူးဗျာ။

"ချာတိတ် ကို ကိုယ်ဘယ်လောက်ချစ်တယ်ဆိုတာ
ချာတိတ် သိတယ် မလား"

"မသိဘူး။ "

ဟော....
မသိဘူးဆိုကာ နှုတ်ခမ်းကိုတတောင်လောက်ဆူပြီး
တစ်ဖက်ကိုလှည့်သွားလေရဲ့။
ဒါနဲ့ ကျွန်တော် လဲသောက်လက်စကော်ဖီခွက်ကိုချကာ
လှည့်သွားတဲ့ သ့ူကိုယ်လေးကို ကိုယ့်ဘက်ဆွဲလှည့်လိုက်သည်။ဒါကိုသူကရုန်းနေသေး။

"ချာတိတ် မဆိုးနဲ့ကွာ။အခုကိုယ်တို့ရောက်
နေတာကပန်းခြံလဲမဟုတ်ဘူး။ရုပ်ရှင်ရုံလဲမဟုတ်
ဘူးနော်"

"အဲတော့ ဘာဖြစ်လဲ"

ဟောကြည့် ။
ရစ်ပြီ။
သူလေးက ကျွန်တော့် အပေါ်ဆိုအကြောင်းမရှိအကြောင်းရှာလိုက်ရမှ
အိပ်ပျော်စားဝင်သူလေးလေ။

"လူတွေရှေ့ကိုယ်တို့နမ်းလိုက်ရင်
ကိုယ်တို့ကိုလူတွေဘယ်လိုထင်သွားမလဲ"

"ဂရုမစိုက် ဘူး"

ခက်ပါရော် ။

"ချာတိတ် "

"ကိုကို ကျွန်တော့် ကို နမ်းမလား
ကျွန်တော် ကိုကို့ ကိုနမ်းရမလား။"

အော်.... သူလေးနစ်နာသွားဦးမယ်။

"အဟက်....ချာတိတ် နှာပူးလေး"

"ကိုကို! !"

High noteဖြင့်ကျွန်တော့်အားအော်ကာ
စိတ်ကောက် သွားပြန်၏။
လှည့်သွားတဲ့ သူ့မျက်နှာလေးကိုကိုယ့်ဘက်ဆွဲလှည့်ပြီး
လက်တစ်ဖက်ကသူ့ပါးကိုကိုင်၊နောက်တဖက်ကဖက်လက်စ စာအုပ်လေးဖြင့်ကွယ်ကာ သူ့စတော်ဘယ်ရီသီးလေးများအား
စားသုံးလိုက်လေသည်။

သောက်ကလေး ဒီလိုကျပြုံးဖြီးလို့။

> > >

ချာတိတ်(စာပြင်ရန်ရှိ)Where stories live. Discover now