Light and Shadow

8.5K 533 109
                                    

"ကျွန်​​တော်​ Kagami kun ရဲ့ အရိပ်​အဖြစ်​ ရှိ​နေမယ်​"

ဒါဟာ ကတိသစ္စာတစ်​ခုလို​ပေါ့ ....

ကစားပွဲတိုင်း ကျွန်​​တော်​ဟာ အလင်း​ရောင်​ရဲ့ အရိပ်​အဖြစ်​အမြဲရှိ​နေခဲ့သလို ကျွန်​​တော်​တို့ အတူတူ တိုက်​ပွဲဝင်​ကြပြီး ​အောင်​နိုင်​ခဲ့ကြတယ်​ ! ကျွန်​​တော့်​ဆီကမ်း​ပေးတဲ့ အလင်း​ရောင်​ရဲ့ လက်​သီးဆုတ်​​​ဟာ ကျွန်​​တော့်​အတွက်​ ​အောင်​ပွဲရဲ့ ဆုလာဘ်​တစ်​ခု ထက်​ ပိုသည်​! သူ့နှဖူးဆီက ​ချွေးစက်​​တွေ သူ့မျက်​နှာ​ပေါ်က ​ကျေနပ်​အားရပြုံး​တွေ အားလုံးဟာ ကျွန်​​တော့်​ အတွက်​ အရိပ်​အဖြစ်​ဆက်​ရှိ​နေဖို့ ခွန်​အား​တွေ ဖြစ်​​စေတယ်​ !

ကျွန်​​တော်​ဟာ အရိပ်​....

သူဟာ အလင်း​ရောင်​......

ကျွန်​​တော့်​ရဲ့ တခုတည်း​သော အလင်း​ရောင်​.....

Kagami kun......

Kagami ဟာ စာ​ရေးစားပွဲ​ပေါ်မှာ ​မှောက်​အိပ်​​နေတယ်​ ! သူ့ရဲ့ ထူးဆန်းတဲ့ နှစ်​ခွပုံစံ မျက်​ခုံးက တွန့်​​ကွေးလို့ ! ​ရှေ့အချိန်​က အချိန်​ပြည့်​သင်​ပြီး ထွက်​သွားတဲ့ သမိုင်းဆရာရဲ့ စာရှင်းချက်​က ပြင်းပုံရတယ်​ Kagami တစ်​​ယောက်​ အ​သေ​ကောင်​လို ထိုးသိုးအိပ်​​နေ​တော့တာ ကြည့်​​လေ ! တချက်​တချက်​ အိပ်​ရင်း သူ့နှာ​ခေါင်းကို ကုတ်​​နေ​သေးတယ်​ !

ကျွန်​​တော့်​အလင်း​ရောင်​ဟာ တကယ်​က​လေးဆိုးကြီး တစ်​​ယောက်​လိုပဲ .....

အတန်းထဲ ဆရာမရှိချိန်​က​တော့ သိတဲ့ အတိုင်း ​ကြောင်​မရှိ ကြွက်​ထဆိုသလို​ပေါ့ ! အားလုံးပွက်​ပွက်​ညံလို့ ! အိပ်​​ပျော်​​နေတဲ့ က​လေးဆိုးကြီးကို ​ငေး​နေမိတာ ကျွန်​​တော်​တစ်​​ယောက်​ထဲ ရှိမယ်​ထင်​တယ်​ ! တစွန်းတစ​ပေါ်​နေတဲ့ သူဖိအိပ်​ထားတဲ့ စာအုပ်​​ပေါ်မှာ တစုံတရာ ​ရေးခြစ်​ထားတာ​လေး​တွေ ကျွန်​​တော်​​တွေ့တယ်​ ! Kagami ဟာ သမိုင်းဆရာရဲ့ Edo ​ခေတ်​ကို ပြန်​လည်​​ခေါ်​ဆောင်​မှုအ​ပေါ် စာအုပ်​ထဲ ​တောင်​ခြစ်​​မြောက်​ခြစ်​ လုပ်​ကာ အိပ်​ချင်​စိတ်​ကို ကျားကုတ်​ကျားခဲ ကျားကန်​ခဲ့ပြီး ​နောက်​ဆုံး မတတ်​နိုင်​​တော့ပဲ လက်​​မြှောက်​အရှုံး​ပေးသွားပုံ​ပေါ်သည်​!

Light and ShadowWhere stories live. Discover now