ဖြူလွှလွှ ဇာပါးပါး ကုလား ကာ အတွင်းသို့ ဖြည်းဖြည်းလေး တိုးဝင် လာ နေ သော နေရောင်လေး က နံရံ တိုင်း၏အမှတ်တရ များ စွာကို ထင်ပေါ် နေ စေခဲ့ သည်။မနက်ခင်း လေ ညှင်းလေး ဝင် လာ တိုင်း နံရံပေါ် က စာရွက် လေး တွေ တဖြတ်ဖြတ် လန်သံ လေးတွေ ကြား နေ ရ သည်။တိတ်ဆိတ် လွန်း နေသည့် အခန်းလေး ထဲ မှာလည်း အတိတ် ရဲ့ ပဲ့ တင် သံ တို့ ပျံလွင့် ကာနေ သည်…အိပ်စက်နေ သော် လည်း မေ့လောက် မယ်ထင်ခဲ့ သည့် အတိတ်တို့ က အိပ်မက် အဖြစ်ကြီး စိုး ကာ နေ သည်…
အိမ်မက်ဆိုး၏အဆုံး၌ တုန်ရီ မောဟိုက် စွာ နိုးထ လာ ခဲ့ ရင်း ဝေဝါးနေ သည့် ပုံရိပ် များအား မေ့ဖြောက် ဖို့ မျက်လုံးကိုသာ လက်နှင့်အုပ် ၍ပွတ်နေ ခဲ့ မိ သည်…ခဏ လောက် နေ တော့မှ…"ဟူး~~~ဒါအိမ်မက် ဘဲ…"
မရိုးခဲ့ ပါ လွန်ခဲ့ သည့် ငါးနှစ်တာ က အတိတ် က ခြောက် လှန့် ၍နေဆဲ မို့ ပါ…အသက်နှစ်ဆယ် တောင် ပြည့်ခဲ့ ပြီ ဘယ်လောက်တောင် အတိတ်တွေ ကို ကြိုးစားမေ့ ခဲ့ ရ သလဲ…ဘယ်လို ဖြစ်ဖြစ် မဖြစ်နိုင်ပါ…သူ့ အကြောင်းနဲ့ ပြည့်နေ တဲ့ စာအုပ်တွေ သူ့ ဓာတ်ပုံ တွေ ကပ် ထား တဲ့ နံ ရံ တွေ က သက်သေ တွေ ပဲ လေ…ကြိုးစားပြီး မေ့ လို့ ရ ယောင်ဆောင် ခဲ့ ပေမယ့် ကျွန်မ အတွက် ဘယ် လိုလုပ် ဖြစ်နိုင် ပါ့မလဲ?
ဒေါက်!ဒေါက်!ကျွီ~~~
"အော်! သမီးနိုးနေ ပြီ လား ?"
"ဟုတ်အမေ"
"သွား မျက်နှာသစ် ရေ ချိုး လိုက် ဦး ပြီး ရင် အမေ နဲ့ ဘုရားကျောင်း သွား ရ အောင်…"
"ဟုတ်"
စကားလည်း သိပ် မပြော တတ်သလို အခန်း လေး ထဲ မှာဘဲ အမြဲ နေနေ တတ် သည်…ပြောစရာလည်း မရှိ ပါ ဖေဖေကကနေ ဒါ မှာ မေမေ ကလည်း ဒဇိုင်းနာဆိုတော့ အလုပ်မှာလိုလို အချိန်ကုန် နေ တတ်သူ ပါ…ဒီနေ့ တော့ ကျွန်မ မွေး နေ ဆိုတော့ မေမေ က ကျွန်မ အနား မှာ နေ ပေးမယ့်ပုံ ပင်…
ကြည်လင်တဲ့ မှန်ရှေ့က ကိုယ့်ပုံ ရိပ်ကို ကြည့်ရင်းသက်ပြင်းတစ်ချက်ချ မိ သည်…
အိမ်အပြင် လည်း မထွက်တာ ကြာ လို့ လား မသိ လူ က အလိုလို လေး လံ နေ သလို ဖြစ်နေ သည်…
အတွေးတွေ ကို ဂရုမစိုက်ဘဲ အခန်း တံ ခါး လော့ လး ဖွင့်လိုက်တော့ အသာတကြည် ပွင့် သွား တဲ့ တံခါးရဲ့ နောက်က အတိတ်ရဲ့ လှေကားလေး တစ်ခု… တချိန်က လက်ရမ်းတွေ မှာ ပြည့် နှက်နေ ခဲ့ တဲ့ သူ့ဓာတ်ပုံ အချို့… အခုတော့ မေမေ သိမ်းထား တာ တူ တယ် …
ကိုယ့်အိမ်ဆိုကေမယ့် ပတ်ဝန်းကျင်အသစ် တစ် ခု က ကြို ဆိုနေ သလို ဧည့်ခန်း ပတ်ပတ် လည် ကို လိုက်ကြည့် နေ မိ သည်…
"သမီးသွားရ အောင် လေ…"
"ဟုတ်…"