Episode(1)

50 3 2
                                    

ကျွန်မနာမည်က Glory Moon
ကျွန်မကသာမာန်မိသားစုကပေါက်ဖွား
လာတဲ့သူ၊ ကျွန်မနှစ်တန်းအရွယ်လောက်
မှာကျွန်မအဖေဆုံးသွားတယ် ကျွန်မအမေက ကချေသည်တစ်ယောက်
အိုဆာခါမှာနေတယ်
သူမနာမည်က နန်းတဝ ဂျပန်အမျိုးသမီးတစ်ယောက်ပါ
ဒါပေမဲ့ ကျွန်မအဖေ ဆုံးပြီးတဲ့နောက်မှာ ကျွန်မအဖေပိုင်ဆိုင်တဲ့စည်းစိမ်မှန်သမျှကို အိုဆာခါကကျွန်မအဖေရဲ့ညီမဖြစ်သူ
မိုရီခု ကအကုန်လုံးသိမ်းကျုံးယူသွားခဲ့တယ်
အဲ့ဒီနောက် ကျွန်မတို့ အိမ်တွင်းရေး အဆင်မပြေဖြစ်လာခဲ့တယ် တစ်နေ့မှာတော့ ကျွန်မအမေကို
"ဒေါက် ဒေါက်"
နန်းတဝက"သမီးရေ အပြင်မှာဘယ်သူ လာလဲမသိဘူး။ သွားကြည့်လိုက်ပါဦး။"
"ဟုတ်ကဲ့ အမေ"
"အဒေါ်ကြီး အိုမီစံပါလားဂျပန်ကဘယ်တုန်းကပြန်ရောက်တာလဲ"
"လွန်ခဲ့တဲ့နှစ်ရက်ကပါ သမီး ဒါနဲ့ သမီးအမေကော"
"အမေ အိမ်နောက်မှာပါ"
"အိုမီစံ ဘာကိစ္စလဲ"
"ငါနင့်ကိုအလုပ်တစ်ခု ဆက်ပေးမလို့ပါ"
"ဒါပေမဲ့ အဲ့ဒီအလုပ်ကို နင်လက်ခံချင်မှ လက်ခံလိမ့်မယ် နင့်မိသားစုအတွက်တွေး
ပြီးနင်လုပ်မှဖြစ်မယ်"

အိုမီစံ၏စကားကြောင့် နန်းတဝစိတ်ထဲ၌
တွေဝေသွားခဲ့သည်။
"ဧကန္တအဲ့ဒီ အလုပ်က...."
အိုမီဆံက.."ကချေသည် အလုပ်ပဲ"
နန်းတဝမှာအိုမီစံ၏ကမ်းလှမ်းမှုကို လက်ခံလိုက်သည်။သို့သော် Glory Moonမှာမူ မိခင်ဖြစ်သူနှင့်ခွဲခွာရမည်ဖြစ်သဖြင့်
ရင်ထဲတွင် ဝမ်းနည်းနေမိသည်။
မိခင်ဖြစ်သူက သူမအားသည်လိုမှာခဲ့သည်။
"သမီးလေး Glory Moon..သမီးကို
မေမေ စိတ်ချမယ်နော် မေမေ့အစား သမီးရဲ့အဒေါ်တွေက သမီးကိုစောင့်
ရှောက်လိမ့်မယ်။ သမီးကြီးလာရင် ပညာတတ်ကြီး ဖြစ်တဲ့အခါကျရင်သမီးနဲ့
မေမေနဲ့အတူတူပြန်နေမယ်နော်"
နန်းတဝသည်Glory Moonတို့နှင့်နေ
ခဲ့သော USကိုစွန့်ခွာပြီး အိုဆာခါသို့ခရီး
နှင်ခဲ့လေပြီ။ သမီးဖြစ်သူ Glory Moon မှာနှစ်တန်းကျောင်းသူဖြစ်သော်
လည်းမိခင်မှာခဲ့သော ဆုံးမစကားအတိုင်း
မလွဲမသွေ လိုက်နာကာ မိမိဘဝကိုကြိုးစားကျော်ဖြတ်ခဲ့လေပြီ။
သို့သော် တစ်နေ့မှာတော့...အဒေါ်ဖြစ်သူက
"Glory Moon"
"ရှင် အဒေါ်"
"နင်လည်းအရွယ်ရောက်ပြီဆိုတော့ အလုပ်ထွက်လုပ်ဖို့စဉ်းစားတော့"
"ဒါပေမဲ့..."
"ဘာ ဒါပေမဲ့လဲ နင်ကငါ့ကို အာခံ မလို့လား"
"မဟုတ်ပါဘူး သမီးအပြင်ထွက်ပြီး အလုပ်ရှာပါ့မယ်"
"နင်ရတဲ့ အလုပ်ခကိုငါ့ကိုတစ်ပြားမကျန်
ပြန်အပ်ရမယ် ကြားလား"
"မဟုတ်လို့ကတော့:...... ငါနင့်ကိုရောင်းစားပစ်မယ်။ အဲ့အခါကျမှ
အဒေါ်တွေ ဘာတွေလာမလုပ်နဲ့"
Glory Moonဟာ သူမရဲ့အမေဆီ နေ့တိုင်းစာပို့တယ် ဒါပေမဲ့ သူမအဒေါ်က
သူမရဲ့စာတိုင်းကိုမီးရို့ပစ်တယ်
Glory Moon ဟာသူမအဒေါ်ပြောတဲ့
အတိုင်း တစ်ဆိုင်ဝင် တစ်ဆိုင်ထွက်
အလုပ်ရှာတယ် နောက်ဆုံးမှာတော့
ကော်ဖီဆိုင်တစ်ဆိုင်ကိုရောက်သွားတယ်
"ဘာအလိုရှိလို့လဲ အမ"
"ကျွန်မ အလုပ်လိုချင်လို့ပါ"
"အလုပ်ရှင်မရောက်လာ သေးလို့ခဏ
စောင့်ပါနော်"
"ဟုတ်ကဲ့ရှင့်"
Glory Moon မှာအလုပ်ရှင်ကိုထိုင်
စောင့်ရင်းမှေးခနဲအိပ်ပျော်သွားသည်။
ခဏအကြာတွင် Glory Moon၏နှာခေါင်းမှသွေးများကျလာသည်။ Glory Moonမှာအိပ်ပျော်နေသော
ကြောင့် သတိမထားမိပေ။
ထိုအချိန်တွင် နူးညံသောလက်တစ်စုံက
သူမ၏နှာခေါင်းမှကျလာသောသွေးစက်
များကိုတယုတယဖြင့် ညင်သာစွာသုတ်
ပေးပြီး သူမကို နိုးစေခဲ့သည်.........။

ကျေးဇူးတင်ပါသည်
ဆက်ရန်

Nant Thel

              Nant Thel

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

One Last TimeWhere stories live. Discover now