ပုလင်းဖင်လောက်ရှိသောမျက်မှန်
အဝိုင်းလေးကိုတပ်ကာ
လက်ထဲမှစာအုပ်5ခန့်လောက်ကိုပိုက်ပြီး
ကျောင်းဝင်းအတွင်းသို့ မနှေးလွန်း မမြန်လွန်းသော
ပုံမှန်ခြေလှမ်းများဖြင့် လာနေသော စာကြပိုးလေးSehunထိုကျောင်းသားကိုကြည့်သူမရှိ
Sehunအတန်းထဲသို့ဝင်ထိုင်ပြီး သိပ်မကြာမှီပင်
ကျောင်းတက်သွားသည်~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဒီနေ့၏ပထမဆုံးအချိန်က အားကစားအချိန်ဖြစ်၍
အားကစားဝတ်စုံလဲပြီး
Basketballကွင်းအတွင်းသို့ဝင်လာခဲ့သည်"Kai..Kai..Kai"
တခြားသူ လက်ထဲမှဘောလုံးကို လိုက်လုနေသောKai
ပြေးလွှားကာ ဘောလုံးလိုက်လုရသောကြောင့် ခန္ဓာကိုယ်မှထွက်နေသော ချွေးသီးလေးများ။နှဖူးမှချွေးစက်လေးတွေနှင့်Kaiသည် ယောက်ျားပီသလွန်းသည်။Perfectဖြစ်လွန်းသည်။ကျနော်Kaiကို ငေးကြည့်နေတုန်း"ဘုန်း....
အင့်"မျက်လုံးထဲမှာ ကြယ်တွေ လတွေတောင်မြင်သွားတယ်။
အား..နာလိုက်တာ။ဘောလုံးမှန်တာလားမသိဘူး။"ချာတိတ် ရလား။ဟာ..သွေးတွေ"
မျက်မှန်ကျိုးသွားသည်ထင်တယ်။
မျက်မှန်လည်းဘယ်ရောက်သွားမှန်းမသိ။
နဂိုထဲကမှ မျက်မှန်မပါရင် ဘာမှမမြင်ရတဲ့ကျနော့်ကိုစကားလာပြောတဲ့သူသည် ဘယ်သူမှန်းမသိ၍မျက်နှာကိုကြည့်ရန် မျက်မှန်ကိုရှာနေတုန်း။လေပေါ်မြောက်သွားတဲ့ ကျနော်ခန္ဓာကိုယ်။ကျနော်ထိုလူ့မျက်နှာကိုစိုက်ကြည့်သော်လည်း ဝါးတားတားသာမြင်နေရသည်။ကြည့်ရတာ ကျနော့်ကိုကျောင်းဆေးခန်းကိုခေါ်သွားတာဖြစ်မယ်"ဆရာမ ဒီမှာ ဘောလုံးမှန်သွားလို့"
"ဟယ်...သွေးတွေထွက်နေပါလား"
"ဟုတ်တယ် ဆရာမ နှာခေါင်းရိုးကျိုးသွားလားမသိဘူး။
ကြည့်ပေးပါအုံး"
YOU ARE READING
BROKEN
FanfictionSehun ငါမင်းကို ချစ်လွန်းလို့ အခွင့်အရေး နှစ်ခါတောင်ပေးခဲ့တာ။အခု ဘာမှလုပ်လို့မရတော့ဘူး ပြီးဆုံးသွားပြီ။ ~~~~~~~~~~~~~~~~~~~~~~~~~~ Kai တောင်းပန်ပါတယ်။တောင်းပန်ပါတယ်ဆိုတဲ့စကားအပြင်ပြောစရာမရှိလို့ ထပ်ပြီးတောင်းပန်ပါတယ်။နေ...