Smile for you

6.3K 145 5
                                    

ဒီနေ့ သူရဲ့ ဒုတိယမြောက် drama စာနယ်ဇင်းရှင်းလင်းပွဲဖြစ်သည်။

"SeongWoo...ပွဲစတော့မယ် ခနနေကျရင် လာခဲ့လိုက်တော့"

အခန်းတံခါးဖွင့်ကာ လာပြောသော သူ့မန်နေဂျာ။

Ongတစ်ယောက် မှန်ထဲမှသူ့ပုံစံကိုကြည့်ကာ သက်ပြင်းတစ်ချက်ချရင်း

"စိတ်ကိုတည်တည်ငြိမ်ငြိမ်ထား Ong Seongwoo.."

Ongလည်း နက်ကတိုင်ကိုသေချာပြန်ပြင်ကာ အခန်းထဲ
ကထွက်လာခဲ့လိုက်သည်။ အခန်းရှေ့မှာရပ်နေသော
မိန်းကလေးတစ်ဦး။

Ong ထိုမိန်းကလေးကိုစိုက်ကြည့်ကာ လှည့်ထွက်သွား
ရန်အလုပ် ထိုကောင်မလေးက Ongကို အနောက်ကနေ ဖက်လိုက်သည်။

"လွမ်းနေတာ..."

"....."

Ong သူမရဲ့ လက်ကို ဆွဲဖြုတ်လိုက်သည်။

"ရှင်ရော ကျမကိုမလွမ်းဘူးလားဟင်"

Ongသက်ပြင်းချကာ ထိုမိန်းကလေးကိုလှည့်ကြည့်ပြီး

"မင်းကို လွမ်းရအောင် မင်းလုပ်ခဲ့တဲ့လုပ်ရပ်တွေမေ့သွားတာလား"

"လူဆိုတာအမှားရှိမှာပဲ Seongwoo...ကျမတခါပဲမှားခဲ့
တာပါ..သေချာတာကတော့ ရှင့်ကိုကျမပိုင်တုန်းပဲ.."

"အဟက်~~~မျက်နှာပြောင်တိုက်ရဲတဲ့မင်းကိုချီးကျူးပါ
တယ်ကွာ~~အင်းပေါ့ မင်းလို နာမည်ကျော်မင်းသမီး
တစ်လက်က ဒီအမူအရာလောက်တော့ သရုပ်ဆောင်
နိုင်တာပေါ့...အမှားးး တခါပဲမှားခဲ့တဲ့အမှားဟုတ်လား!!
မင်းမှားခဲ့တဲ့အမှားက ငါ့ရှေ့မှာ တခြားတကောင်နဲ့
ချစ်ရည်လူးပြတဲ့အမှားလား~~ တောက်~~~~အရှက်မရှိတာ
တော်ရုံပဲကောင်းတယ် Lee Yoon Mi... ငါက မင်းပိုင်
တဲ့အရုပ်မဟုတ်ဘူး ...အရင်က မင်းသိတဲ့ Ong Seong Woo မဟုတ်တော့ဘူး~~"

ထိုမိန်းကလေးလက်ကို ဆွဲဖြုတ်ကာ ထွက်လာခဲ့လိုက်
တော့သည်။ သူရဲ့ရင်ထဲမှာတော့ အတိတ်ကတနေရာဆီ။
>>>>>>>>>>>>>
Flashback
><><><><><>

ဒီနေ့ သူနဲ့ Yoon Miတို့ရဲ့ ချစ်သူသက်တမ်း
ရက်၁၀၀ပြည့်။ သူကိုယ်တိုင် ပန်းစည်းလှလှလေးဝယ်
ကာ သူမအတွက် လက်ဆောင် လက်စွပ်ဘူးလေးကို
ယူကာ ကားလေးကို သူမအိမ်သို့မောင်းထွက်လာသည်။

Help me with your Love (Wanna One Fanfic Myanmar)(Complete)Where stories live. Discover now