Ep-1

1.2K 53 9
                                    

'' ဟား တလောကလုံးမှောင်မဲသွားသလားပဲ ''

Canteen မှာထိုင်နေရင်း အမောင် Chanyeol ရဲ့ ထူးထူးဆန်းဆန်းစကားကြောင့် ဘုမသိဘမသိ Sehun တစ်ယောက် ကောင်းကင်ကိုမော့ကြည့်လိုက်ရင်း ....

''ဘာဖြစ်လို့လဲ ဒီလောက်နေသာနေတာကို''

''ဘာဖြစ်ရမှာလဲ ဟိုမှာလေ ကိုကိုမှောင် လာနေပီ''

Chanyeol မေးငေါ့ပြတဲ့နေရာကို ကြည့်မိတော့ ရှိုးအပြည့်နဲ့ style မိမိ လမ်းလျှောက်လာနေတဲ့ Kai ....

Canteen ထဲဝင်လာသည်နှင့် ကောင်မလေးတွေ ပြုံးစိစိနဲ့ကြည့်နေတာကြောင့် ဂိုက်အပြည့်နဲ့လမ်းလျှောက်နေတဲ့ ကျွန်တော် ခြေလှမ်းတွေမှားချင်သယောင် ....

ဟိုကောင်တွေ ကျွန်တော့်အကြောင်းပြောနေကြပီဆိုတာတော့ ရိပ်မိလိုက်သည် ....

''အဖြူရောင်လေးနဲ့ဟပ်နေတာပဲ''

လှမ်းအော်ပြောလိုက်တဲ့ သကောင့်သား Chanyeol ကြောင့် ကျွန်တော့်မှာ တခြားစားပွဲဝိုင်းတွေကိုမကြည့်ရဲ ဒီအချိန်ဆို ကောင်မလေးတွေရယ်နေလောက်ပီလေ ....

သူပြောလည်းပြောချင်စရာပင်ကျွန်တော်သည်
အဖြူရောင်ကိုအရမ်းကြိုက်သည် .... အဖြူကြိုက်သည့်ကျွန်တော့်အသားက Chanyeol ပြောနေကျ အနက်နုရောင်အသားမှာ ပိုမိုပေါ်လွင်ကာ ပနံရသွားလေသည် ..... တကယ်တန်းပြောရရင် ကျွန်တော့်အသားသည် ခပ်ညိုညိုဖြစ်ပေမယ့် sexy ကျပီး ရုပ်ကအားကြီးဖြောင့်တာကို ဒီကောင်တွေ ကြည့်တတ်ရင်မြင်နိုင်ပါတယ်လေ .....

'' လာလာ choco ဒီဘက်ကိုလာခဲ့ ''

'' ဟျောင့် ဖြူဖွေး ဒီဘက်ကိုလာကွာ ''

Chanyeol က သူ့ဘေးမှလွတ်နေသည့် ခုံမှာထိုင်ရန်ခေါ်သည် ထိုနည်းတူ Sehun မှလည်း သူ့ဘေးကခုံမှာထိုင်ရန်ခေါ်သည် .....

အလုယက်ခေါ်တာအရေးမကြီး အားနေ skin color ကိုပဲ လာလာထိပီး နာမည်ဖျက်နေတဲ့ ဒီနှစ်ကောင်ကြောင့် ဒုက္ခ ကောင်မလေးတချို့လည်း ဒီနှစ်ကောင်ခေါ်တဲ့နာမည်တွေကြောင့် ထရယ်ကြသည် .....

'' ဟျောင့် Sehun မင်းကဘာလဲကွ choco ကို ဘာ ဖြူဖွေးလဲ ''

'' ဟျောင့် မင်းလည်းဘာလို့ ဖြူဖွေးကို choco လို့ခေါ်တာလဲ''

ကျွန်တော်နှင့်သူမ Where stories live. Discover now