Ep-2

549 35 2
                                    

ကျောင်းတက်ရင်း ရက်သတ္တပတ် ကုန်လွန်ပီးနောက် စာသင်ခန်းအတွင်း ၀င်လာသော ပုံရိပ်ကြောင့် ပွတ်လောရိုက်နေသော ကျောင်းသူကျောင်းသားများထံ တိတ်ဆိတ်မှုတွေကြီးစိုးသွားလေသည်...
ထိုတိတ်ဆိတ်မှုကြောင့် ကျွန်တော်တို့သုံးယောက်လည်း အခန်းအပေါက်ဝကို လှမ်းကြည့်လိုက်စဉ် ....

အားနာတတ်သော ထိုကောင်မလေးနှင့် အရယ်သန်သော သူမသူငယ်ချင်း ....

''ငါ့ကောင်ကြီးတော့ ကံကောင်းပီဟေ့''

Chanyeol က ကျွန်တော့ကိုလှမ်းတို့ရင်း ပြောလိုက်သံကို ထိုကောင်မလေးကြားသွားလားမသိ သူမအကြည့်က သတိလက်လွတ်ငေးနေသော ကျွန်တော့်ထံသို့ဖျပ်ခနဲလှမ်းကြည့်သည် ....

ထိုအကြည့်တစ်ချက်မှာတင် ရှိရှိသမျှအစိတ်အပိုင်းများရပ်တန့်သွားလောက်အောင်ပင် ကျွန်တော် မှင်သက်သွားရသည် ....

ကံကောင်းသည်က ကျွန်တော့်ရှေ့မှ ကောင်မလေးက သူမတို့ဘက်လက်ပြကာ သူမဘေးမှ ကောင်မလေးကိုလှမ်းခေါ်လိုက်သည်....

'' LuLu ငါဒီမှာ နင်တို့ကလည်း ကျောင်းတက်တာနောက်ကျလိုက်တာ''

''တစ်ပတ်တည်းနဲ့တော့ စာတွေနောက်မကျပါဘူး မိ Soo ရဲ့''

အရယ်သန်သောကောင်မလေးက သူမနှင့်အတူ ကျွန်တော်တို့အရှေ့ခုံမှာ ၀င်ထိုင်လိုက်သည် ....

အရယ်သန်သောကောင်မလေးနာမည်က LuLu ဒါဆိုသူမနာမည်ကရော ကျွန်တော်၏ သိချင်စိတ်တို့ကကြီးစိုးနေလေသည် .....

''Baek နင် မိ lulu ကို စောင့်နေရတာမှတ်လား''

''သိတဲ့အတိုင်းပဲ Soo ရေ''

အသားကုန်နားစွင့်နေသော ကျွန်တော့်ရဲ့နားမှာ သူမရဲ့နာမည်လေးကြားလိုက်သည်နှင့် ရင်ထဲမှာနွေးထွေးမှုတွေပေါ်ပေါက်လာလေရဲ့....
သူမရဲ့အသံလေးကလည်း ပျားရည်သဖွယ် ချိုမြသောအရသာနဲ့အတူ ကျွန်တော့်နားစည်ကို ဖြတ်သန်းသွားရင် ကျွန်တော့်ရင်ဘတ်အတွင်းသို့ တိုးဝင်သွားလေရဲ့.......

''ငါ့ကောင်ကြီးတော့ ဒီကရှေ့ ကျောင်းပျက်မှာမပူရတော့ဘူး....

''အေး နေ့တိုင်းအစောကြီးရောက်နေမှာ မြင်ယောင်သေးတယ် ဟဟ''

ကျွန်တော်နှင့်သူမ Where stories live. Discover now