1 special(start)

1.4K 79 3
                                    

နားထဲ အသံတစုံတရာကြောင့် မျက်လုံးတွေဆက်မှိတ်ထားမနိုင်တော့ဘဲ နိုးလာတော့သည် ။ဖွင့်ကြည့်လိုက်တဲ့ မျက်လုံး များက စပ်ဖြည်းဖြည်းနဲ့ ခံစားချက်ဆိုးရွားလို့ နေသည် ။ပြတင်းပေါက်မှလာသော နေရောင် ထင်းထင်းက မစောတော့ကြောင်းသိလိုက်ရ သည် ။

ပက်လက်အနေအထားနဲ့ အိပ်ပျော်နေသော ကိုယ်က ဘေးကိုခေါင်းစောင်းငဲ့ကြည့်တဲ့အခါ နောက်လှည့်ထိုင်နေတဲ့ ချစ်ရသောကြင်သူ၏ ကျောပြင်ကျယ်ပြန့်ပြန့် ကိုတွေ့ရသည် ။
လှုပ်ရွရွနဲ့ တခုခုအလုပ်ရှုပ်နေပြီး အောက်သို့ တစုံတရာထိုးထည့်နေသလို
ကျွန်တော့်ဘေးအိပ်ရာပေါ်တွင် ချိတ်နဲ့တွဲလျက် အဝတ်အစားများပြန့်ကျဲလို့ ။
သြော်...သူ ညနေသွားမဲ့ခရီးအတွက်ပြင်ဆင် နေတာပဲ ။
ခေါင်းထဲရိပ်တိတ်တိတ်နဲ့ နားထင်နားကသွေး ကြောက ခါတိုင်းထက်အဆမတန်ခုန်လှုပ်နေ သည်ကို ခံစားနေရသေးသည် ။ ဟိုတညကတည်းက နေမကောင်းဖြစ်နေတာ ညကလဲ သူ့အတွက်ဘာမှထမပြင်ဆင်ပေးမိ
ဘူး။ ကျွန်တော့်ကိုပြုစုပေးနေတာနဲ့ ရုံးကပြန် လာလဲသူလဲမနားရဘူး ။ ကျွန်တော့်ကို တည လုံးပြုစုပေးနေတာနဲ့တင် ဒီမနက်မှာလဲ ကျွန်တော်မနိုးသေးတုန်း အလျင်ပြင်ဆင်နေသလိုပင် ။

'' Taehyung ya~ ~ ''

'' နိုးပြီးလား hyung ''

'' အွန်... ''

နောက်လှည့်ကာ ကျွန်တော်နဖူးပေါ်ကို သူ့နှုတ်ခမ်းလေးတွေနဲ့ ငုံ့နမ်းလာတယ် ။ နောက်ပြီး နှုတ်ခမ်းပေါ်ကောပဲ...။

'' သက်သာလား ဘယ်လိုနေသေးလဲ ''

''အင်း...ကောင်းတော့မှာ. .ပါ ''

ဘာကြောင့်လဲလို့ ပြောရင်လဲမသိဘူး။
အပေါ်ကနေအုံ့မိုးကြည့်နေတဲ့ သူ့မျက်နှာကို ကြည့်ရင်း ငိုချင်လာ၍ ပြန်ဖြေသောစကားသံတို့ က တုန်ရီလာသည် ။

'' မငိုနဲ့ တိတ်. .တိတ်. .ခေါင်းပိုကိုက်လိမ့်မယ် ''

'' ဟင့် Taehyung yaaa~~ ''

သူ့ကိုယ်ကို ကျွန်တော့်ဆီကိုဆွဲချလျက် သိုင်းဖက်ကာ ငိုမိတဲ့မျက်နှာကိုဖွက်ထားမိသည်။
ခေါင်းပေါ်ကသူ့လက်လေးတွေက ညှင်သာစွာ ပွတ်သပ်ပေးနေသည် ။

Baby BirthdayWhere stories live. Discover now