Final

586 74 22
                                    




ဟိုးမှာ ခပ်လဲ့လဲ့မီးရောင် မြင်သလား

ကျွန်တော့ရဲ့ အိမ်ကလေးလေ...

သူ့အပြုံးလဲ့ပြာပြာတွေနဲ့ တည်ဆောက်ထားတယ်။

လေအဆန်မှာ ကိုယ်အလင်းကိုယ် အန်ထုတ်လို့

သူ့အတွက် အိမ်မက်တွေနဲ့

တန်ဆာဆင်ထားရတဲ့ အိမ်ကလေးလဲ ဖြစ်လေရဲ့။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

အဆုံးအစမရှိတဲ့ လေဟာနယ်ထဲ ရောက်သွားပြီဟု ခံစားပြီးသည့်နောက် ဟိုးခပ်လှမ်းလှမ်းတွင်လမ်းလျှောက်နေသော ကောင်လေးကို သူတွေ့လိုက်သည်။

"ဟေးးးးးးးးးးးးးးးးးးးးး"

အားကုန်သုံးပြီး အော်လိုက်သံကြောင့် ကောင်လေးက အဝေးသို့ ပျောက်သွားသည်။

ဟင်??

ကြောက်ပီးများ ထွက်ပြေးသွားတာလား။

အသက်ကို ဝအောင်ရှူလိုက်ရင်း နောက်တခါ အော်ဖို့ အားယူလိုက်သောအခါ သူ့ရှေ့ ရုတ်တရက် ဘွားခနဲပေါ်လာသော ကောင်လေးကြောင့် ထိတ်လန့်သွားမိသည်။

"ဘယ်လိုဖြစ်လို့ အသံကုန် အော်နေရတာလဲ"

ကောင်လေးက ဒေါသတကြီး ရန်တွေ့သည်။

အနီးကပ်တွေ့တော့မှ ထင်သလောက်မကြီးသေးမှန်း မျက်နှာနုနုကို ကြည့်ရင်း သူ တွေးလိုက်မိသေးသည်။

ဖြောင့်စင်းသော နှာတံ။ ပိပြားနေသော နှုတ်ခမ်းပါးတစုံ နှင့် ထက်ရှနေသော မေးရိုးတို့က သာမာန်ချောမောလှပခြင်းမဟုတ်ဟု သူ့အားပြောပြနေသယောင်။

ကောင်လေး၏ထူးခြားချက်က မျက်ဝန်းအောက်ခြေနားတလျှောက် လိုသည်ထက်ပို မဲနေခြင်းပင်။

ပန်ဒါဝက်ဝံလေးတွေနဲ့တောင် တူသေးတော့။

ကြည့်နေရင်း သူ့ရှေ့မှ ရုတ်တရက်ပျောက်သွားပြန်သည်။

အာ.. ဒီကောင်လေး အတော် အပြေးသန်တာပဲ။

နောက်တခါ အော်ခေါ်ဖို့ သူ အားယူလိုက်သည်။

ထို့နောက် သူ့နှုတ်ခမ်းကို လက်တစုံက ရုတ်တရက်လာပိတ်ပြန်သည်။

Forever comes and goes {Complete}Where stories live. Discover now