My Chibi

9.4K 815 74
                                    

"Byun နွားနို့သောက်သွားဦးလေ"

အိမ်ပေါက်ဝရောက်ခါနီးခြေထောက်တို့က
မားအသံကြောင့်တွန့်သွားကာ

နောက်ပြန်တုံ့ပြန်ရန်ပြင်ပြီးမှ
တစ်စုံတစ်ခုကိုသတိရမိ၍
မားကမ်းပေးထားတဲ့နို့ခွက်အား
တဂွက်ဂွက်မြည်နေအောင် မော့ချပစ်လိုက်သည်။

*နို့သောက်ရင် အရပ်ရှည်တယ်*

"ကုန်သွားပြီမား.....
Byunသွားတော့မယ်နော်
ရထားမမှီမှာစိုးလို့ ကောင်းကောင်းနေရစ်ခဲ့ပါ"

ကုန်သွားတဲ့ခွက်အလွတ်ကို
ဘေးမှာစောင့်ကြည့်နေတဲ့ မားလက်ထဲထည့်ပေးရင်း
ခါးကိုင်းနှုတ်ဆက်လိုက်ပြီး
မြေအောက်ရထားရှိရာ တဟုန်ထိုးပြေးထွက်ခဲ့ရသည်

*tsk အဲတာအားလုံး
ဟိုကျောင်းပြောင်းလာတယ်ဆိုတဲ့ kingကောင်ကြောင့်*

လွန်ခဲ့သောရက်တွေတုန်းက
ဒီလိုအချိန်သည်Byunအိပ်ယာထဲ၌
နှပ်လို့ကောင်းတုန်းအချိန်ဖြစ်ခဲ့သည်...

တစ်စုံတစ်ယောက်မရောက်လာခင်ကဆိုပါတော့*

#FlashBack_Start

"Ya...Byun မနေ့က ငါတို့ကျောင်းကို
ကျောင်းသားသစ်ပြောင်းလာတယ်သိလား"

ချူချာတတ်သောဗြောင်က ခနခနကျောင်းပျက်တတ်သည်

မနေ့ကအဖျားသွေးနဲနဲရှိသည်ဆို၍
မားကကျောင်းပျက်ခိုင်းသောကြောင့်
လွှတ်ထားတဲ့စာတွေကိုပြန်ကူးရေးနေတုန်း

ဘေးနားထိုင်ကာ အာကျယ်အာကျယ်လာလုပ်နေသည့်
တစ်ဦးတည်းသော Kim JongDae!

"အဲဒီတော့ ကျောင်းသားသစ်ရောက်လာတာ
ထူးဆန်းလို့လား"

"ကျောင်းသားသစ်ရောက်တာ
မထူးဆန်းဘူးဟေ့ကောင်ရ!
ထူးဆန်းတာက သူကL.Aကနေပြောင်းလာပြီး
သုံးနှစ်ဆက်တိုက်ကျလို့ ဒီကိုပြောင်းလာတာတဲ့
ပြီးတော့မင်းမလာတဲ့မနေ့ကwelcomeမှာ
Kingရွေးခံလိုက်ရတဲ့အထိ ချောတယ်"

ခေါင်းတညိတ်ညိတ်နားထောင်နေရင်းမှ
နောက်ဆုံးကချောတယ်ဆိုသောစကားကြောင့်
Byunမျက်မှောင်တွေကုတ်သွားရသည်

"ချောတိုင်းkingရွေးကြေးဆို
ငါလဲချောတာပဲလေ liner babyလေးဆိုပြီး
စီနီယာမမတွေကြားရေပန်းစားနေတဲ့ငါ့ကိုရော
ဘာလို့မရွေးကြတာလဲ
သူကငါ့ထက်ဘာသာနေလို့လဲ 😕"

Chibi ByunWhere stories live. Discover now