အပိုင်း(၁)

13.4K 1.1K 20
                                    


မနက်​​ဝေလီ​ဝေလင်း ​နေ​ရောင်​​မကျ​သေးခင်
အလုပ်​ဆီ​အ​ပြေးသွား​နေတဲ့ လူငယ်​​လေး
တစ်​​​ယောက်​ရှိ​လေသည်​။

Byun Baekhyun အတွက်​ မနက်
ဝေလီ​ဝေလင်းက သွားလာ​နေကြအခ်ျိန်
ဖြစ်​တာမို့ သွက်​လက်​​နေသည်​။

မ​နေ့ကမှ အသစ်​စက်​စက်​ ရလာတဲ့ အလုပ်
က​လေးကို အချိန်​မှီ​အောင်​ အမြန်​​ပြေးလွှား
နေရခြင်းပင်​ ။ အမြဲ တစ်​ခုမဟုတ်​တစ်​ခု
လွဲ​ချော်​​နေတဲ့ ကိုယ့်​အ​ကြောင်းကို သိတာမို့
တမင်​​စော​စောထွက်​ခဲ့ခြင်းဖြစ်​သည်​။

Èl Mařtico ဆိုတဲ့ အ​နောက်​တိုင်း
အစားအ​သောက်​ဆိုင်​​ရှေ့​ရောက်​တာနဲ့
ခြေဖျားလက်​ဖျား​တွေ ​အေးစက်​လာသည်
အထိ ရင်​တုန်​​နေရသလို ကိုယ့်​ကိုယ်​ကို
တောင်​ ဒီမှာ အလုပ်​ရပြီကို မယုံနိုင်
ဖြစ်​​နေသည်​။

သ​ဘောအကျဆုံး စားဖိုမှူး ရဲ့ စား​သောက်​ဆိုင်​မှာ
အလုပ်​ဝင်​ရတာဖြစ်​တဲ့အတွက်​ ရှင်​သန်​လာ
တဲ့ သက်​တမ်းတစ်​​လျောက်​ ဒီတစ်​ခါ​တော့
ကိုယ့်​ကိုယ်​ကို ချီးကျူးမိသည်​။

အင်​တာဗျူး​အောင်​တာနဲ့ ချက်​ချင်း​ပေးလာ
တဲ့ ဆိုင်​​သော့ကို ထုတ်​ယူလိုက်​ပြီး တံခါး
ဖွင့်​ဝင်​လိုက်​သည်​။ မီးဖို​ချောင်​အကူဖြစ်​တာ
ကြောင့်​ သူများ​တွေထက်​ ​စော​စော​ရောက်
လာပြီး မီးဖိုခန်းကို သန့်​ရှင်း​ရေးလုပ်​​ပေး
ရသည်​။ ဆိုင်​ခန်းအတွက်​သန့်​ရှင်း​ရေး
သက်​သက်​ရှိတာမို့ မိမိက မီးဖိုခန်းကိုသာ
သန့်​ရှင်း​ပေးရန်​ဖြစ်​သည်​။

အလုပ်​မဝင်​ခင်​တစ်​ရက်​က ဘာ​တွေလုပ်​ထား
ပေးရမလဲ ဆိုတာ​တွေ အ​သေးစိတ်​​ပြောပြ​ပေး
ထားသည်​မို့ Baekhyun တစ်​ခုချင်းစီ
သေချာ လိုက်​လုပ်​​နေသည်​။

အရင်​ဆုံး ကားနဲ့လာပို့​ပေးတဲ့ သစ်​သီး​တွေကို
မီးဖိုခန်းအ​နောက်​က ​ရေ​ဆေးတဲ့​နေရာမှာ
နေရာအရင်​ချသည်​။ မကြာလိုက်​ ပင်​လယ်​စာ
ဂဏာန်း​တွေ၊ ငါး​တွေလာပို့​ပေးသဖြင့်​ ယူပြီး
သားငါးထည့်​သည့်​ ​ရေခဲ​သေတ္တာထဲ ထည့်​လိုက်
သည်​။

Give It To Me(U+Z)Where stories live. Discover now