one

4.9K 435 32
                                    

"Byun Baek Hyun '

အောင်​​အောင်​မြင်​မြင်​​ခေါ်လိုက်​တဲ့ အင်္ဂလိပ်​ဆရာ
ဝူရီဖန်း၏​ကြောက်​စရာအသံ​ကြောင့်​ တခန်းလုံး
တိတ်​ဆိတ်​ခြင်းအတိ

"nae..sam"

ကျ​နော်​​ကြောက်​တာက သူ့အသံထက်
သူ့လက်​ထဲက ကျ​နော်​တို့အမှတ်​စာရင်း

ဘုရား ဘုရား
စာ​မေးပွဲ​ဖြေမယ့်​ညက ​မေ့​နေလို့
စာမကျက်​မိလိုက်​ဘူး 😞
တ​ရေးနိုးမှသတိရ​တော့ မနက်​၈နာရီဆို​တော့
ကျောင်းသွားဖို့ပြင်​​နေရတာနဲ့ စာကြည့်​ဖို့
မမှီလိုက်​ပြန်​ဘူး

"English ဒီတခါ​ဖြေတာ ၄၁မှတ်
စာမလုပ်​ဘူး "

မျက်​​မှောင်​ကြီးကြုတ်​ပြီး အ​ဖြေစာရွက်​ကို
ဖလပ်​ဖလပ်​လှန်​ပြ​နေ​သည်
သို့​ပေမဲ့ ကျ​နော့်​အာရုံသည်​ စာရွက်​တွင်​ရှိမ​နေ

အောင်​မှတ်​ရသည့်​အပြင်​ တစ်​မှတ်​ပါစွန်း​နေသည့်
ကျ​နော့်​ကိုကျ​နော်​ မဟားတရားကြီး
အထင်​​တွေကြီး​နေမိသည်

" ဗျာ ၄၁မှတ်​ကြီးများ​တောင်​ရတာ ..
ဟုတ်​လား ဆရာ 😍 "

စောနကအထိ စာက​လေး​ရေနစ်​သလို
မျက်​နှာထားနဲ့ ဆရာသနား​စေရန်
အကြံထုတ်​ထား​ပေမဲ့ ​မြောက်​များစွာ​သော
ကျ​နော့်​ရမှတ်​ကြီးကိုပိုင်​ဆိုင်​လိုက်​ရသည်​မို့
ကျ​နော်​သည်​ ချက်​ချင်းပင်​ ဝင်းလက်​လာသည်

ရလဒ်​သည်​က ဆရာရီဖန်း၏နဂါးမျက်​​စောင်း
ကျ​နော်​ ဂရုမစိုက်​အားပါ
ဖင်​ကြွကြွနှင့်​ ကို့ထိုင်​ခုံဆီ​လျှောက်​လာလိုက်​သည်​😎

" Park Chan Yeol..အမှတ်​ပြည့်
ဆက်​ကြိုးစား​နော်​ "

ထိုင်​ခုံ​ရောက်​သည်​အထိ ရွစိထိုး​နေ​သော
ကျ​နော့်​ကိုကြည့်​လာပြီး ဖွင့်​​နေကျဓာတ်​ပြား​ဟောင်း
သံစဉ်​ကလွင့်​ပျံလာ​တော့သည်

" ​အောင်​မှတ်​​ကျော်​ရုံကို ​ပျော်​​နေရလား
Baekhyun ...​နောက်​ခါ ပိုကြိုးစား
ကြည့်​စမ်း ..Chanyeolဆိုရင်​ အမြဲအမှတ်​ပြည့်​​နောက်​တခါ ဒီအမှတ်​ရကြည့်​ Baekhyun
ငါနဲ့​တွေ့မယ်​ ကြားလား "

zero × one = love Wo Geschichten leben. Entdecke jetzt