(နိဒါန်း)

3K 181 18
                                    

အဲ့ဒီနေ့က သူ ကျွန်မကို လာတွေ့ခဲ့သည်။

အဲ့ဒီအချိန်က မိုးတွေ တဖွဲဖွဲရွာနေခဲ့တော့ ပတ်ဝန်းကျင်လေထုက စိုစွတ်ထိုင်းမှိုင်းနေခဲ့သည်။ ကျွန်မကတော့ ဝါးတဲအိမ်ကလေးထဲ ဗျတ်စောင်း တီးနေခဲ့သည်ပေါ့။ သံစဉ်တေးအသွားက ကြေကွဲဖွယ်ကောင်းသည်၊ ဝမ်းနည်းဖွယ်ကောင်းသည်။ အနီးအနားရှိ ပုရွက်ငယ်များပင် ထိတ်လန့်တကြား အကွဲကွဲအပြိုပြို ပြေးလွှားနေကြကုန်သည်။ သို့ပေလျက်နှင့် ကျွန်မ တီးခတ်သော အကြင်အနာမဲ့သည့်တေးသွားကို သူ မမှု၊ သူ့မျက်နှာမှာ ပန်းချီကားချပ်ရုပ်သေတစ်ခုအလား တည်ငြိမ်နေလျက် ကျွန်မဆီသို့သာ သူ ချဉ်းကပ်လာသည်။

သူ့ ဆံပင်တို့က ပိတုန်းရောင်၊ မည်းနက်နေသည်။ သူ့ ဝတ်ရုံက အဖြူရောင်၊ နှင်းကဲ့သို့ ဖွေးနေသည်။ သူ့ နဖူးပြင်အလယ်တည့်တည့်မှာတော့ အနီရောင် မြွေနဂါးသဏ္ဋာန် အမှတ်အသားတစ်ခု ရှိလေသည်။ သူ ကျွန်မကို ကြည့်လာသည်။ သူ့အကြည့်က ရေသေကဲ့သို့ တည်ငြိမ်လွန်းနေသည်။ ခံစားချက်တို့ ရေတစ်ပွက်စာမျှပင် မထင်ဟပ်။

သူ့အနောက်မှာတော့ မိန်းမငယ်တစ်ဦးလိုက်ပါလာသည်။ သူမမျက်နှာကိုတော့ ခေါင်းဆောင်းတစ်ခုနှင့် ဖုံးကွယ်ထားသည်။ ခေါင်းဆောင်၏ ပတ်လည်တွင်တော့ သူမ ဒူးအထိရောက်သော ပုဝါဖြူဖြူတို့ကာရံထားသည်။ သူမ တစ်ကိုယ်လုံးကို မြင်ကွင်းဆီမှ ဖုံးကွယ်ထားလေသည်။ အလိုအလျောက် ကျွန်မ သူမကို မကြည့်မိဘဲ မနေနိုင်ခဲ့။ သူမ ပုဝါပါးအောက်တွင်တော့ အလွန်လှပသော မိန်းမချောကလေးဖြစ်လောက်သည်ဟု စိတ်ထဲက တွေးနေခဲ့မိသည်။

"ကျုပ် လာတာ... လူတစ်ယောက်ကို ရှာဖို့ ခင်ဗျား အကူအညီကို တောင်းချင်လို့ပါ..." နောက်ဆုံးတော့ သူ စကားဆိုလာသည်။ သူ့အသံကလည်း သူ့ဟန်လိုပင် အေးစက်နေသည်။

ကျွန်မ သူ့ကို တစ်ချက်မျှကြည့်ကာ ဗျတ်စောင်းကို တီးမြဲဆက်တီးခတ်နေသည်။ ခေါင်းကိုလည်း ငုံ့မြဲသာ ဆက်ငုံ့ထားလိုက်တော့သည်။ "ကံကြမ္မာဆရာဆိုတာ လူပျောက်ရှာဖို့ မဟုတ်ဘူး... ကျေးဇူးပြုပြီး ပြန်ပါတော့... လိုက်မပို့တော့ဘူး..."

အဆိပ္ကႀကိဳး [အဆိပ်ကကြိုး]Where stories live. Discover now