ကိုကို့ အဆိုး​လေး

2K 52 13
                                    

"ကိုကို!!!!...."

Minhoတ​ယောက်​ မနက်​စာပြင်​​နေတုန်း... ​ခေါ်ပြီ​လေ သူ့ရဲ့ က​လေး...

"ကိုကို!!!... Tae​ခေါ်​နေတယ်​​လေ..."

"လာပြီ Tae​လေး​ရေ... လာပြီ..."

Minho... လုပ်​လက်​စ​တွေကိုရပ်​ ​ရေခဲ​သေတ္တာထဲမှ ​ရေဘူးနဲ့ ဖန်​ခွက်​တစ်​ခွက်​ကိုယူပြီး... သူတို့ရဲ့ အိပ်​ခန်းရှိရာ အ​ပေါ်ထပ်​သို့ တက်​လာခဲ့လိုက်​သည်​။

"နိုးပြီလား Tae​လေး..."

"ကိုကိုရာ.... Tae​ခေါ်​နေတာကြာလှပြီ... ဘာလုပ်​​နေတာလဲ.... ​ပြောရတာ​မောလိုက်​တာ​နော်​..."

သြော်​.... ​လှေကားထစ်​​ပေါင်းသုံးဆယ်​​ကျော်​ကို နင်းပြီး အ​ပြေးအလွှား တက်​လာခဲ့ရတဲ့ Minhoက မမောရဘူး... သိ​နေတယ်​​လေ အဲ့ဒါ​ကြောင့်​ကြိုတင်​ယူလာတဲ့ ​ရေဘူးထဲက​ရေကို ဖန်​ခွက်​ထဲထည့်​ပြီး​ပေးလိုက်​ကာ Minhoလည်း ​ရေဘူးဖြင့်​​မော့​သောက်​လိုက်​သည်​။

ဤအိမ်​ကြီးကို လက်​ဖွဲ့​ပေးခဲ့တဲ့ နှစ်​ဖက်​မိဘ​တွေကိုလည်း အပြစ်​တင်​ချင်​မိတယ်​... နှစ်​​ယောက်​တည်း​နေမယ့်​ အိမ်​က အဲ့​လောက်​ကြီးစရာလိုလို့လား... နှစ်​ဖက်​အမျိုး​တွေကို​တောင်​ ​ခေါ်တင်​ထားလို့ရတယ်​...

"ကိုကို Taeမျက်​နှာသစ်​မယ်​..."

"အင်း... သစ်​​လေ အဆင်​သင့်​ပဲ... ကိုကိုပြင်​​ပေးထားတယ်​..."

"ကိုကို ပို့​ပေး​လေ ​ရေချိုးခန်းကို..."

ချွဲတယ်​လို့လည်း မဆိုသာတဲ့ ​လေသံတို့ဖြင့်​ ​ပြောလာသူ​လေးကို Minhoပြုံးကာကြည့်​လိုက်​သည်​....ဒါဟာ မနက်​တိုင်း လုပ်​​ပေး​နေကျအလုပ်​တစ်​ခု...

"ဟုတ်​ပါပြီကွာ... ကဲ လာ အပျင်း​လေး..."

ကုတင်​​ပေါ်မှာ ထိုင်​နေသူ​​လေးကို ပွေ့ချီလိုက်​​တော့ အလိုက်​သင့်​​လေးပါလာသည်​။ ​ကုတင်​​နေရာမှ ​ခြေလှမ်းဆယ်​လှမ်း​တောင်​ မပြည့်​ချင်​တဲ့ ​ရေချိုးခန်းထဲ ထိုက​လေးကို ချ​ပေးပြီး လှည့်​အထွက်​...

"ကိုကို..."ဟု​ခေါ်ကာ ပြုံးစိစိနဲ့ ကြည့်​နေတာမို့ ဘာလဲဟု​မေးလိုက်​​တော့...

ကိုကို့ အဆိုး​လေး❤❤❤ [Zawgyi/Unicode]Where stories live. Discover now