Clumsy Love

2.5K 272 0
                                    

'' အာ ! ဖြစ်ပါ့မလား ?
မဖြစ်ဘူးထင်တယ်နော် ''

'' ဖြစ်ပါတယ်ကွာ
အားလုံးအဆင်ပြေနေတာပဲကို ''

အရင်ကနဲ့ လားလားမှ မတူတော့တဲ့ ကိုယ်ပုံကို
စိတ်ပျက်တဲ့ မျက်လုံးများနဲ့ ငုံ့ကြည့်မိတယ် ။

လက်လျော့ဖို့ စဉ်းစားမိတိုင်း ပြုံးရယ်နေတဲ့
မျက်နှာချောချောကို မြင်ယောင်မိတာ အကြိမ်ကြိမ် ။

သူက မျဉ်းဖြောင့်ကြီး သမားဆိုတော့
ယောက်ျားလေးချင်း ဆက်ဆံရေးကို လက်ခံမှာ
မဟုတ် ။

'' ကဲ .. သွားတော့
ဟိုမှာလာနေပြီ ''

Baekhyunရဲ့ ကျောပြင်ကနေ တွန်းပို့မှုကြောင့်
လမ်းမပေါ် ကိုးယိုးကားယား ရောက်သွားတော့တယ် ။

'' ဟေ့ကောင် သွားတော့လေ
ဟိုက ကျော်သွားပြန်အုံးမယ် ''

Baekhyun လက်ချက်နဲ့ မိန်းကလေး
တစ်ယောက်လို လှနေတဲ့ Kyungsooက
ဝတ်ထားတဲ့ ဂါဝန်အတိုလေးကို အောက်ကို
ဆွဲချဆွဲချနဲ့ ။

တစ်ခါမှ စီးလေ့စီးထ မရှိတဲ့ 4လက်မ ဒေါက်အချွန်ကို
ချော်မလဲအောင်သာ ဟန်ချက်ထိန်းပြီး လိမ်ဖယ်လိမ်
ဖယ် ထွက်သွားတဲ့ Kyungsooကို ကြည့်ပြီး
Baekhyun ရယ်ချင်စိတ်တွေက ဖုံးဖိမရ ။

သူငယ်ချင်းလေးရဲ့ ပထမဆုံး အချစ်ရေးမှာ
ကံကောင်းပါစေဟုသာ .. ။

'' ရွှတ် .. ရွှတ် အရှေ့က အစ်ကို ''

အနောက်က ထွက်လာတဲ့ အသံလေး ။
လှည့်ကြည့်မိတော့ မိန်းကလေး တစ်ယောက်ပါလား ။

မျက်ဝန်း ဝိုင်းဝိုင်းလေးတွေနဲ့ ချစ်စရာလေး ။

ဖူးထွက်နေတဲ့ နှင်းဆီရောင် နှခမ်းလေးကလည်း
အိစက်နေမှာ အသေချာ ။

ပါးလေးတွေ ဆိုတာကလည်း ဖောင်းအိအိလေးတွေ ။
လက်ညိုးနဲ့ ထိကြည့်ရင် နစ်ဝင်သွားလေမလား ။

ချစ်စရာကောင်းတယ် ဆိုသော စကားကို နှခမ်းလှုပ်ရုံ
ထွက်သွားသော သူကြောင့် Kyungsoo
ကျေကျေနပ်နပ်ကြီး ပြုံးမိသည် ။

ဒီတစ်ခါတော့ Baekhyunပေးတဲ့ အကြံက
အသုံးတည့်သွားပြီ ထင်ပါရဲ့ ။ ပရော်ဖက်ဆာ Kimက
သူ့ကို နူးနူးညံ့ညံ့ ကြည့်နေတာကိုး ။

Clumsy LOVEWhere stories live. Discover now