Fragment_1

353 17 7
                                    

1.Ji XiuRan(ကျိရှို့ရန်)

အတိတ်က အိပ်မက်လေး (သို့) Worriless

ကျိအိမ်တော်ရဲ့ တောင်ကုန်းတစ်ခုထက်မှာ
မင်းအသံကို ပထမဆုံးအကြိမ်ကြားခဲ့တယ်
ငှက်တွေအတွက် မင်းထောင်ခဲ့တဲ့ထောင်ချောက်မှာ
ပိတ်မိသွားခဲ့တာက နုနယ်သေးတဲ့ နှလုံးသားတစ်ခု...

လူတွေက အချစ်ကို အမျိုးမျိုးအဓိပ္ပါယ်ဖွင့်ဆိုကြတယ်
ကိုယ့်အတွက်တော့ အချစ်ဆိုတာ မင်းရဲ့ပျော်ရွှင်မှု...

သူမရဲ့ အနာဂတ်မှာ သူပါတယ်လို့ သူမကပြောလာတယ်
သူတို့ရဲ့အနာဂတ်က အရာအားလုံးကိုထားခဲ့ပြီး ဟင်းရွက်စိုက်ခင်းတွေ၊ ဟင်းရွက်ဆားစိမ်သုံးခွက်နဲ့ ပျော်ရွှင်စရာဘဝတဲ့
ဟင့်အင်း သူမလိုချင်ဘူး...အသားကြိုက်တဲ့ သူမအတွက် သူမအကြိုက်ဆုံး ဝက်နံရိုးချိုချဉ်ကြော်ပါ ပါရမယ်လို့ သူပြန်ပြောခဲ့တယ်...

သူ့ရဲ့ငယ်ဘဝက လှပခဲ့ပါတယ်
သူမရဲ့ ပြဿနာတွေ အခက်အခဲတွေကို သူမမသိအောင် ရှင်းလင်းပေးမယ်၊ သူမအိမ်ကို အလည်လာတဲ့အခါ စားချင်တာတွေ ကိုယ်တိုင်ချက်ကျွေးမယ်၊ ကျိအိမ်တော် တောင်ကုန်းထက်ကနေ သူမနဲ့အတူ အောက်ကိုငေးကြည့်ကြမယ်...တစ်ခါတစ်ရံတော့လည်း သူမလက်ကိုဆွဲပြီး ရေပြင်ကျယ်ကြီးရဲ့ဘေးမှာ ထမင်းဗူးတစ်ခုကို အတူစားကြမယ်...အနာဂတ်အကြောင်းကို အတူအိပ်မက်တွေ မက်ကြရင်းပေါ့...

သူမက အရမ်းငယ်သေးတယ်
အချစ်အကြောင်းကို သိပ်နားမလည်သေးဘူး
သူစောင့်နိုင်ပါတယ်
သူတို့မှာ အချိန်တွေအများကြီးရှိသေးတာပဲ

အရာရာကို ကြိုတင်တွက်ချက်ခဲ့ပေမယ့် ကောင်းကင်ဘုံရဲ့ ဆန္ဒကို သူထည့်တွက်ဖို့ မေ့သွားခဲ့တယ်
သူမက သူမအဖိုးနဲ့အတူ ခရီးတွေထွက်ရတယ်
ကျိအိမ်တော်ကနေ သူမ ရောက်လာမယ့်နေ့ရက်ကို သူအမြဲစောင့်နေခဲ့တယ်...အရွက်မစားတဲ့ သူမအတွက် သူကိုယ်တိုင်စိုက်တဲ့ ဟင်းရွက်ခင်းတွေကို စောင့်ရှောက်ရင်းပေါ့

သူ့ရဲ့ ပေါ့ဆမှုကြောင့် သူ့ရန်သူတွေလက်ထဲ သူမရောက်သွားတယ်
သူ့ကို မလာခဲ့ဖို့ သူမအော်နေပေမယ့် သူ့worrilessလေး နာကျင်သွားမှာ သူခွင့်မပြုနိုင်ဘူး
သူဟာ သူမအတွက် အန္တရာယ်တွေကို ကာကွယ်ပေးမယ့် ဒိုင်းတစ်ခု...

You've reached the end of published parts.

⏰ Last updated: Aug 21, 2020 ⏰

Add this story to your Library to get notified about new parts!

If You Can Hear What I Didn't Say...Where stories live. Discover now