အခန်း ( ၈ )

205 10 1
                                    

ခန့်မင်းပြောပြီ
--------------

      **သို့……ဆိုပြီးရေးရတာရိုးနေပေမယ့် ရေးလိုက်ဦးမယ်…ညေးလေးသော်တာ…ညေးကပျိုတိုင်းကြိုက်တဲ့နှင်း
ဆီခိုင်လေးပါညေးရာ……ညေးကိုဝန်းရံထားတဲ့ဆူးခက်တွေ
ကိုတောင်ကွီးခန့်ဂရုမစိုက်တော့ဘဲ ညေးအနားကိုရောက်နိုင်ဖို့
ဇွတ်တိုးနေမိတာကို ခွင့်လွှတ်ပေးပါကွာ……ညတိုင်းညတိုင်း
ညေးရဲ့အိပ်မက်ထဲကို ကွီးခန့်မျက်စိလည် လမ်းမှားမိရောက်
လာခဲ့မိရင် ကွီးကိုနှင်မထုတ်လိုက်ပါနဲ့……အပြုံးလေးနဲ့ကြိုဆိုပေးပါကွာ……ကွီးကညေးကို စပျစ်သီးလိုအချစ်ကြီးခဲ့တာ
ပါ…ခြောက်သီးလိုလျောက်ရွီးနေတာမဟုတ်ပါဘူး………
ဒညင်းသီးလို သတင်းကြီးတဲ့ညေးရယ်…ငပိချက်လိုအသိမခက်ပါနဲ့တော့……မဟုတ်ရင်ကွီးဘက်က ဂျူးမြစ်လိုအရူးဖြစ်
ရပါတော့မယ်ကွာ……ကွီးရဲ့အချစ်ကိုတော့ ပြောင်းဖူးလို…
မကောင်းဘူးလို့မငြင်းလိုက်ပါနဲ့နော်……ကွီးရဲ့နှလုံးသားက
အစိုးရခင်းထားတဲ့လမ်းလိုပဲ အကြမ်းမခံလို့ပါ……အချစ်က
လူကိုအကန်းဖြစ်စေတယ်တဲ့…ဒါဆိုရင်ကွီးကတစ်ဖက်ပဲကန်း
တဲ့ တစ်ဖက်ကန်းတစ်ယောက်ပါကွာ……ဘာလို့လဲဆိုတော့
ကွီးရဲ့အချစ်က တစ်ဖက်သတ်အချစ်ဖြစ်နေလို့ပါပဲညေးရာ…
                   
ညေးကိုအရမ်းချစ်ပေးမယ့် ကွီးချောကိုခန့်#**

            "ဟာ………မင်းစာကလည်း ငါခေါင်းတောင်မူး
သွားတယ်……ကောင်းတော့ကောင်းပါတယ်…ဒါပေမယ့်"

"ဒါပေမယ့်တွေဘာတွေလုပ်မနေနဲ့ဟျောင့်…ငါဘယ်သူ့ကိုမှ
တောင်ရေးပေးဖူးတာမဟုတ်ဘူး ပေးလိုက်မင်းကိုပြန်ကြွေ
သွားစေရမယ်"

"မင်းပြောသလို ဟုတ်ရင်ဟုတ်ပေါ့ကွာ…မဟုတ်လို့ကတော့
ဟင်းဟင်း…"

"ပေးသာပေးလိုက်စမ်းပါ…"

"အေးပါကွာ……"

        ထိုနေ့ညနေပိုင်းတွင်   ခန့်မင်းတစ်ယောက်    ဘုရားပေါ်၌ပန်းစည်းကိုင်ကာ သော်တာလေးအား စောင့်နေသည်။

        သူ့အနားမှဖြတ်သွားသူတိုင်းက သူ့အားဂရုတစိုက်
ကြည့်သွားကြသည်။ ထိုနေ့အဖို့ ခန့်မင်းမှာ  လည်ကတုံး
လက်ရှည် အင်္ကျီအဖြူကလေးနှင့် ယောပုဆိုးအပြာလေးကို
ဝတ်ဆင်ထားပြီး မျက်မှန်အနက်ကလေးတပ်ထားသည်။

မျဉ်းမဲ့ဒိုင်ယာရီWhere stories live. Discover now