Mr.Arrogant and Me

2.4K 219 32
                                    

" ဘာပြောတယ်...ပြဿနာတက်နေတယ်ဟုတ်
လား.....
မဖြစ်နိုင်တာ...ကျတော်တို့ ကုမ္ပဏီက သေးသေး
လေးပေမယ့် ပြီးစလွယ် မလုပ်တတ်ဖူး...
စကားကို..ကြည့်ပြောပါ..."

"ကျတော်တို့ ကုမ္ပဏီကမှားတာလို့ဘယ်သူပြော
လဲ!.."

"ကောင်းပီလေ...LP Gp ကတာဝန်ရှိသူနဲ့ ကျတော်ဆွေးနွေးလိုက်မယ်... ကျတော့်ဖက်က
သာမှားခဲ့မယ်ဆိုရင်လေ..Byun Baekhyun ဆို
တဲ့ နာမည်ကနေ တခြားနာမည်ပြောင်းပ လိုက်မယ်..အိုခေလား...ဒါပဲ.."

ဖုန်းချလိုက်ရင်း Sofa ပေါ်ပစ်ထိုင်ချလိုက်မိတယ်..

ဒေါသတွေထွက်ရလွန်းလို့လည်း နားတွေထဲကရော ခေါင်းပေါ်မှာ အပူငွေ့တွေ တရိပ်ရိပ်တက်လာသလို ခံစားမိတယ်...

"ဒီကိစ္စကိုလုံးဝအလျော့မပေးနိုင်ဖူး...သူသေ
ကိုယ်သေပဲကြည့်နေ..."

ကိုယ်ပဲ သူဌေး ကိုယ်ပဲ ဝန်ထမ်း ကိုယ်ပဲ တောက်
တိုမရ လုပ်ပြီး သူတို့ပြောတဲ့ ဒီကုမ္ပဏီ နှာခေါင်း
ပေါက်လောက်ကို ဒီလိုအခြေအနေဖြစ်လာဖို့အထိ
ကျတော် ဘယ်လောက်ကြိုးစားခဲ့ရလဲ...

ရင်းနှီးမြုပ်နှံမယ့် လုပ်ငန်း Group အကြီး
စား တစ်ခုက ကမ်းလှမ်းခဲ့လို့...ဝမ်းသာအားရနဲ့
ကိုယ့် ကုမ္ပဏီ ပိစိလေးတော့ လူသိတော့မယ်
ထင်ခဲ့တာ..

စစချင်း ဖြန့်တဲ့နေ့ပဲ ပြဿနာတွေက စတတ်တော့
တာပဲ...

ဘာတဲ့ ကိုယ်ဖန်တီးထားတဲ့ အသင့်စားဟင်းထုပ်  ကပဲ အစပ်အဟပ်မတည့် ဖြစ်စေတဲ့ပစ္စည်းတွေ ပါနေသလိုလို အရေအသွေး မမှီသလိုလို ဘာလိုလိုနဲ့..ပြောနေသော...LP ကုမ္ပဏီမှ အဖွဲ့မှူးLee ကိုလည်းအသည်းပေါက်ပါတယ်..

"Kim Jongin..ဒီကောင်..နေရာမှာမရှိပြန်ဖူး.."

နောက်ပိုင်း အလုပ်လုပ်ရတာကိုယ်တယောက်
တည်းအဆင်မပြေလို့ ကျောင်းနေဖက် ဂျူနီယာ
တစ်ယောက်ကိုအကူအဖြစ်ခန့်ထားမိပါတယ်..
ဘယ်တော့မှ ဖင်မမြဲ...သူ့နေရာကြည့်လိုက်တာနဲ့ အမြဲဟောင်းလောင်း..နေရာမှာရှိမနေ...

ကုမ္ပဏီ က ပြဿနာတွေ သေကောင်ပေါင်းလဲ
တတ်နေလဲ...သူက အေးအေး လူလူ...

တွေ့မယ်...ဒင်းအချိုးမပြေရင် အလုပ်ကိုထုတ်
ပစ်အုံးမယ်..

You've reached the end of published parts.

⏰ Last updated: Nov 17, 2018 ⏰

Add this story to your Library to get notified about new parts!

MR.ARROGANT AND ME llCHANBAEKllWhere stories live. Discover now