Zawgyi
တစ်ချက်ချက်မြည်အောင် သွားနေတဲ့ စက္ကန့်လက်တံလေး။
ဒီလက်တံလေး ၉ အတိရောက်ရင် ကျောင်းလည်းတက်မှာ ဖြစ်သလို ကျွန်တော့. . ."ဟေး ဘော့စ် မင်းအသည်းလေးလာပီ"
"အေး!"ခဏ! ဘော့စ်. . .။
အင်း ကျွန်တော်က ဘော့စ်။ ဘော့စ် ဆိုတဲ့နာမည်က ဘေ့စ်ဘောကစားရင်း ရလာတာပေါ့ဗျာ။ဘေ့စ်ဘောကစားတုံးက ကိုယ့်တုတ်နဲ့ ကိုယ့်ကိုယ်ကို ပြန်ရိုက်မိဖူးလို့  ရဲစွမ်းရှိတဲ့ ဘော့စ်ဆိုပီး နာမည်ကြီးလာတာပဲ။လာလောဆယ်တော့ နာမည်နဲ့လိုက်အောင် ကျောင်းတွင်းလူမိုက်ကလေးနေရာ ဦးထားလိုက်တယ်။
ကျွန်တော့နာမည်? နာမည်လဲ ခဏနေသိမှာပေါ့။*why so seroius? ☹️
တစ်ချို့က သိပြီးသားလည်းဖြစ်ရင်ဖြစ်မှာပေါ့။ ဘာလို့ ဆို ကျွန်တော်က နာမည်ကြီးလေ။
*အဟင်း
အထက်တန်းနောက်ဆုံးနှစ် ကျောင်းသား ကျွန်တော်က မိန်းကလေးတွေကော ယောကျာ်းလေးတွေကြားပါ ရေပန်းစားနေရရှာတာ။
*အားကျနေလား မရဘူး ကိုယ့်အမေကို ချောအောင်မွေးခိုင်း ( အလွန်အမင်းကွန်ဖီးဒန့်ရှိသော မျက်နှာထားဖြင့် ပြောဆိုသည်။ )
ဘေ့စ်ဘော အသင်းရဲ့ ကစားသမားဟောင်းဖြစ်တော့ ပိုတောင်နာမည်က ကြီးရသေး။ လူတိုင်းသဘောကြတဲ့ ကျွန်တော့မှာလည်း သဘောကြရသူ ရှိတယ်။ သူကတော့ ကျွန်တော့ အသည်းလေးပေါ့ဗျာ။
"အသည်းလေး နောက်ကြလိုက်တာ"
ကျွန်တော့ အသံကြားကြားချင်း တုန်သွားတဲ့ အသည်းလေးကြောင့် ခါးကို ခပ်နွဲ့နွဲ့ထောက်ခါ ဟန်ဆောင်ပန်ဆောင် ရယ်ပြလိုက်တယ်။
"မင်း! ထပ်ပီး ကျစ်! မမှတ်သေးဘူးလား"
မျက်မှောင်တွေ ကျုံ့ ထားတဲ့ အသည်းလေး က သူစိတ်တိုနေတာ ပြချင်ကြောင်း ကျွန်တော်သိတာမို့  အောက်နှုတ်ခမ်းကို ခပ်ဆဆကိုက်ပြလိုက်တယ်။
YOU ARE READING
ဘော့စ်ရဲ့အသည်းလေး [COMPLETE]
RomanceZawgyi အသည်းလေးလို့ ပဲခေါ်ချင်ပါတယ် Unicode အသည်းလေးလို့ပဲခေါ်ချင်ပါတယ် 🚫ROMANCE ONLY🚫