အပိုင်း - ၁ [U n i c o d e]

2.6K 52 0
                                    

Title: နှလုံးသားရဲ့ ပြယုဂ်

ကျွန်မနာမည်က မှုံနသာ ။ ဒါပေမယ့် လူတစ်ချို့က ဒီလိုခေါ်ကြတယ်

"ဟဲ့ မှုန်တီမှုန်ဝါး..."

"ငါ့နာမည်က မှုံနသာ ၊မှုန်တီမှုန်ဝါးမဟုတ်ဘူး။"

"လူတိုင်းက နင့်ကို မှုန်တီမှုန်ဝါးလို့ပဲ ခေါ်နေကြတာ မဟုတ်ဘူးလား ။ထပ်ပြောရရင် မှုံ နဲ့ မှုန် က နင့်အတွက် ဘာကွာသွားလို့လဲ။ "

"နင်တို့စောက်လုံးမှုန်တာကိုပြောရင် နငယ်အသတ်နဲ့ ။ ငါနာမည်က သေးသေးတင်(-ံ)နဲ့မှုံတာ ။အဲ့နှစ်ခုဘယ်လိုကွာလဲ ငါပြောဖို့လိုသေးလား .. "

မှုံနသာက အံကြိတ်ထားရင်း ဆိုသည် ။ ချက်ချင်းပင် မိမိအရှေ့မှ သူကို နားရင်းအားသုံးချက်လောက်ရိုက်ကာ ပြောပြလိုက်ချင်ပေမယ့်လည်း ဒေါသစိတ်တို့ကို ပြန်လည်မျိုသိပ်လိုက်ရသည် ။

စိတ်ထဲတွင်တော့ လုံးဝမကျေနပ် ။သူ မ က သူမနာမည်ကို သိပ်အလေးထားတယ် ။ ဒါပေမယ့် တခြားလူတွေအတွက်ကတော့ စနောက်စရာကောင်းတဲ့အရာတစ်ခုထက်မပိုဘူး ။

တစ်ဖက်လူက အာရုံမထားတဲ့အလား ဆက် ၍ သာ လှောင်နေသည် ။

" ဟန့်.. စောက်လုံးမှုန်တာကနင်လေ ။ နာမည်မှုံတာကလည်းနင်ပဲလေ ။လေသံကိုက စောက်ကြီးစောက်ကျယ်နဲ့ ။"

"ငါ့ဘာသာငါ ဘယ်လိုလေသံနဲ့ပြောပြော နင့်စောက်ပူ ဘယ်နပြားပါလို့လဲ ။ပြီးတော့ နင်တို့ဘာနင်တို့ အားယားနေလို့ ငါနာမည်ကို ဖျက်ချင်သလိုဖျက် ။ ငါဂရုမစိုက်ဘူး ။ ဘာလို့သိလား ။ အပုတ်နံ့ထွက်နေတဲ့ပါးစပ်က ဘယ်လိုမှ ပန်းရနံ့ထွက်လာမှာမဟုတ်တာ သိနေလို့ပဲ ။ "

"နင် ဘာစကားပြောလိုက်တာလဲ ! " တဖက်လူရဲ့ဒေါသက တမဟုန်ချင်းထွက်လာသည် ။

မှုံနသာက အထင်သေးဟန်ဖြင့် ရှံ့ချလိုက်သည် ။

သူမတုန်းကဆိုဒေါသတွေကို အချိန်အနည်းငယ်အထိတော့ ထိန်းချုပ်ထားနိုင်သေးသည် ။

"အိုင်းယိုး.. ဒီနားက နံလိုက်တာ.. "မှုံနသာက ရှုံ့မဲ့နေသော မျက်နှာထားလုပ်ကာ နှာခေါင်းအားပိတ်ပြီး ထိုသူအနားကနေ ခွာလိုက်သည် ။

နှလုံးသားရဲ့ပြယုဂ် [Own Creation]✓Where stories live. Discover now