ဆည်းလည်း >>1

3.3K 334 64
                                    

"ဝေါ့..."

သည်းခြေရေတွေပါ ပါမတတ် ဘေစင်မှာအန်နေတဲ့ Kyungsoo ကိုကြည့်ပြီး Jongin မျက်နှာမှာလည်း အပျက်ပျက်အယွင်းယွင်း။
Jun တုန်းက ဒီလောက် ဒုက္ခမများခဲ့သလောက်
ဒီဒုတိယမြောက် ဘေဘီလေးကြမှပဲ Kyungsoo မှာ အရမ်းပင်ပန်းနေရှာသည်။
မျက်နှာတွေနီရဲပြီး နှုတ်ခမ်းတွေ ဖြူစုတ်လာသည်အထိ
အော့အန်နေရှာတဲ့ ကလေးရဲ့ကျောကို
ခပ်ဖွဖွ ပွတ်ပေးနေရင်း သူပါ မျက်ရည်ဝဲလာရသည်။

အစားလည်းကောင်းကောင်းမစားနိုင်ဘဲ စားသမျှ ပြန်အန်ထွက်နေသော ကလေးငယ်ဟာ တကယ့်ကို ကြည့်ရက်စရာမရှိအောင် အားနည်းလွန်းနေသည်။
အန်လို့ဝသွားတော့မှ ပလုတ်ကျင်းရင်း မျက်နှာတွေပါသစ်ချနေသော ကလေးကို သူမသက်မသာ ကြည့်လိုက်ပြီး ကောက်ပွေ့လိုက်သည်။
တစ်ခါ တစ်ခါအန်ပြီးတိုင်း
ရှိသမျှအင်အားအကုန်စုပ်ယူခံလိုက်ရသလိုဖြစ်သွားသော ကလေးဟာ သေချာပေါက် ရေချိုးခန်းထဲကနေ အိပ်ခန်းထဲကို လမ်းလျှောက်နိုင်မှာမဟုတ်။
ဘယ်လောက်တောင် အားမရှိတော့သလဲဆိုရင်
ကောက်ပွေ့ခံလိုက်ရတဲ့အတွက် Jongin ရဲ့လည်ကို လာသိုင်းဖက်တဲ့လက်ကလေး တွေကတောင် လျော့တိလျော့ရဲ။

ခုတင်ပေါ်ကိုဖြည်းညင်းစွာချပေးလိုက်ပြီး ရေစက်တွေသီးနေသော မျက်နှာနွမ်းနွမ်းလေးကို အမွေးပွ သဘက်နဲ့ ခပ်ဖွဖွ သုတ်ပေးလိုက်သည်။
သက်သာလားလို့ မမေးရက်....
သူ့ရှေ့တင် ဘယ်လောက်တောင်ဝေဒနာတွေခံစားနေရသလဲဆိုတာ မျက်မြင်ကိုယ်တွေ့။
စကားတစ်ခွန်းမဆိုနိုင်လောက်အောင် မောပန်းနေပြီဖြစ်သော ကလေးကို စောင်ခြုံပေးလိုက်ရင်း လက်မောင်းလေးကို ခပ်ဖွဖွပုတ်ပေးလိုက်တော့ မျက်လုံးလေးတွေ မှေးစင်းလာလေသည်။
နဖူးပေါ်ကို အကြင်နာတစ်ပွင့်ခြွေချလိုက်ရင်း နေရောင်တွေစူးနေအောင်ဝင်နေသော မှန်ပြတင်းကြီးတွေရှေ့သွားရပ်ကာ အဖြူ ရောင်လိုက်ကာစတွေကို ဆွဲချလိုက်သည်။ ဘွိုင်လာကို အနည်းငယ်မြှင့်ပေးလိုက်ပြီး အခန်းပြင်ကိုထွက်လာခဲ့တော့ စိုးရိမ်ဟန်မျက်နှာထားလေးနဲ့ စောင့်နေတဲ့ Jun...

"ပါး ဘယ်လိုနေလဲ
သက်သာလား ဖေ"

မျက်နှာညှိုးညှိုးလးကို ကြည့်ရင်းအားပေးသလိုအပြုံးတစ်ခုကို Jongin ပြုံးပြမိသည်။

You've reached the end of published parts.

⏰ Last updated: Jan 01, 2019 ⏰

Add this story to your Library to get notified about new parts!

ချစ်ခြင်းတရားဖြင့် အရာရာဟာလှပစေ [[Season Two OF ကလေး]]Where stories live. Discover now