အချစ်ပျောက်သူနှင့်အချစ်ကြောက်သူ( description)

220 9 0
                                    

သူမနာမည်က Kim Tae Tae
သူမကို ဘူဆန်မှာမွေးဖွားခဲ့သည်။ သူမရဲ့မိဘတွေက မရိှမရှားထဲကဆိုသလို ကျိကျိတက်မချမ်းသာပေမယ့် သူမတို့ညီအစ်မတွေကိုတော့ သူများနဲ့တန်းတူ ၀တ်နိုင်စားနိုင်အောင် မျက်နှာမငယ်ရအောင် ထားနိုင်ခဲ့သည်။
သူမက ညီအစ်မလေးယောက်ထဲမှာ အငယ်ဆုံးသမီး။မိဘများက
ပညာရေးကို ဦးစားပေးသည်မို့ ညီအစ်မလေးယောက်လုံး ငယ်စဉ်ကပင် ထူးချွန်အောင်ကြိုးစားခဲ့သည်။ဖေဖေတို့ အားထားရလောက်အောင်လည်း မမကြီးတို့ကထူးချွန်သည်။ သူမသည်လည်း ယခုဆိုလျှင် ဆိုလ်း၌ဒုတိယနှစ် ဆေးကျောင်းသူ တစ်ယောက်ပင်ဖြစ်နေပီ။  ရည်မှန်းချက်ကြီးသူတစ်ယောက်မို့ စာကလွဲလျှင် မည်သည့်အရာကိုမျှ စိတ်ဝင်စားခြင်းမရှိခဲ့ချေ။ ဤကဲ့သို့ တည်ငြိမ်အေးဆေးစွာဖြတ်သန်းလာခဲ့သော သူမ၏ဘ၀ထဲကို Jeon Jung Kookဟူသော ကောင်လေးက အတားအဆီးမရှိ ၀င်ရောက်လာပီးနောက်..

Jeon Jung Kook
တောင်ကိုရီးယားရဲ့ ထိပ်တန်းကုမ္ပဏီတစ်ခုဖြစ်တဲ့ JKရဲ့အနာဂတ်ဆက်ခံသူလောင်းတစ်ယောက်
တတိယနှစ်ဆေးကျောင်းသားတစ်ယောက်လည်းဖြစ်သည့်သူသည် အများအမြင်တွင်တော့ ဆယ်ကျော်သက်များအားကျစရာကောင်လေးတစ်ယောက်အဖြစ် မြင်ကြမည်ဖြစ်သည်။ သို့သော် လက်တွေ့တွင်တော့ မိဘနှစ်ပါးက စိတ်သဘောထားချင်းမတိုက်ဆိုင်၍ တစ်ယောက် လုပ်ငန်းတစ်ခုစီဖြင့် ဂျပန်နိုင်ငံတွင် ဘ၀ခရီးကိုဆက်လျှောက်နေကြသည်။ သူက အမေ၏ ညီမဖြစ်သူ ဒေါ်လေးနှင့်အတူပင် ကိုရီးယားမှာ အခြေချနေထိုင်ခဲ့သည်မှာ သူ၏မိဘနှစ်ပါးဂျပန်သို့ထွက်သွားပီး သူ ဆယ်နှစ်သားလောက်ကတည်းကပင် အတူနေခဲ့သည်မို့ ဒေါ်လေးသည်ပင် မိဘဖြစ်ခဲ့ရသည်။ သူ့တွင် ညီအစ်ကိုရင်း တမျှ ချစ်ရသော Park Jimin နှင့် Kim Seokjinဟုခေါ်သော ကလေးဘ၀ကတည်းက ယခု ဆေးကျောင်းသားအရွယ်ထိ ပေါင်းခဲ့သော သူငယ်ချင်းနှစ်ယောက်ရှိသည်။ Jimin ၏ အဖေနှင့်အမေက ကွဲနေပီး သူက အဖွားနှင့်နေသည်။ Jin ၏ အမေက သူငယ်ငယ်ကပင် accidentဖြင့် ဆုံးပါးသွားကာ အဖေက နောက်အိမ်ထောင်နှင့်ဖြစ်သည်။ သုံးယောက်သား လောကကို   အရွဲ့တိုက်နေသူချင်း ပေါင်းမိသည်ဆိုရမည်။ ချိန်းပွဲတိုင်း သူတို့ပါသည်။ ကိုယ်စီက စိတ်ဒဏ်ရာရှိသူများမို့ တစ်ယောက်နှင့်တစ်ယောက် ဖေးမကူညီကြသည်။ ညီအစ်ကိုကဲ့သို့ တပူးပူးတတွဲတွဲရှိသည်မှာ ဆေးကျောင်းတက်သည်အထိပင်။ တွယ်တာစရာဟူ၍ မရှိသလောက်ရှားပါးသော သူ့ဘ၀ကို ပျော်ရွှင်မှု သာယာကြည်နူးမှု သာမက ၀မ်းနည်းမှု အားမလိုအားမရဖြစ်မှုတွေပါ ယူဆောင်လာသော ကောင်မလေးတစ်ယောက်က သူ့နှလုံးသား တံခါးရှေ့၌ ခြေစုံရပ်လာသောအခါ...

အချစ်ကြောက်သူနှင့် အချစ်ပျောက်သူWo Geschichten leben. Entdecke jetzt