B of U

713 43 2
                                    

~~~~~~~~~~~~~~~~ညနေခင်းမို့ ဒီနေရာက
လူကျဲနေသည်ထင်သည် ကိုယ့်အနီးအနား တစ်ဝှိုက်မှာ တစ်ယောက်တစ်လေတောင်မရှိ ပုစွန်ဆီရောင်သမ်းနေတဲ့ ကောင်းကင်ကြီးရယ် ညှာတာမှု မရှိဘဲ တိုက်ခတ်နေတဲ့
လေကြမ်းတွေရယ် လေနှင်ရာ တရွေ့ရွေ့လှုပ်နေကြတဲ့
လှိုင်းလုံးကြီးတွေရယ် နီညိုညို နေမင်းကြီးရယ် ပြီးတော့
ကိုယ်ရယ် ရှိနေတာပဲ တစ်ယောက်ထဲမှ မဟုတ်တာ
အဖော်တွေအများကြီးရှိနေတာပဲဟာ ဘာလို့များ
အထီးကျန်တယ်လို့ တွေးမိနေရတာလည်း အရာရာ
အကောင်းမြင်တက်စမ်းပါ Park chanyeolရယ် မင်းဟာလေ အမှတ်ကိုမရှိဘူး  အဲ့ဒါကြောင့်မို့လည်း ဒီလိုတွေ
ဖြစ်နေတာပေါ့  လွန်ခဲ့တဲ့နှစ်တွေကလည်း ဒီနေရာရောက်ဖူးပေမယ့် ခံစားချက်တို့က သက်သက်စီ hk အမှတ်တရတွေ သိပ်များလွန်းတယ် ဒီနေရာက ကိုယ်တို့ရဲ့ ဆုံမှတ်ပဲလို့ သတ်မှတ်တယ် Hunnie~~~~
တစ်ဖက်သတ် အတွေးများနဲ့ chanyeol ရဲ့ အတွေးတို့က အတိတ် ဆီသို့....
______________________________________
"arrrrrrrrrrrrrrr မုန်းတယ် လောကကြီးကို မုန်းတယ် ဘာလို့ ဘာလို့ ကျွန်တော်ကမှ ဒီလိုတွေ ဖြစ်နေရတာလဲ ဟမ် ဘာလို့ ဘာလို့ ကျွန်တော့်ကို တစ်ကောင်ကြွက်ဖြစ်အောင် လုပ်တာလည်း ခင်ဗျား ခင်ဗျား arrrrrr"
ရင်ဘတ်ထဲ ဆို့နစ်လာမှုကြောင့် sehunအသံစိုင်တို့က ထပ်ထွက်မလာတော့ ပတ်ဝန်းကျင်မှာ ကိုယ်ဟာ ဘယ်လောက်ပဲ ကြံ့ခိုင်တဲ့လူဖြစ်ပါစေ လောကဒဏ်ရဲ့လှည့်ဖျားမှုကို ပြုံးပြုံးကြီးလက်ခံနိုင်တဲ့ အရိယာယ် သူတော်စင်မဟုတ် လူတွေကိုဖြစ်ဖြစ် ဒါမှမဟုတ် ကွယ်ရာမှာ ဖြစ်ဖြစ် ခံစားချက်တွေကို ထုတ်ပြော ပြုမှုကြတာပဲ မဟုတ်လား မိဘတွေ ဆုံးရှုံးတာတောင် သူများသနားတာမခံရဘူး လူအများအမြင်မှာ ဆိုးသွမ်းရိုင်းစိုင်းနေတဲ့ ကျွန်တော်ဟာ တစ်မိုးအောက် Oh Sehun
"အင့်"
"မင်းကဘာလည်း သွားဝေးဝေးနေစမ်းဘာ"
မျက်လုံးပေကလပ်ပေကလပ်နှင့် နားရွက်ကားကား ထိုဂြိုလ်သားလေးက အူကြောင်ကြောင်ရုပ်နဲ့ သူ့လက်ကိုင်ပုဝါကို ကိုင်ကာ လက်လှမ်းလာတာမို့ စိတ်ပေါက်ပေါက်နှင့် အော်ထုတ်ပြစ်လိုက်တာဟာ ကျွန်တော်က လူဆိုးကောင်ပဲလေ
"မပြန်သေးဘူးလား ဒီကမ်းခြေက ညဆို လှိုင်းထန်တယ် မင်း"
"ရော ခင်ဗျားပြောရခက်တာ သွား ဝေးဝေးမှာနေဗျာ"
ကျွန်တော် အပြောကြောင့်လား မသိ စောနက ကိုင်းထားတဲ့ သူ့ခါးတွေကို နှိမ့်ချကာ ကျွန်တော့်ဘေးဒူးတစ်ဖက် ထောက် ထိုင်ချလာသည် ဒီလူဟာ ရူးများနေသလား သူ့ကို မြင်ရင် စိတ်ရှုပ်ရတဲ့ထဲ ကျစ် အိုဆယ်ဟွန်းတို့များ ဘယ်ဘဝက ကုသိုလ်တွေ လုပ်လာလို့ စိတ်ညစ်တာတောင် ကောင်းကောင်း မညစ်ရပါလားနော်
"မင်း စိတ်ညစ်စရာ တစ်ခုခုရှိလို့လား"
သူဘာမှပြန်မပြောမိ ဟုတ်တယ်လေ စိတ်ရှုပ်ပါတယ်ဆို စကားသံတွေက ပိုပီးစိတ်ညစ်စရာကောင်းတယ်
"သွား ညစ်နေတဲ့ စိတ်တွေ ငါ့ဆီက ထွက်သွား "
ရုတ်တရက် ထအော်လိုက်တဲ့ အူကြောင်ကြားကြောင့် အံ့သြသွားတာကို ဝန်ခံပါတယ် သူ့ကို တစ်ချက်စိုက်ကြည့် လိုက်တော့ ဟီးခနဲ ရီပြလာလေရဲ့ ဟင်း ဘယ်လိုဟာမှန်းမသိဘူး
ဒါပေမယ့် သူ့စကားတွေက လိုက်လုပ်ချင်လာအောင် အမိန့်ပေးနေသလို
"သွား ထွက်သွား ညစ်နေတဲ့စိတ်တွေ ငါ့ဆီက ထွက်သွား"
ဟင် ကျွန်တော်အခု လိုက်အော်လိုက်မိပီ အား အဲ့အူကြောင်ကြားကြောင့် လူဆိုးဆိုတဲ့လimageတော့ ပျက်ပါပီ ဟူး
"Hunnieက ဒီလိုကျတော့လည်း မဆိုးပါဘူး"
"ဘာ ခင်ဗျား ကျွန်တော့နာမည် ဘယ်လိုသိတာလဲ"
"Hunnieက နာမည်ကြီးကို ကျောင်းမှာ မသိတဲ့လူ ရှိပ့မလား"
"ထားပါ ခင်ဗျားပြန်တော့လေ ကျောင်းသားတွေ အိပ်ကုန်ပီထင်တယ် ဝေးတာကို ပြန်ရမှာ"
"မင်းကရော"
အူကြောင်ကြောင် အကြည့်နဲ့ သူက အတူတူပြန်မယ်လို့
ပြောနေသလို ကျစ် မျက်ဝန်းတောက်တောက်တစ်စုံကို အကြည့်လွှဲမိသည်
"ပြန်မယ် "
"Hyungက တကယ်တောင် hunnieကို လာရှာတာ"
"Hyung"
သူ့ကိုယ်သူhyungတဲ့ ဘာလား ရွယ်တူမဟုတ်တောင် ငယ်မည်ထင်နေတာကို ဟင်း ကိုယ့်ထက်သာတာဆိုလို့ အရပ်ကလေး မဆိုသလောက် ပိုရှည်နေတာလေးပဲ သူမယုံသလို ကြည့်လိုက်မှ
"hunnieတို့  စီနီယာလေ hunnieက ဘယ်သိမလဲ"
"အော်"
နောက် သူတို့နှစ်ယောက် ဘာစကားမှမပြောဖြစ်တော့ပဲ ယာယီတဲတွေ ရောက်တဲ့အခါ နုတ်တောင်မဆက်ပဲ သူဝက်အိပ်ခဲ့သည် ဟင်း နုတ်ဆက်လိုက်ရင် အိုဆယ်ဟွန်း ပီသတော့မည် မဟုတ် သူကသာ ကိုယ့်ကိုသိတာ ကိုယ်က နာမည်လေးတောင် မမေးခဲ့ရ မသိချင်လို့ ပိုမှန်လိမ့်မည်
__________________________________________
Tripကပြန်လာပြီးထဲက သူကျောင်းပုံမှန်တက်ဖြစ်သလို လောကကြီးကို အရွဲ့တိုက်ကာ ဖြတ်သန်းနေတုန်းပဲ အင်း မိဘတွေ မရှိတော့တာလွဲ ကျန်တာ ပုံမှန်ပါပဲ ဒါပေမယ့် တစ်ခါတစ်လေ ကျောင်းမှာ တွေ့လိုတွေ့ငြား လိုက်ရှာမိတဲ့ နားရွက်ကားကားကောင်လေးကို မတွေ့တာက လွဲရင်ပေါ့ အဲ့ဒါကိုတော့ မသိချင်ယောင်ဆောင် ပါရစေ
"Sehun  ငါ art majorမှာ သီချင်းတောင်းထားတာ သွားယူရမလို့ လိုက်ခဲ့ပါလား"
ကျစ် ဒီကောင် Chenဟာလေ အကြောင်းမသိတာ ကျလို့ လိုက်မှာ မဟုတ်တဲ့လူကို လာခေါ်နေတယ်
" မလိုက်ဘူး"
"မင်းကလည်းကွာ ငါညကြရင် တစ်ဝိုင်းတိုက်မယ်လေနော်"
"သေချာလား"
"promise"
ဟင်း ဘယ်ရမလည်း နှစ်ခါမလာတဲ့ အခွင့်အရေးကိုများ လက်လွှတ်စရာလားလို့ Chenပုခုံးဖက်ကာ ရှေ့ကပဲ အရင်သွားတော့သည်
"sehunဒီမှာ ခဏစောင့်နော်"
"imm"
chen အစုတ်ဟာလေ သူ့ကိုကို ကိုတွေ့တာနဲ့ ကောက်ကောက်ပါအောင် လိုက်သွားတာပဲ ကြည့်လို့ကိုမရဘူး
ting....ting....ting....tingggggg
"your skin make me cry....."
ဒါ ဟိုဖက်ခန်းထဲက အသံမလား Creepသီချင်းကို moodအပြည့်နဲ့ ဆိုနေတဲ့ အသံချိုချိုလေးနောက် လိုက်မိတော့  ငွေမင်ရောင် ဆံပင်တွေနဲ့ လူတစ်ယောက် ဂီတာပေါ် လှုပ်ခက်နေတဲ့ လက်ချောင်းတွေဟာလည်း ကျွမ်းကျင်စွာ အပေါ်ထပ်ကြည့်မိတော့ နီစွေးစွေး နုတ်ခမ်းတွဲတွဲလေးတစ်စုံ နောက်နောက် အရည်လဲ့လဲ့ မျက်ဝန်းတစ်စုံ hk အူကြောင်ကြားကိုး
"hunnie ကိုယ့်ဆီလာတာလား"
ဘယ်လောက်ငေးကြည့်နေလည်း မသိ သီချင်းပီးသွားတာတောင်မသိလိုက် ဘာလုပ်ရမှန်းလည်းမသိတော့ မျက်ဝန်းတောက်တောက်ကလေးက ပိုပီးတောင် တောက်ပလာကာ နီစွေးစွေး နုတ်ခမ်းဖူးဖူးတို့က ပြုံးရယ်လို့
"အဟမ်း ဟို သူငယ်ချင်းခေါ်လာလို့ "
"chanyeol .....ကိုယ့်နာမည် park chanyeol"
"အာ Chanလို့ ခေါ်လို့ရလား "
ကျစ် ငါဘာတွေပြောနေတာလည်း ဟာ
သူက တစ်ချက်ပြုံးကာ ခေါင်းအသာငြိမ့်ပြလေတော့ ဒီဘယ်ဘတ်ရင်အစုံဟာ တစ်ဒုတ်ဒုတ် ကျစ် နှလုံးအမောဖောက်တာ ငါဘာမှဖြစ်တာမုတ်ဘူး နှလုံးအမောဖောက်တာ
အင်းပြောရရင် အဲ့နေကစလို့ သူ့တို့ majorဘက်ကို ခဏခဏသွားချောင်းရတာအမော အဟမ်း တစ်ခုတော့ ဝန်ခံမလို့
ကျွန်တော် Chanကိုချစ်နေပီလို့ သိတယ်မလား အချစ်ရေးမှာ တော်လွန်းလို့ သူ့နားတောင်မကပ်ရဲဘူး ခိုးကြည့်ရတဲ့ နေ့တွေ လွန်ပါစေလို့ ဆုတောင်းနေရတာ ကျွန်တော့် styleမဟုတ် ဖော်ရွေသဘောကောင်းတဲ့ သူကြောင့် လူတွေ့တိုင်း ရီပြတာ အိုဆယ်ဟွန်းစတိုင်မဟုတ် ကျစ် သူ့ကိုချစ်တာက အဲ့တာတွေ ပြောင်းလဲဖို့လား အလိုလိုကို သူနဲ့ အတူတူဖြစ်စေချင်တာပဲ အိုဆယ်ဟွန်း တော့ သွားပီ အချေ ဆုကြီူ လက်လွတ်ရတော့မယ် ထင်ပါတယ် အဟမ်း အခုဆို ရင်းနီးနေပီဗျ ဘယ်လောက်ရင်းနီးလည်းဆိုတော့
"Chan"
"hamm hunnieပြောလေ"
" ကျွန်တော် chanအိမ်လိုက်လည်ချင်တယ်"
"အဲ့တာများ ဘာများလည်းလို့ လိုက်ခဲ့လေ ကိုယ့်တို့ ညစာတူတူစားရအောင်"
"imm"
Sehun with devil smile🌚
"
---------------------------------------
"Chan"
"ဟင် "
" Chan"
"ဘာလည်းကွာ"
"ချစ်တယ် "
"အင်း....ဘာ ဘာပြောလိုက်တာ hunnie"
"ချစ်တယ်လို့ ချစ်တယ် ကျွန်တော်ခင်ဗျားကို ချစ်တယ် ဘယ်လိုလည်း ကျွန်တော့ ကိုရော ချစ်လား ဖြေကြည့်"
"အမ် အာ ဟိုဟို"
chanရဲ့ မျက်နှာဟာ အားနာနေဟန်နောက် စိတ်မျကာင်းဟန်နဲ့ ခေါင်းလေး ညွတ်ကျသွားတော့ သိပီ သူသိလိုက်ပါပီ chanက မချစ်ဘူးဆိုတာ
"😭😭😭"
"Chanဘာလို့ ငိုတာလည်း "
"hunnieက ရိုဆန်ဆန်လည်း မပြောဘူး"
ဟက် အာ့ကြောင့်ငိုတာတဲ့လား ဘယ်လိုhyungလည်း မသိဘူး
" ဒါဆို ကျွန်တော့ကို ချစ်တယ်ပေါ့"
"........."
သူက နားနားကပ်ပြောတဲ့ စကားကြောင့် ပါးမို့မို့အား ဖိကပ်နမ်းရိုက်မိတော့ ရင်ခွင်ထဲ တိုးဝင်လာတဲ့ hyungကြောင့် တင်းတင်းဖက်ထားမိခဲ့သည်
ပိုချစ်ရသူတွေ ဟာ အနစ်နာခံတာပဲမလား ကျွန်တော်chanအတွက်ပေးဆပ်ပါရစေ အနစ်နာခံတယ်လို့ မတွေးပါဘူး သူပျော်ရင် ကျေနပ်တယ် ရိုးရှင်းတဲ့ ကျွန်တော့တို့ အချစ်ဇာတ်လမ်းက သာမန်ထက်တောင် မထူးခြားခဲ့ပါဘူး လူတွေဆို အကောင်းမမြင်တက်တဲ့ ကျွန်တော်ဟာ Chanကြောင့် ဖော်ရွေသူကြီးဖြစ်လာရတယ်
စိတ်မရှည်တက်တဲ့ ကျွန်တော်ဟာ Chanကြောင့် စိတ်ရှည်ရတော့တယ်
ဒောသအလွယ်ထွက်တဲ့ ကျွန်တော်က ခန္ဓ တရား လက်ကိုင်ထားသလို သည်းခံနိုင်သူကြီး ဖြစ်လာရတယ်
အရာရာ ပြောင်းလဲခဲ့တယ် သူ့ကြောင့် ဘာလို့လည်းဆိုတော့ အကြောင်းပြချက်က တစ်ခုထဲ
ကျွန်တော် chanကို သိပ်ချစ်လို့
----------------------------------------------------
နောက်ကျောက နွေးထွေးမှုနဲ့အတူ ပုခုံးကို သိုင်းဖက်လာတဲ့ ရင်ခွင်တစ်စုံကြောင့် အတိတ်ကို တွေးနေတဲ့ အတွေးတို့ဟာ ရပ်တန့်ကုန်တယ် "ဘာတွေ တွေးနေတာလည်း အသည်းလေး" နားရွက်ဖျားကို လေပူတစ်ချက် မှုတ်ထုတ်ကာ ပြောလာတာကြောင့် ပါးချိုင့်လေး ပေါ်တဲ့အထိပြုံးမိတယ်
အရာရာ ဦးစားပေးတဲ့ hunnieကြောင့် ဘယ်သူက အသက်ကြီးသလည်း မေးယူရမလို ယုတ်စွ အဆုံး ချစ်ခြင်းတွေကို သက်သေပြတဲ့ အခါမှာတောင် chanနာမှာ စိုးလို့တဲ့ သူသာ ပေးဆပ်တဲ့အထိ ကိုယ်နာပါစေ hunnieရယ် မင်းအတွက်နာတာပဲဟာ မင်းနာကျင်နေမှာကိုယ်မကြည့်ရက်ဘူး ကိုယ့်ကိုချစ်ရင် နော်ဆိုမှသာ သူက လိုက်လျောပေးခဲ့သည်
သုပေးတဲ့ အရာအားလုံးဟာ ကိုယ့်အတွက် ပျော်စရာလို့ပဲ တွေးမိပါတယ် hunnieရယ်
"ထတော့ မှောင်တော့မယ် အသည်းလေး အေးလာပီ ဖျားမယ်"
"ဖျားရင် Hunnieပြုစုပေါ့"
"Hkစိတ်ချ ကိုယ်ဖိ ရင်ဖိပြုစုမှာ "
"ကိုယ်သိတယ်နော် ဟင်း ဘာတွေးနေလည်းဆိုတာ"
"လာ လှိုင်းတွေကြမ်းလာပီ အအေးပက်မှာစိုးလို့ ပြန်ရအောင် ပြန်ရောက်တာနဲ့ ကြိုတင်ကာကွယ်ရမယ် chanpမဖျားအောင် ကိုယ်ဖိရင်ဖိပြုစုမလို့"
"Garrrrrrrr....hunnie"
Haha haha🤣🤣🤣
ကမ်းခြေမှာ တစ်ယောက်နဲ့တစ်ယောက် ချသ်ကျီစယ်နေကြတဲ့ ကောင်လေးနှစ်ယောက်ကြောင့် နေမင်းကြီးက ရှက်ကာ တောင်တန်းတွေကြား တိုးဝင်သွားတော့သည်:
The end😶
နားမလည် လိုက်ရင် miyan❤️🙆🏼‍♀️

You've reached the end of published parts.

⏰ Last updated: Dec 21, 2018 ⏰

Add this story to your Library to get notified about new parts!

Because of ÿøu❤️ chanhun one shotWhere stories live. Discover now