💖💖💖💖

9K 156 4
                                    

လောကကြီးကကျယ်ပြောတယ်
ညတာတွေကရှည်လွန်းတယ်
လူတွေနှလုံးသားကင်မဲ့တယ်
သွေးတွေပြောင်းပြန်စီးခဲ့တယ်

ခြေလှမ်းတွေကသစ်စာဖောက်တယ်
ဧကရာဇ်ပြုံးဝင့်ကိုအတိုင်းအဆမရှိသောက်မိတယ်
နှလုံးသားကပိုင်ရှင်မဲ့နေတယ်


လူသားတွေကကြောက်ဖို့ကောင်းတယ်
သောကတွေနဲ့ပြည့်နေတယ်
လေတိုက်ခတ်ရာအရပ်သွားရင်း
သူခံစားခဲ့တဲ့ဒဏ်ရာတွေကိုထွင်းထုရင်း
သူသောက်ခဲ့တဲ့သေရည်ကိုသောက်ရင်း
လောကထဲကပျောက်ကွယ်သွားတဲ့
တစ်ဦးတည်းသောချစ်ရသူကို
လေလွင့်ကာရှာဖွေမိရဲ့ ...............

MDZS မှာလာသောခံစားချက်ကဗျာများWhere stories live. Discover now