💘

441 60 6
                                    

ဒီနေ့ ဘာနေ့လဲ လို့လာမေးရင် ကျွန်တော်ကတော့ ကြာသာပတေးနေ့လို့ပဲ ပြန်ဖြေပါမယ်နော်
ဗာလင်တိုင်းဒေးတွေ ဘာတွေမသိဘူး

အံ့သြပါရဲ့ဗျာ 14 ရက်နေ့ မရောက်သေးဘူး မနေ့ကတည်းက pre valentine ဆိုပီး ဝက်ဝံရုပ်တွေ တကားကား ပန်းစည်းတွေတကားကားနဲ့ ကျွန်တော် Baekhyunnie လေးလို ချစ်စရာလေးလဲ မဟုတ်ပဲနဲ့ သူတို့ပုံကြီးတွေ news feed မှာ တက်လာလိုက်တာ မျက်စိကို နောက်နေရော :) စောင် RS တွေပိုကိုပိုတယ်

ကိုယ့်ဆို ခနခန FA FA နဲ့ ဖဲ့နေတဲ့ Bff rs နှစ်ကောင်ကိုလဲ ကြိုဘလော့ထားတယ် အေးရော နို့မို့ဆို သူတို့ဘဲတွေနဲ့ ကဲနေတဲ့ပုံတွေ လာပို့မှာမြင်ယောင်သေး😐 အားနေ FA ဆိုပီး လာလာနှိမ်နေတဲ့ဟာတွေ သူတို့ဘဲတွေနဲ့ ပြသနာဖြစ်မှ ငိုချည်းချက်မနဲ့ လာလို့ကတော့ တံခါးကို ဖွင့်မပေးဘူးမှတ် :(

အင်းပေါ့လေ သူတို့ခမျာ ရုပ်ကလေးကချစ်စရာကောင်း အရပ်ကလေးကလဲသူတို့ထက် မဆိုသလောက်လေးရှည် skin ကလဲဖြူဥအိစက် ဒီလို အရာရာ perfect ဖြစ်နေတဲ့ ကျွန်တော့်ကို ဖဲ့ချင်တော့ FA ဆိုတဲ့ဟာလေးနဲ့ပဲ ဖဲ့နေရရှာတယ်
ရုပ်ချောသဘောကောင်းတဲ့ ကျွန်တော် Baekhyunnie လေးကပဲ ခွင့်လွှတ်ပေးလိုက်ပါမယ်လေ

FA လို့ဖဲ့ခံနေရတာလည်း အကျိုးမပေးတဲ့ ကျွန်တော့်ရဲ့ Oh sehun ဆိုတဲ့ ခရက်ရှ်ကောင်ကြောင့်
ကျွန်တော့်ကိုဆို ချေလိုက်တာဆိုတာလေ သူများတွေနဲ့များဆို ဖြီးလို့ ကျွန်တော်လာပီဆို စောင်ချေရုပ်နဲ့ အရင်တုန်းကအဲ့လိုမဟုတ် စကားပြောရင် ပြန်ပြောဖော်ရသေးတယ် ဖွင့်လည်းပြောလိုက်ရော စကားတောင်ပြန်မပြောတော့ဘူး 🙃 အမှန်ဆို ကျွန်တော့်လို အချောလေးက လာကြိုက်တာကို သူက ဂုဏ်တောင်ယူရဦးမဲ့ဟာကို ဟွမ့်

ခရက်ရှ်ဆိုတဲ့ Oh sehun ကိုလဲ မုန်းတယ် Feb 14 valentine day ကိုလဲ မုန်းတယ်TT ငါ့ကို ဘယ်သူမှ စပရိုက်တိုက်ဖို့ အစီအစဉ်မရှိကြဘူးလားမသိ

အို ဘယ်သူမှမတိုက်လည်း ကိုယ့်ဟာကိုယ် တိုက်မယ် ရေခဲသေတ္တာထဲမှာ မေမေဝယ်လာတဲ့ စပရိုက်ဘူးရှိတယ် ထုတ်သောက်မယ်🌚
ပီးရင် TVကြည့်မယ် ဂိမ်းဆော့မယ် အိမ်တွင်းအောင်းမယ် အပြင်ထွက်ရင် မျက်စိနောက်စရာတွေ မြင်ရလိမ့်မယ် FB လဲ ဒီနေ့တစ်ရက် deactivate လုပ်ထားတယ် မမြင်ချင်လို့ :)

Hai finito le parti pubblicate.

⏰ Ultimo aggiornamento: Feb 14, 2019 ⏰

Aggiungi questa storia alla tua Biblioteca per ricevere una notifica quando verrà pubblicata la prossima parte!

Valentine❤️Dove le storie prendono vita. Scoprilo ora