Beginning

390 31 13
                                    

ကျွန်​တော်​အားတင်းထားတယ်​....စချစ်​မိကတည်းက.
မဟုတ်​ဘူးခင်​များကိုစ​တွေ့ကတည်းက..
ဘယ်​လို​တောင်​အားတင်းထားတာလဲ..ခင်​များသိချင်​လား....
အဲ့​နေ့က
ကျွန်​​တော်​ဒီ​လောကထဲကထွက်​သွားမယ်​လို့ဆုံးဖြတ်​ထားတဲ့​နေ့...အမှတ်​မထင်​...ကျွန်​​တော့်​ကို ခင်​များရဲ့​နွေး​ထွေးတဲ့လက်​တစ်​စုံနဲ့တားမြစ်​ခဲ့တယ်
ထိန်းချုပ်​မှုမရှိတဲ့မျက်​ရည်​​တွေကလည်းတစ်​ဟုန်​ထိုးစီးကျလာတယ်​..
"ဘာလို့လဲ.ခုလိုဘာလို့လုပ်​ရတာလဲ "တဲ့
ခင်​များမသိပါဘူး..ကျွန်​​တော့်​အ​ကြောင်းခင်​များဘာမှမသိပါဘူး

ကျွန်​​တော်​အရာအားလုံးကို​မေ့ပစ်​လိုက်​ချင်​တာ
ဒါမှမဟုတ်​ရူးသွပ်​သွားချင်​တာ ဒါမှမဟုတ်
သေဆုံးသွားချင်​တာ..ဘာကိုမှမလိုချင်​​တော့တဲ့အထိ..

အဲ့လိုရည်​ရွယ်​ချက်​မရှိ၊​မျှော်​လင့်​ချက်​မဲ့​နေတဲ့အချိန်
ကျွန်​​တော့်​ရဲ့ ​ရှေ့ဆက်​အသက်​ရှင်​နိုင်​မယ့်​​မျှော်​လင့်​ချက်​တစ်​စကို..ရှာ​တွေ့ခဲ့တယ်​..ဘဝမှာဘယ်​​လောက်​ပဲနာကျင်​​နေရပါ​စေ..ခင်​များအတွက်​အသက်​ဆက်​ရှင်​မယ်​လို့အားတင်းခဲ့မိတယ်​..
ဒါကခင်​များအတွက်​ကျွန်​​တော်​အားတင်းထားတာကိုသိ​စေချင်​ရုံပါ...

နောက်​တစ်​​ရက်
ဒီတံတား​ပေါ်မှာထပ်​ရပ်​​နေမိပြန်​တယ်
ဒါ​ပေမယ့်​​သေဆုံးဖို့အတွက်​မဟုတ်​ဘူး​လေ
ဘာလို့ထပ်​လာမိတာလဲ..ခင်​များသိချင်​လား

ထပ်​​တွေ့ချင်​မိလို့..စိတ်​မရှည်​စွာရှင်းပြ​နေတဲ့ခင်​များစကား​တွေထဲမှာဂရုစိုက်​မှု​တွေ​ရောပါ​နေတယ်​.

ဒီတိုင်း...ဒီတိုင်းထပ်​မြင်​ချင်ရုံလားဆို​တော့မဟုတ်​ဘူး
ခင်​များကကျွန်​​တော့ရဲ့​မျှော်​လင့်​ချက်​..တစ်​ခုတည်း​သော​မျှော်​လင့်​ချက်​..

"ဒီ​နေ့​ရော..ထပ်​​သေချင်​​သေးတာလား" ဆိုပြီး
ခင်​များထပ်​​ရောက်​လာပြန်​ပါပြီ..
မ​သေချင်​​တော့ပါဘူး။ဘယ်​လိုပဲဖြစ်​ဖြစ်​ ခင်​များနားမှာရှိခွင့်​ရရင်​​ကောင်းမှာပဲဆိုတဲ့​အ​တွေး​ကြောင့်
ဒီကိုထပ်​လာမိတာ...

ကျွန်​​တော့်​ဘဝ​မျှော်​လင့်​ချက်​မဲ့​နေတဲ့အချိန်​.​လောကကြီးထဲကထွက်​သွားဖို့ဆုံးဖြတ်​ခဲ့တဲ့ဒီ​နေရာက..

ကျွန်​​တော့်​ဘဝရဲ့တစ်​ဖန်​ပြန်​လည်​​မွေးဖွားလာတဲ့​မျှော်​လင့်​ချက်​​တွေကို.ယူ​ဆောင်​လာခဲ့တဲ့ခင်​များနဲ့​တွေ့ခဲ့တဲ့​နေရာဖြစ်​​နေပါလား...

တစ်​ဖန်​ရှင်​သန်​လာတဲ့ကျွန်​​တော့်​ဘဝ...
မြတ်​နိုးမိ​သောဒီ​နေရာ..
ရပ်​​နေမိခဲ့ခြင်းအ​ကြောင်းတရားပါပဲ..

နောက်​ထပ်​...​နောက်​ထပ်​ခင်​များသိဖို့ကျန်​​နေ​သေးတယ်​....

"လွမ်း​ ဇေ မင်း"...

______________________________
Story beginningပါ​နော်​😞😞ဖတ်​မယ့်​သူရှိမှဆက်​​ရေးမယ်​😭😭

If I Love YouWhere stories live. Discover now