🗡အမုန်းကို စိတ်ထဲမှာမှတ်၊ နောက်ကျောကို ဓားနဲ့ထိုး🗡

913 68 45
                                    

"အမလေး...အမလေး...စာတွေဘာမှမရသေးဘူး...မနက်ဖြန်ဆိုဖြေရတော့မယ်...ငါကျက်မှဖြစ်တော့မယ်...မကျက်ရင် ငါလေးအူရတော့မယ်...ဟောင်ရတော့မယ်ဟေ့ ... Gameဆော့တာလေးတွေလဲလျော့ဦးမှပါ"

ပြန့်ကျဲနေသော စာအုပ်ပုံများအကြား Rachel တစ်ယောက် စာမေးပွဲကြောင့် စိတ်ရူပ်စွာမြည်တွန်တောက်တီးရင်း တစ်ယောက်ထဲကြုံးဝါးနေသည်။

ထိုစဉ် သူမရဲ့ ဖုန်းထံမှ message toneမြည်လာ၏ ။ သူမ ထို Messageကို မြန်မြန်ဖတ်လိုက်သည်။

"ငါ မင်းဆီ ဘယ်တော့မှ ပြန်မလာတော့ဘူး"

ထို စာတိုတစ်ကြောင်းကြောင့် မှင်သက်ဆွံ့အသွားသည်မှာ Rachel ပင်။

သို့သော်လည်း သူမမျက်ရည်တစ်စက်ကလေးမျှ မကျခဲ့။

စာလဲပြန်မပို့ခဲ့ပေ။ သူမ စာစကျက်ဖို့ ပြန်အားယူခဲ့သည်။ နာကျဉ်းချက်များကို သူမရင်ထဲတွင် အနက်ရိုင်းဆုံး ကမ္ဗည်းရေးထွင်းထုထားလိုက်သည်။

မျက်ရည်မကျမိပေမယ့် အနည်းနှင့်အများ ဝမ်းနည်းစိတ်မကောင်းဖြစ်မိသည်က အမှန်။

မနက်ဖြန်စာမေးပွဲဖြေရမည်ဆိုသောအသိဖြင့်သာ စာကျက်နေရသော်လည်း စိတ်မပါတော့။

ဤသို့ဖြင့် တစ်ညတာကုန်ဆုံးခဲ့ပြီးနောက် စာမေးပွဲကိုအဆင်ပြေသလိုဖြေခဲ့လေသည်။

စာမေးပွဲဖြေပြီးနောက် သူမရဲ့ပန်းချီသင်တန်းဖော်ဖြစ်သလို ညီအစ်မအရင်းအချာကဲ့သို့ခင်မင်တွယ်တာရသည့် အစ်မJessica အိမ်သို့ သွားခဲ့၏ ။

"မမရေ...ညီမလေးပါ" အိမ်တံခါးဘဲလ်ကို တီးလျက်ပြောလိုက်သည်။

တံခါးဖွင့်လိုက်သောအခါ Rachel မှာ Jessica သို့ ပြေးဖက်ရင်း "ညီမလေး ရင်ဖွင့်ဖို့ မမကိုလိုအပ်နေပြီ" ပြောကာ သူမအား မိခင်တစ်ယောက်ကို သမီးငယ်တစ်ယောက်မှ ဖက်ထားသည့်အတိုင်း ဖက်ထားတော့၏ ။

"Chelလေး...သူ Chelလေးကို ထပ်စိတ်မကောင်းဖြစ်အောင် လုပ်ပြန်ပြီလား...လာ လာ အိမ်ထဲဝင်ကြမယ်။ ထုံးစံအတိုင်း အိပ်ခန်းထဲမှာပဲ စကားပြောကြတာပေါ့"

အိပ်ခန်းထဲ၌ သူမတို့နှစ်ယောက် ကုတင်ပေါ်တွင် နေရာအတည်ကျယူလိုက်ကြ၏။

Keep Hate In The Heart. Just Make Backstabbing. (Short Story/ Zaw & Uni)Tahanan ng mga kuwento. Tumuklas ngayon