Control My Heart

6.5K 309 3
                                    

annyeong !!! ကျွန်​​တော့်​ နာမည်​က kris ပါ ... ကျွန်​​တော်​ က XOXO university မှာ history သင်​တဲ့ ဆရာတစ်​​ယောက်​​ပေါ့ ။ ကျွန်​​တော့်​အ​ကြောင်းလား ? အ​ထွေ​ထွေအထူးထူးမရှိပါဘူး ။ ကျွန်​​တော်​လည်း သာမန်​လူ​တွေထဲက သာမန်​လူသားတစ်​​ယောက်​ပါပဲ ။ တစ်​​နေ့တစ်​​နေ့ ​ကျောင်းသွား​ကျောင်းပြန်​ပဲ​ပေါ့ ။

ဒီ​နေ့ ကျွန်​​တော့်​စာသင်​ချိန်​ပီးလို့ ကျွန်​​တော်​ ​ကျောင်းသား​တွေကို နှုတ်​ဆက်​ပီး ​ကျောင်းရုံးခန်းဘက်​ကို ထွက်​လာလိုက်​တယ်​ ။ ရုတ်​တရက်​ ကျွန်​​တော့်​​ခြေလှမ်း​တွေ အသံတစ်​စုံတစ်​ခု​ကြောင့်​ ရပ်​တန့်​မိတယ် ။ piano သံဆို ပိုမှန်​လိမ့်​မယ်​ ။

'ဒိတ်​ .... ဒိတ်​ .... ဒိတ်​'

ဟင်​ !!! ကျွန်​​တော့်​ရင်​​တွေ အရမ်းခုန်​​နေပါလား ? ခုန်​​နေတာမှ ကျွန်​​တော့်​ရင်​ခုန်​သံကို ကျွန်​​တော်​ ပြန်​ကြား​နေရတယ်​ ။ ကျွန်​​တော့်​ခံစားချက်​​တွေကလည်း ပုံမှန်​မဟုတ်​ဘူး ။ ​ပျောက်​ဆုံး​နေတဲ့အရာတစ်​ခုက လက်​တစ်​ကမ်းအလိုမှာ လိုလို..... ဘာလို့လဲ  ? ကျွန်​​တော်​သိချင်​မိတယ်​ ။

ကျွန်​​တော်​ အသံလာရာ အခန်း​လေးဘက်​ကို အသာအယာသွားလိုက်​တယ် ။  ​ကျွန်​​တော်​ ခိုးနား​ထောင်​တာ လူသိသွားရင်​ မ​ကောင်းဘူး​လေ ။ အသံလာတဲ့အခန်း​ရှေ့​ရောက်​​လို့ ကျွန်​​တော်​ အခန်းတံခါး​လေးကို အနည်းငယ်​ဖွင့်​ပီး ကြည့်​လိုက်​​တော့ .....

အထဲမှာ ​ကျောင်းသား​ကျောင်းသူ​တွေပါလား ? ​ဟော ..... ဟိုမှာ..... ​ကျောင်းသား​ကျောင်းသူ​တွေ အလယ်​မှာ piano တီး​နေတဲ့ ​ကောင်​​လေးတစ်​​ယောက်​ .... မဟုတ်​​သေးဘူး ။ သူက ကျွန်​​တော်​ နဲ့ ရွယ်​တူ​လောက်​ရှိမယ်​ ။ သူက ​ကျောင်းဆရာလား ? သူ့ကို ကျွန်​​တော်​ တစ်​ခါမှ မမြင်​ဖူးပါဘူး ။

ကျွန်​​တော်​ ​သေချာ​အောင်​ ထိုသူကို ထပ်​ကြည့်​လိုက်​တယ်​ ။ သူက အင်္ကျီအဖြူ​ရောင်​လက်​ရှည်​​လေးကို တ​တောင်​ဆစ်​ထိ ခေါက်​ပီး ဝတ်​ထားတယ်​ ။ skinnu ​ဘောင်းဘီ အနက်​​ရောင်​နဲ့ စမတ်​ကျကျဝတ်​စားထားတယ်​ .... သူ့ကြည့်​ရတာ ဂီတ​ဖျော်​​ဖြေပွဲက ဂီတဆရာရာလိုလိုနဲ့ ။ သူများ​တွေနဲ့ မတူတဲ့အချက်​က သူ့ရဲ့ နားရွက်​​လေး​တွေက ချွန်​ချွန်​ကားကား​လေး ။ သူ့ရဲ့ လက်​​ချောင်း​သေး​သေးသွယ်​သွယ်​​လေး​တွေက piano သံစဉ်​ လှလှ ​လေး​တွေကို ဖန်​ဆင်း​ပေး​နေတယ်​.... သူ့ရဲ့မျက်​ဝန်းအစုံကို မှိတ်​ထားပီး သူ့ရဲ့​တေးသံထဲမှာပဲ နစ်​မြုပ်ထား​ပုံ .... သူ့ပုံစံ​လေးက တစ်​ခါကြည့်​မိ​ရင်​ ​နောက်​တစ်​ခါကြည့်​ချင်​​အောင်​ ဆွဲ​ဆောင်​နိုင်​လွန်းတယ်​ ။

Control My HeartWhere stories live. Discover now