Real First Love

389 55 29
                                    

" Your real first love will make you realize your first love wasn't really your real first love

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

" Your real first love will make you realize your first love wasn't really your real first love."

"Humm ... ပထမဆုံးအချစ်​က ပထမဆုံးအချစ်​ မဖြစ်​နိုင်​စရာ ဘာများရှိလို့လဲ ? စစ်​မှန်​တဲ့ ပထမဆုံးအချစ် ?
အဲ့ဒါက​ရော ဘာလဲ ?"

Facebook မှာ အဲ့ဒီ့စာသားကို ဖတ်​မိတုန်း​က
သူမ အဲ့လိုမျိုး​ ရေရွတ်​ခဲ့ဖူးတယ်​​ ။ ၁၄နှစ်​အရွယ်​ သူမအတွက်​​ကတော့ အဲ့ဒီ့စာသားဟာ အနည်းငယ်​ ခပ်​​ကြောင်​​ကြောင်​ ​နိုင်​​​နေခဲ့တယ်​ ။ စာသားရဲ့ဆိုလိုရင်းကို ​သေ​သေချာချာ နားမလည်​​ပေမယ့်​လည်း အဲ့ဒီ့စာသားပါ post ကို share လုပ်​ထားလိုက်​တယ်​ ။ 'တစ်​​နေ့မှာ နားလည်​လာခဲ့ရင်​'ဆိုတဲ့ ​မျှော်​လင့်​ချက်​ကို မသိစိတ်​က မသိမသာ ထားခဲ့တယ်​နဲ့ တူပါတယ်​ ။

"မင်းရဲ့စစ်​မှန်​​တဲ့ ပထမဆုံးအချစ်​ဟာ မင်းကို နားလည်​လာ​​စေလိမ့်​မယ်​ ။
မင်းရဲ့ပထမဆုံးအချစ်​က အမှန်​တကယ်​တော့ မင်းရဲ့စစ်​မှန်​တဲ့ ပထမဆုံးအချစ်​ မဟုတ်​ဘူး ဆိုတာကို​ပေါ့ ။ "

နားလည်​လာလိမ့်​မယ်​ ?
ဘာကို နားလည်​​စရာ လို​သေးလို့လဲ ?
ဦး​နှောက်​​ရော ၊ နှလုံးသား​ပါ နုနယ်​​နေ​သေးတဲ့ သူမအတွက်​​က​တော့ ပထမဆုံးအချစ်​ဆိုတာ ပထမဆုံး စိတ်​ဝင်​စားခဲ့မိတဲ့ အတန်းထဲက အတန်း​ဖော်​​ကောင်​​လေးပဲ ဖြစ်​ခဲ့တယ်​ ။

၁၄ နှစ်​အရွယ်​ သူမအတွက်​ အဲ့ဒီ့ကောင်​​လေးကို မဝံ့မရဲ ခိုးကြည့့်တာမျိုး ၊ အကြည့်​ချင်း ခဏ​လေးပဲ ဆုံရင်​​တောင်​ ​ရင်​ခုန်​သွားမိတာမျိုး ၊ အဲ့​ကောင်​​လေးရဲ့အပြုံး​တွေကို​ ​စောင့်​ကြည့်​ရတာကို သ​ဘောကျတာမျိုး ၊ အဲ့ဒါ​တွေကသာ ချစ်​ခြင်း​မေတ္တာရဲ့ပြယုဒ်​​တွေ ဖြစ်​ခဲ့တယ်​ ။ ငယ်​ရွယ်​​သေးတဲ့ သူမဟာ အချစ်​ဆိုတာ ရင်​ခုန်​ခြင်းက စတယ်​လို့ ​ခံယူထားခဲ့တယ်​ ။

Real First Love [Completed]Where stories live. Discover now