part 1

106 4 1
                                    

ကြီးကျယ်​ခန်းနားလှသည့်​ မင်္ဂလာပွဲခန်းမကြီး။
ခန်းမအဝင်​ဝတွင်​ကားတစ်​စီးထိုးရပ်​လာသည်​၊
ကား၏အ​နောက်​ခန်းမှ ဆင်းလာ​သော "မ"
ကား​ပေါ်မှဆင်းဆင်းခြင်းမြင်​လိုက်​ရသည်​က...
အဝင်​ဝ ​ဘေးနှစ်​ချက်​မှာ​ထောင်​ထား​သော
မင်္ဂလာဓာတ်​ပုံပိုစတားကြီးကိုပင်​။ပိုစတာ ထဲမှ
မောင်​နဲ့​မောင့်​ရဲ့ဇနီ ပုံ​လေး။သူမ သတိထားမိပါသည်​။
ခန့်​မှန်းစရာမလို ​မောင်​ ၏မျက်​နှာအ​နေအထား
မ​ကောင်းသည်​ကို​လေ။သူမ အသက်​ပြင်းချရုံမှ
တစ်​ပါး...

"ငါ့တူမ"

"ရှင်​"

ကားဆရာ၏ ​ခေါ်သံ​ကြောင့်​ သူမ အ​တွေးများ
ပျောက်​ပြယ်​ပြီး။

"အပြန်​ဆို ဖုန်းဆက်​လိုက်​လို့​ပြောမလို့ပါ။
ကျွန်​​တော်​သွားစရာရှိလို့။"

"အွန်း...ရပါတယ်​ရှင့်​..."

သူမ ​မောင်းထွက်​သွား​သော ကားကိုကြည့်​ပြီး
ခန်းမအဝင်​ဆီအကြည့်​ပြန်​ပို့မိပါသည်​။
ဝင်​ဖို့ရန်​ပင်​ သူမတွန့်​ဆုတ်​​နေမိသည်​။

"ဟယ်​။
ဆရာမ​လေး မလား။"

ထိုတွင်​ သူမလက်​​မောင်​လာကိုင်​ကာ​ပြော​သော
အဖွားတုန်​၊သူမ မှတ်​မိသည်​​လေ ​မောင်​​ရဲ့ အဖွား ၊အဖွားတုန်​ အဖွားအရင်း​တော့မဟုတ်
မောင့်​ အဖွားရဲ့ညီမအငယ်​ဆုံးပင်​ဖြစ်​သည်​။
အဖွားတုန်​မှာ အရင်​တုန်းကအတိုင်​ပင်​၊
ကျန်းကျန်းမာမာ သွက်​သွက်​လက်​လက်​...ရှိလှသည်​။

"ဆရာမ ​လေးဟုတ်​တယ်​မလား​တော်​"

"အဖွားတုန်း...က သမီးကို ဘယ်​လိုမှတ်​မိ။"

"ဒီမျက်​နှာကို လမ်း​ဘေး​ရွှံ့အိုင်​ထဲလှဲချပြီး ထလာရင်
တောင်​မှတ်​မိတယ်​​တော်​"

"အဖွားတုန်​...ကအရင်​တိုင်းပဲ​နော်​။"

"​အေး​တော့်​...​အရင်​တိုင်းဆို​ပေမဲ့လဲ အခုလို
အသက်​ကြီးလာ​တော့ ​နေရထိုင်​ရခက်​တယ်​ကွဲ့"

"ကျန်းမာ​ရေးဂရုစိုက်​ပါ အဖွားတုန်​ရယ်​။"

"​အေး​အေး...အခု သမီးမင်္ဂလာပွဲလာတယ်​မလားကွဲ့
လာ...လာ ဝင်​မယ်​။"

မုန်းခွင့်​...Where stories live. Discover now