1st Unknow Call

2.6K 171 11
                                    


Unicode

မင်္ဂလာပါ ဦးဦး ဟတ်ဒစ်စတန်.....။

ဒါက ကျွန်တော်ပြောမယ့် ခင်ဗျားအကြောင်းတွေပါ......။

ကျွန်တော် ခေါ်ဆိုလိုက်တ့ဲ
တယ်လီပသီ ကောလ် တစ်ခုဖြစ်ပြီး
ခင်ဗျားအတွက်ကတော့ unknow ကောလ် တစ်ခုပေါ့...။

ကျွန်တော် ခင်ဗျားကို နှောက်ယှက်တာ
မဟုတ်ပါဘူး။ နောက်ဆုံးဖြစ်ချင်ဖြစ်သွားနိုင်တ့ဲ ခင်ဗျားနဲ့ပတ်သတ်သော ကျွန်တော့်မှတ်ဉာဏ်တွေကို မျှ‌ေ၀ချင်တ့ဲ
စိတ်သက်သက်နဲ့ရယ်ပါ...။

ကျွန်တော် မူးရူးပြီး ခင်ဗျားကို နှောက်ယှက်နေတာ မဟုတ်ပါဘူး။

၀န်ခံရရင် နည်းနည်းမူးနေတယ်ဆိုပေမယ့် ခင်ဗျားကို လွမ်းဖို့တော့ ကျွန်တော် တတ်နိုင်ပါသေးတယ်....။

ခင်ဗျား တိမ်တွေကို ငေးကြည့်ဖူးပါသလား။

ဘယ်ဆီလွင့်ပြယ်သွားမှန်းမသိပဲ ဖမ်းဆုပ်ရခက်တ့ဲ တိမ်တွေလေ....။

ကျွန်တော်သေလောက်အောင်လိုချင်လို့
ဖမ်းဆုပ်ချင်ပေမယ့် လေထဲမှာ
လွင့်ပြယ်သွားတ့ဲ တိမ်တွေ......။

ဟုတ်တယ်.....ကျွန်တော် ဖမ်းဆုပ်ချင်တ့ဲ
တိမ်တွေက အတိအကျ ခင်ဗျားပဲ
ဦးဦးဟတ်ဒစ်စတန်....။

ကလေးကလား ရူးကြောင်ကြောင်စကားတွေလို့ ခင်ဗျားထင်နေတယ်မဟုတ်လား.....။

မတတ်နိုင်ဘူး ခင်ဗျားရယ်...။

ကျွန်တော့်စိတ်က
ခင်ဗျားကိုပြောချင်နေတာလေ......။

ခင်ဗျားသရုပ်ဆောင်ထားတ့ဲ စိတ်ကူးရင်သက်သက် ကာရိုက်တာနဲ့စိတ်ခံစားချက်ကိုတောင် တစ်ကယ်ဖြစ်တည်နေတာလို့
ကျွန်တော်က သတ်မှတ်ထားတ့ဲ သူလေ...။

ကျွန်တော်က ခင်ဗျားအစ်ကို သောလ်ကို
မြင်တိုင်း ခင်ဗျားအတွက် မခံမရပ်နိုင်စိတ်နဲ့
ခပ်တိုးတိုး ဆဲရေးမိနေတတ်တဲ သူကိုး...။

ကျွန်တော်ပြောတော့ ခင်ဗျားကရယ်တယ်။

" မင်းက သိပ်ကိုစိတ်ကူးရင်ဆန်တ့ဲ
ကလေးပဲ Bonnie" 

ကြွက်ကလေးကြောက်အောင်
ခြောက်လှန့်တ့ဲကြောင်လေသံနဲ့ ခင်ဗျား
ငေါက်ချင်ယောင်ဆောင်တယ. ..။

Unknown Call (Completed)Where stories live. Discover now