1⬅

5.4K 284 40
                                    

Thirdperson View~

" Tae, အထဲကိုဝင်လာခဲ့တော့ "

Taehyung ထိုအသံကိုကြားလိုက်သည်နှင့် သူ့ရယ့် mask ကိုဆွဲတင်
လိုက်ရင်း ထွက်လာလိုက်သည်။ လမ်းလျှောက်နေရင်း သူ့ရယ့် ပုံစံသည်
တဖြည်းဖြည်း ဖြင့် သေနတ်ကိုင်ထားသော အစောင့်အဖြစ်ပြောင်းသွားတော့
သည်။ သူလည်း ပြုံးလိုက်ရင်း တံခါးနား၌ ရပ်နေသော အစောင့်တွေဆီကို
လျှောက်သွားလိုက်သည်။

" Hey~ Ruby....မင်းကလည်းကြာလိုက်တာ။ "

အစောင့် ၃ယောက်ထဲက ၁ယောက်ကTaehyung ရယ့်ပုခုံးကိုဖက်လိုက်
ရင်း ပြောလိုက်သည်။ Taehyung ထိုလူရယ့် လက်တွေကို သူ့ပုခုံး
ပေါ်ကနေ ဖယ်ချင်စိတ်ကို မနည်းထိန်းလိုက်ရင်း မူမပျက်နေလိုက်မိသည်။
အခုချိန်၌ သူဘာမှ မှားသွားလို့မရပါ။

" Sorry....ဒါနဲ့ Round လှည့်ပြီးပြီလား? "

Taehyung ရယ့်နဂိုမူလအသံသည် ပျောက်သွားပြီး ခပ် ဩဩနှင့်
အသက် ၃၀ကျော် အစောင့် (Ruby)ရယ့်အသံဖြစ်နေသည်။ သူ့စကား
ကိုကြားသော တံခါးနား၌ အရက်သောက်နေသော အစောင့်တစ်ယောက်က
ခေါင်းခါပြရင်း....

" ဒီနေ့ မင်းအလှည့်လေRuby....လူလည်ကျမယ်မကြံနဲ့။ ကိုယ့်အလုပ်
ကို ပြီးအောင်လုပ်။ "

ထိုစကားကြောင့် Taehyung မပြုံးမိအောင်နှုတ်ခမ်းကို မနည်းဖိကိုက်
ထားလိုက်ရသည်။ သူလည်း ပုခုံးပေါ်က လက်ကိုဖယ်ချလိုက်ရင်း....

" ငါအခုသွားလိုက်မယ် "

" သွားလေ။ ဒါပေမယ့် သတိတော့ထားနော် ~ အရင်တစ်ခါလိုဖြစ်မယ်
သူတို့ရယ့် Cellတွေအနားကိုမကပ်နဲ့ အဝေးကပဲ စစ်ကြားလား? "

" ဘယ် Cellလဲ? "

" Wtf! Ruby....မင်းကို ငါမနက်ကတင်သေချာပြောထားတယ်လေ "

ထိုအစောင့်က မျက်မှောင်ကြုတ်လိုက်ရင်း Taehyungကိုသေချာကြည့်
ကာမေးလိုက်တော့ Taehyung လည်းလန့်သွားရသည်။ ထိုလူပြော
တာသည် အစောင့်အစစ်ကိုဖြစ်သည်။ ဒါပေမယ့် သူသည် Rubyဆိုသော
လူအစစ်မှ မဟုတ်တာ။

" S-sorry....ငါ--ငါ မေ့သွားလို့။ ဟီး ပြန်ပြောပေးပါလား? "

" Cell 1-B,2B,3B,4C,5C,6D ~ အဆိုးဆုံးက 6Dဆိုတာ
မင်းသိတယ်မလား? "

Dark Side◾Jjk × KthWhere stories live. Discover now