အစ ၏ အဆုံး

1.7K 138 39
                                    

 
RAINBOW

သက်တံ့တံတား

…………

ဆာကူရာတွေဟာ မိသားစု ကိုရည်ညွှန်းတယ်...။
ရွှေရောင်ဟာ ထာဝရ လို့အဓိပ္ပာယ်ရတယ်... ။

ဆာကူရာတွေဟာ ရွှေရောင်ရှိပါသလား...... ။

…………

ရွှေရောင် ဆာကူရာ......။
လည်တိုင်ဖြူ ဖြူ လေးဆီမှာ ဆာကူရာပွင့်ပုံ ရွှေရောင်လော့ကတ်သီးလေး ရှိနေတယ်...။

တုန်ယင်နေတယ် ။ လှပတဲ့ လက်သွယ်သွယ်လေးရယ်... ဖိကိုက်ထားခြင်းခံရတဲ့ နှုတ်ခမ်းပါးနီနီလေးရယ်... ။

ပန်းနုရောင်အင်္ကျီရှည်ဟာ ကြေမွနေတဲ့ထိဆုတ်ချေထားခံရတယ်။ ရင်ညွှန့်ကနေစလို့ ပွယောင်းနေအောင် ချုပ်ထားတဲ့ အသားရောင်အင်္ကျီမှာ အနားကွတ်ဇာအဖြူ လက်အနားတချို့က စုတ်ပြဲစပြုနေပြီ ။

ရွှေရောင်ထိပ်ဖျားနဲ့ ဖောင်တိန်ထဲမှာ မင်ရည်မဲမဲတွေအပြည့်... ။ဖောင်တိန်ရဲ့ထိပ်ဖျားဟာ ခပ်ဝါဝါစာရွက်လေးကို ထိတွေ့ဖို့ ပြင်လိုက်ပြီးချိန်မှ ရပ်တန့်သွားတယ် ။ မတ်တပ်နာရီကြီးဆီက ချိန်သီးလွဲသံက တတောက်တောက်... ။

အချိန်အတော်ကြာ အားယူပြီးနောက်မှာ စာရွက်ရဲ့ဘယ်ဘက်ထိပ်ဖျားပေါ်ကို စာလုံးတချို့ ပြေးဆင်းသွားတယ်... ။

စာရွက်တစ်ရွက်... နောက်တစ်ရွက်...... ပြီးတော့... နောက်တစ်ရွက်.........။

မင်တံလေးဟာ အရှိန်နဲ့ ပြေးလွှားနေတယ် ။

*ပြန်တွေ့ကြမယ်...... ။
သက်တံ့တံတားပေါ်မှာ အတူတူ လမ်းလျှောက်
ကြမယ်... ။

ပြန်တွေ့ကြရင်.........

ပြန်တွေ့ကြရင်လေ............ *

ဖောင်တိန်လေးဟာ လက်ထဲက လွတ်ကျသွားတယ် ။

နာကျင်မှု......။ဝမ်းဗိုက်ထဲက ဆုတ်ဖြဲနေသလို နာကျင်မှုက စူးစူးဝါးဝါး ပါလား ။

နှုတ်ခမ်းလေးက ပြုံးနေတယ် ။ မှေးကျဉ်းတဲ့ မျက်ဝန်းလေးတွေရဲ့ ထောင့်ဆီကကြည်လင်တဲ့ ရေတံခွန်လေးတွေ စီးဆင်းလို့။

နှလုံးသားကတော့ တဒိတ်ဒိတ်ခုန်နေတယ် ။

……………

သို့ ။ ။
အရှေ့ပိုင်းစစ်ဌာနခွဲ ၊
တောင်ပိုင်းတပ်ရင်း၊ ဆေးတပ်ခွဲ၊
ဆေးတပ်မှူး ၊
ဒေါက်တာ ချန်းယောလ် ။

မှ။ ။
အရှေ့ပိုင်းစစ်ဌာနချုပ် ၊
အရှေ့ပိုင်းစစ်ဘက်ဆိုင်ရာဆေးတပ်ရင်း ၊
ဆေးတပ်ကြပ် (နား) ၊
ဒေါက်တာ ဘတ်ဟျွန်း ။

ရက်စွဲ ။ ။ ၁၄ရက် ၊ ဇွန် ၊ ၁၈၉၈ ။

…………

သက်တံ့တံတား စတင်ခြင်း...
……………

Inspired by

*Violet Evergarden*
&
How cruel the Maple

RAINBOW (သက်တံ့တံတား) |[completed]|Where stories live. Discover now