Part 1

86 1 0
                                    

"Tessa!!"

"Tessa" ဆိုပြီး  အောက်ထပ်မှ မေမေ ခေါ်သံကို ရုတ်တရက် ကြားလိုက်ရသည်။အိပ်ရာထဲ ဇိမ်ကျနေရာမှ မေမေခေါ်သံကြောင့် "Tessa" စိတ်ပျက်စွာကိုယ့်ကိုကိုယ်ညည်းညူမိသည်။သူမအချိန်ယူဖို့လိုအပ်နေသည် ဒီနေ့သည် သူမလတိုင်းကြိုးစားခဲ့ရတဲ့  ယှဉ်ပြိုင်မှုတွေအတွက် နောက်ဆုံးမနက်ခင်းသာ ဖြစ်သည်။သူမအတွေးဆုံးသည်နှင့်တပြိုင်နက်စောင်ကိုဆွဲယူလိုက်ပြီး ခေါင်းထိလုံအောင်ပြန်ခြုံလိုက်သည်။

"Tessa!!" မေမေ ခေါ်သံထပ်ကြားရပြန်ပြီ!

"လာပြီ မေမေရေ" သူမကျယ်ကျယ်လေး ပြန်အော်လိုက်သည်။အောက်ထပ်မှာတော့ ကြောင်အိမ် ပိတ်သံ၊ ဖွင့်သံတွေနဲ့အတူ ကသုတ်ကရက် မနက်စာပြင်နေတဲ့ မေမေအသံကို "Tessa" ကြားနေရသည်။သူမ အစာအိမ်ကလည်း အချက်ပြနေပြီမို့ ရေချိုးခန်းဆီခြေလှမ်းပြင်လိုက်တော့သည်။အဲ့ဒီနောက်တော့ ရေချိုးဖို့စပြင်တော့သည်။လွန်ခဲ့သောနှစ်တွေတုန်းက သူမရဲ့ အချိန်တွေအားလုံးကို ကောလိပ်တက်ဖို့အတွက် ကြိုတင်မျှော်မှန်းပြီး စာကြိုးစားရင်းသာ ကုန်လွန်ခဲ့သည်။သက်တူရွယ်တူသူငယ်ချင်းတွေေ သာက်စားလိုက်၊ party သွားလိုက် အချိန်ဖြုန်းပြီး သူတို့ရဲ့ အနာဂတ်တွေ ထိခိုက်နေချိန်မှာ သူမရဲ့ အားလပ်ရက်တွေကတော့ စာလေ့လာရင်း ပြင်ဆင်ရင်းသာ ကုန်ဆုံးခဲ့ရသည်။တစ်နေ့မှာတော့  Washington State University ကနေ ကျောင်းဝင်ခွင့်စာကို သူမရရှိခဲ့ချိန်မှာ အရမ်းကို စိတ်လှုပ်ရှားပျော်ရွှင်ခဲ့ရသည်။ဒီကျောင်းမှာ တက်ခွင့်ရဖို့ သူမကြိုးစားခဲ့ရတာ မဟုတ်လား စာလက်ခံရရှိပြီးသည့်တိုင်အောင် သူမရဲ့ စိတ်လှုပ်ရှားမှုတွေကမပြေသေးပါ။မေမေကတော့ "Tessa" အတွက် ဂုဏ်ယူလွန်းလို့ နာရီပေါင်းများစွာ ငိုကြွေးခဲ့တယ်။နောက်ဆုံးတော့ သူမခက်ခဲစွာကြိုးစားခဲ့ရတာတွေ တစ်ခန်းရပ်သွားခဲ့ပြီ။သူမအတွက် Washingtonမဟုတ်သော ကောလိပ်ကို သွားဖို့တွေးတောခဲ့သေးသည်။နောက်ဆုံးတော့ သူမထိုအရာနှင့်ဆန့်ကျင်ဘက်ကိုသာ ဆုံးဖြတ်ချက်ချမိသည်။ဘာလို့လဲဆိုတော့ မေမေရဲ့  ချမှတ်ထားတဲ့ လမ်းကြောင်းတွေ ရွေးချယ်ထားမှုတွေနဲ့ဘဲ သူမနေသားကျလာခဲ့တာ ကြာပြီလေ။

ရေပူတွေ သူမကြောပြင်ပေါ်ကျလာမှ " ငါဒီရေချိုးခန်းထဲမှာ ဘယ်လောက်တောင်အတွေးလွန်သွားပါလိမ့်!!"  "Tessa" လည်း ခပ်မြန်မြန်ဘဲ ခေါင်းလျှော်ရေချိုးလိုက်သည်။

ရေစိုနေတဲ့ ခန္ဓာကိုယ်ကို သဘက်နဲ့ ပတ်ပြီး ရေချိုးခန်းမှ ထွက်လာစဉ် မေမေဆီမှ သူမနာမည်ကို ထပ်ခေါ်သံ ကြားလိုက်ရသည်။သူမမကြားချင်ယောင်ဆောင်နေလိုက်သည် သူမသိတာပေါ့ သူမကောလိပ် သွားရမယ့်နေ့အတွက် မေမေစိတ်လှုပ်ရှားနေတယ်ဆိုတာ ဒါပေမဲ့ ဒီနေ့အတွက် သူမအစတည်းက လတိုင်း အစီအစဉ်တကျ ပြင်ဆင်ခဲ့ပြီးသားပါ။မကြာမီ သူမ ကောင်လေး "Noah" သူမနှင့် မေမေကို ကားမောင်းလိုက်ပို့ဖို့အတွက် လာတော့မည်။"Noah" က သူမထက် အတန်းတစ်တန်းငယ်သည်။သူမစိတ်ထဲမှာတော့ "Noah " ကို Kindergarten မှာ တစ်နှစ်နောက်ကျပြီး ကျောင်းထားတဲ့ သူ့ မေမေကိုအကြိမ်တစ်ရာလောက် အပြစ်တင်နေမိသည်။"Noah" က ကျောင်းမှာ အမြဲတမ်း အမှတ်ကောင်းသောသူဖြစ်ပြီး ဥာဏ်ရည် ဥာဏ်သွေးထက်မြက်သူဖြစ်တာကြောင့် သူမလိုဘဲ နောက်နှစ်ကို Washington State University ကိုဘဲ  တက်ဖြစ်မယ်ထင်တယ်လို့ တွေးမိသည်။သူသာ အတူတူ ကောလိပ်လိုက်တက်ရင် ကောင်းမှာဘဲလို့ သူမဆုတောင်းမိသည်။ဘာလို့လဲဆိုတော့ ကောလိပ်မှာ သူမနဲ့သိတဲ့သူမရှိလို့ အားငယ်မိသည်။သူမအတွက် သင့်တော်ပြီး ရည်မွန်တဲ့ အခန်းဖော်တစ်ယောက်တော့ လိုချင်မိတယ် ဒါမှလည်း တစ်ခုခုဆိုသူ့ ကို မေးလို့ရမှာလေ။

"Tessa!!"

"ဆင်းလာနေပြီ မေမေရေ, ကျေးဇူးပြုပြီး နောက်တစ်ကြိမ်နာမည် ထပ်အော်ခေါ်မနေပါနဲ့တော့!!"သူမအော်ပြောပြီး အောက်ထပ်သို့ဆင်းလာခဲ့သည်။






မင်းနဲ့အတူတူရှင်သန်မယ်(After)Where stories live. Discover now