Jealous Boyfriend

11.3K 917 79
                                    

((Zawgyi))

အိမ်ရှေ့က password ရိုက်နှိပ်နေသံက တတီတီ နဲ့...။
ခဏတာ တိတ်ဆိတ်သွားတဲ့ အသံလေးနောက်မှာ ဝုန်းခနဲ တံခါး ဆွဲဖွင့်သံက ကပ်လျက်..။
အိမ်ထဲ ရောက်ရောက်ချင်း အော်လာတဲ့ အသံက စူးခနဲ..။

”ခင်ဗျားနဲ့ ပြတ်မယ် parkchanyeol ”

ထပ်စလာပြန်ပြီ
ဒီတစ်ခါရော ဘာကိစ္စနဲ့ ပြတ်မယ် ပြောပြန်ပြီလဲ မသိ.. ။
ကြည့်နေတဲ့ ဇာတ်ညွှန်း ဒိုင်ယာလော့ကို စားပွဲခုံပေါ် တင်လိုက်ပြီး အိမ်အဝကနေ ကြုံးအော်နေတဲ့ ကောင်ငယ်လေးစီ လျှောက်လှမ်းသွားမိသည်။

”အိမ်ထဲ လာလေ
ဖိနပ်ချွတ်မှာပဲ နေတော့မှာလား bae ”

အိမ်ထဲ မဝင်လာသေးဘဲ တံခါးဝ ဖိနပ်ချွတ်နေရာမှာ ရပ်နေပုံလေးက မာန်မကျသေးဟန်နဲ့ ကိုက်တော့မဲ့ ခွေးပေါက်သေးသေးလေးသဖွယ်

ပြတ်မယ် အကြောင်းကို ပြောတာ ဒီတစ်ခါနဲ့ဆို ဘယ်နှကြိမ်မြောက်မှန်းတောင် chanyeol မမှတ်မိချင်တော့
ပြတ်မယ် ပြောတိုင်းလည်း အိမ်ထိ လာပြီး ပြောတယ်
လုပ်နေတဲ့ အလုပ်ကသာ တက္ကသိုလ်က ဆရာ
အပြုအမူတွေက မူကြိုကလေးသဖွယ် သာ ရှိတဲ့ ကောင်လေး

ဒါပေမဲ့လည်း chanyeol သေးသေးလေးတောင် စိတ်မဆိုးရက်
သဝန်တိုခြင်း ကပ်ပါလာတဲ့ လမ်းခွဲလိုမှု ဖြစ်တာကြောင့် အမြဲရှင်းပြပြီး သူတို့ဆက်ဆံရေးကို ပြန်လည် တည်ဆောက်ခဲ့တာပဲ အခါပေါင်းမနည်းတော့
လမ်းခွဲလိုခြင်းရဲ့ အဓိက ခေါင်းစဉ်က မချစ်လို့ မဟုတ်ဘဲ
အချစ်လွန်ခြင်းရဲ့ နောက်ဆက်တွဲ သဝန်တိုမှု ဖြစ်တာကြောင့် ဒီကောင်လေးကို ပိုလို့ မြတ်နိုးရပါတယ်

အိမ်ပေါ်အဝမှာ ရပ်နေတဲ့ chanyeol ကို ဆောင့်အောင့်စွာပဲ တွန်းတိုက်ပြီး အိမ်စီးဖိနပ် မွှေးပွအပြာလေးကို စီးကာ
ခုန chanyeol ထိုင်နေရာ အညိုရောင်ဆက်တီခုံပေါ် သွားထိုင်နေတဲ့ ကောင်ငယ်လေးကို ချစ်ချင်း အပြည့်ပါတဲ့ မျက်ဝန်းတွေနဲ့သာ ကြည့်လိုက်ပြီး
ကောင်ငယ်လေး ရှိရာ ဘေးနေရာကို ရောက်လာမိသည်။

စိတ်ကောက်နေတယ်ပဲ ပြောရမလား
သိပ်ကို သဝန်တိုတတ် လွန်းတဲ့ ကောင်ငယ်လေး ရဲ့ ဆက်တီပေါ် ချထားတဲ့ လက်ဖဝါးနုနုတစ်ဖက်ကို ဆွဲယူပြီး မိမိ လက်ဖဝါးနဲ့ ဆုပ်ကိုင်ထားလိုက်သည်။

My Jealous BoyfriendWhere stories live. Discover now