ခင်

35 3 0
                                    

(၁)

ခင်

(၂)

ဘာမှမဟုတ်ဘဲတော့
အလုပ်ရှုပ်ခံ.. ကဗျာမရေးဘူး
ဟောဒီမှာ
(ရင်ဘတ်ကို ညွှန်ပြလျက်)
နွေးနေတုန်းပဲ..
ခင့်အငွေ့အသက် တစ်ဝက်နဲ့လေ

ဒီကောင်
ဘာလုပ်ရမလဲ
လောကဓံအထပ်ထပ်နဲ့
ကွဲပြဲလို့သာနေတော့တာပဲ
ဂျင်းဘောင်းဘီဒူးပြဲ
မိုးပြာရောင်လက်ရှည်
(လက်ခေါက်ပင့်ထားတယ်ထင်ရဲ့)
တေလေလမ်းထိပ်မှာနေတယ်

ရောဂါကတော့ကျွမ်းရှာပြီ
ခင့်ဇောနဲ့ဆိုတော့
သေဖို့တော့မလောသေးဘူး
ဖြည်းဖြည်းချင်းပေါ့
မဟုတ်ဘူးလား      ။

(၃)

ဘာလို့ကဗျာရေးလဲ..

ချစ်လို့ ...
ချစ်လို့ ...
ချစ်လို့ ...
ချစ်လို့ ...
ချစ်လို့ ...
ချစ်လို့ ...

သေချာပြီလား

နာကျင်ရလို့ပါဗျာ။

(၄)

လက်တွေ့ဘဝထဲကနေ ထခဲ့တော့
အိပ်မက်မက်ချိန်ရောက်ပြီ
ခြောက်နာရီလက်တံ
ကော်ဖီခွက်ကိုလက်ညိုးငေါက်ငေါက်ထိုး

ခင်     ရေ  . . .

မကယ်နိုင်တော့ဘူးလား။

ကျောင်းသွား
ကျောင်းပြန်
ဂစ်တာတီး... ဆေးလိပ်သောက်
ခင်ဗျားဟာက မလွန်လွန်းဘူးလား
ခင့်အကြောင်းမပါဘဲ
အိပ်မက်တောင် မမက်ခဲ့တဲ့ကောင်
ခုတော့...
မလွန်လွန်ဘူးလား။

ဆရာဝန်ဆီက
ဆေးစာရွက်လေးရခဲ့တယ်
မသေချင်ရင်... ခင့်ကိုမေ့ပါ
(ဪ)
မထူးဘူး
မထူးဘူး
မထူးဘူး
ဘာမှထူးမသွားဘူး

သေမိန့်စာရွက်လေးကို
အမြတ်တနိုးကြည့်ရင်း
နေညိုသွားတယ်
နို့..နေပါဦး
နေဟာ ညိုတတ်သလား
နေဟာ အဝါမဟုတ်ဘူးလား
နေဟာ ရောင်ခြည်တစ်ထောင်မဟုတ်ဘူးလား

နေဟာ အညိုမဟုတ်
နေဟာ အဝါမဟုတ်
နေဟာ ရောင်ခြည်တစ်ထောင်မဟုတ်
နေမှာ အဆွေးရောင်ကြီးနဲ့ပါအစ်ကိုတို့ရာ
မနောက်ကြစမ်းပါနဲ့

You've reached the end of published parts.

⏰ Last updated: Sep 09, 2019 ⏰

Add this story to your Library to get notified about new parts!

ခင်Where stories live. Discover now